B B C
ဘီဘီစီမြန်မာပိုင်း
သူတို့အပြောအရ အာဆာလို့လူသိများတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် အဖွဲ့ဝင်တွေ ဘက်က ပြန်လုပ်လာတယ်လို့ဆိုပါတယ်။
B B C
ဘီဘီစီမြန်မာပိုင်း
HRW
2013 Report
၂၀၂၂ ခုနှစ်ဟာ ယူကရိန်းကနေ တရုတ်နဲ့အာဖဂန်နစ္စတန်အထိ ကမ္ဘာတလွှား လူ့အခွင့်ရေးအခြေအနေ အဆိုး ဝါးဆုံးဖြစ်ခဲ့တယ်လို့ နယူးရောက်အခြေစိုက် လူ့အခွင့်ရေးအဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ကြာသ ပတေးနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေး ထုတ်ဖေါ်ပြော ဆိုသူ တွေအများအပြား ထွက်ပေါ်လာခဲ့တာတွေ့ရကြောင်း နိုင်ငံပေါင်း ၁၀၀ လောက်က လူ့အခွင့်ရေးအခြေအနေတွေ ကို တင်ပြထားတဲ့ ၂၀၂၃ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာအယောက် ၈ဝ ထဲက တစ် ယောက်ဟာ အူအတက်ပေါက်လို့ သေဆုံးသွားပြီး ကျန်တဲ့ ၇၉ ယောက်ကတော့ စစ်ကောင်စီရဲ့ သန်လျင်မြို့နယ် တရားရုံးကနေ ဇန်နဝါရီ ၁ဝ ရက်နေ့မှာ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံလိုက်ရပါတယ်။
အမိန့်ချခံရပြီးနောက် ဇန်နဝါရီ ၁၁ ရက်နေ့မှာ အသက်ပြည့်ပြီးသူတွေကို အင်းစိန်ထောင်ကို ပို့ဆောင်ပြီးအသက် မပြည့်သေးသူတွေကိုတော့ လူငယ်သင်တန်းကျောင်းတွေကို ပို့တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။
ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ သန်လျင်၊ မရမ်းကုန်းမြို့နယ်နဲ့ ရွှေပြည်သာတို့မှာ ဇန်နဝါရီ ၂ ရက်ကနေ ၆ ရက်အ တွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ ၁၄၈ ဦးထဲက ၇၇ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီ က ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သန်လျင်မြို့နယ်တရားရုံးမှာ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ရိုဟင်ဂျာ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၂ ဦးတို့ ကို လဝကဥပဒေပုဒ်မ ၆(၃) နဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တာ ဖြစ်တယ်လို့ ရှေ့နေတဦးက ပြောပါတယ်။
B B C
ဘီဘီစီမြန်မာပိုင်း
၂၀၂၃ ဇန်နဝါရီ ၉ ရက် ။ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလာဒေရှ့် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၃၅၁၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင် ကျော် မိုးက ဘီဘီစီကို ပြောပါတယ်။
၂၀၂၂ ခုနှစ်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရိုဟင်ဂျာတွေ အများဆုံးဖမ်းဆီးခံခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ သူတို့ပြု စု ထားတဲ့ စာရင်းဇယားတွေကိုအခြေခံပြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာရင်း သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာ နှစ်ရာနီးပါးရှိပြီး အများစုက ပင် လယ် ပြင်မှာသေဆုံးခဲ့ရတာလို့ သူကဆက်ပြောပါတယ်။
မဇျ္စိမ
AFP
10 January 2023
BNI
Tuesday, January 10, 2023
ရန်ကုန်တိုင်းဒေသကြီးတွင် ဇန္နဝါရီလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ တပတ်တာ ကာလအတွင်း ရိုဟင်ဂျာဦးရေ ၁၃၆ ဦးအထိ ဖမ်းဆီးခံရသည်ဟု ရိုဟင်ဂျာများအရေး လုပ်ဆောင်နေသူများက ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသည့်အထဲတွင် အမျိုးသား ၇၀ ဦးနှင့် အမျိုးသမီး ၆၆ ဦးပါဝင်ပြီး အသက် ၁၈ နှစ်အောက် အမျိုးသားတစ်ဦး ပါဝင်သည်ဟု ပြောသည်။
ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ နှင်းပန်း ၁ လမ်း၊ အိမ်အမှတ် ၄၅ တွင် ပြီးခဲ့သည့် ဇန္နဝါရီလ ၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ရိုဟင်ဂျာ ၂၇ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ပြောသည်။
DVB
10 January, 2023
RFA
RFA Burmese
2023.01.06
