" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာဒုက္ခသည်. Show all posts
Showing posts with label ရိုဟင်ဂျာဒုက္ခသည်. Show all posts

Wednesday, August 11, 2021

ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ဆေးစတင်ထိုးနှံ

VOA
ဗွီအိုအေမြန်မာပိုင်း
ဇော်ဝင်းလှိုင်
10 သြဂုတ်၊ 2021

ဥတုပလောင် ဒုက္ခသည်စခန်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့စောင့်ဆိုင်းနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ( ဓာတ်ပုံ - AFP)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး စံချိန်တင် ကူးစက်ပြန့်နှံ့နေတဲ့အချိန်မှာဘဲ ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ ဒီ ကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်ပါတယ်။ ဘယ်လိုလူတွေကို ထိုးပေးနေသလဲဆိုတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပေးပါမယ်။

Wednesday, June 16, 2021

ရိုဟင်ဂျာဒုက္ခသည် ကိုယ်ရေးအချက်အလက် စုဆောင်းမှု လုံခြုံရေး ကုလ နဲ့ ဘင်္ဂလားဒေ့ရ်ှ ပူးပေါင်းဆောင်ရွက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
16 ဇွန်၊ 2021

UNHCR ဝန်ထမ်းက