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ နှင်းပန်း (၁) လမ်းက အိမ်အမှတ် - ၄၅ မှာ ရိုဟင်ဂျာ ၂၇ ဦးကို ဒီနေ့ ဇန်နဝါရီ လ ၆ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ခုနစ်ဦးတို့ ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ယောကျာ်းလေးက ၁၉ ယောက်၊ မိန်းကလေးက ငါးယောက်၊ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်က ယော ကျာ်းလေး တစ်ယောက်၊ မိန်းကလေးက နှစ်ယောက် စုစုပေါင်း ၂၇ ယောက်မိတာ”
DVB
6 January, 2023
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်၊ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်မှာ ဇန်နဝါရီ ၆ ရက် ဒီနေ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရ ပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သတင်းပေးချက်အရ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်ကို ဝင်ရောက်စစ်ဆေး ရာ ရိုဟင်ဂျာ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း က စစ်ကောင်စီတပ်နဲ့ ရဲတွေ ဧည့်စာရင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူ တွေဆီက သိရပါတယ်။
ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ဒီနေ့မနက် ၂ နာရီက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဧည့်စာရင်းစစ်ပြီး ဖမ်းတာ၊ အိမ်ငှားနေတဲ့အခန်းမှာ မိတာ၊ အိမ်ရှင်လည်း ထွက်ပြေးနေတယ်။”
RFA
RFA Burmese
2023.01.03
RFA
RFA Burmese
2023.01.03
RFA
RFA Burmese
2022-12-28
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်ပြဿနာ မပြီးဆုံးသေးသလို အာဆီယံမှာလည်း ဒုက္ခသည်ပြဿနာကို မဖြေရှင်း နိုင်သေးပါဘူး။
RFA
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.12.28
ဒီနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ အန္တရာယ်များပြီး အသက်ဆုံးရှုံးနိုင်ခြေများတဲ့ပင်လယ်ပြင် ခရီးကို ထွက်လာကြတဲ့ ရိုဟင်ဂျာ ၂၄ဝဝ လောက်ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ခန့်မှန်းထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် ငါးဆ ပိုများလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ၁၇၄ ဦး တင်ဆောင်လာတဲ့ လှေတစ်စင်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အာချေးပြည် နယ်မှာ ဒီဇင်ဘာ ၂၇ ရက်က ဆိုက်ကပ်ခဲ့ပြီး အခုရက်သတ္တပတ်တွေအတွင်း ပင်လယ်ပြင်မှာ တခြားရိုဟင်ဂျာ အယောက် ၂၀ လောက် သေဆုံးဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။
ဒုက္ခသည်အများစုဟာ ပင်လယ်ပြင်မှာ ရက်သတ္တပတ်တွေချီ ကြာမြင့်ခဲ့လို့ အများစုက ရေဓာတ် ခန်းခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ခံစားခဲ့ကြရပြီးတော့ အရေးပေါ်ဆေးကုသမှုတွေ လိုအပ်နေတဲ့အတွက် ဒုက္ခသည်တွေ ကို အာချေးပြည်နယ် ပိုင်ဒိုင်းခရိုင်ရှိ အလယ်တန်းကျောင်းမှာ ယာယီနေရာချထားပေးပါတယ်။
လတ်တလော ရောက်လာကြသူ အများအပြားရဲ့ပြောကြားချက်အရ သူတို့လှေပေါ် ပါလာသူတွေထဲကအယောက် အယောက် ၂၀ လောက် သေဆုံးခဲ့ကြောင်း သိရပြီး သူတို့ဟာ ပိုကောင်းတဲ့ ဘဝကို ရှာဖွေဖို့ အင်ဒိုနီးရှားကို လာခဲ့ တာလို့ ဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကို ဖြတ်သန်းပြီး အရှေ့တောင်အာရှ နိုင်ငံတွေကို သွားရောက်ဖို့ ကြိုးပမ်းနေတာကို တားဆီးဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၂၇ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်အရေးဆိုင်ရာမဟာမင်းကြီး မိုဟာမက် မစ်ဇနာ ရာမန်က ပင်လယ်ပြင်မှာ ဘယ်လောက် အန္တရာယ်ကြီးတဲ့အကြောင်း ဒုက္ခသည်စခန်းတွေမှာ အသိပညာပေးဟောပြောနေသလို ဖမ်းဆီးအရေးယူတာ တွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။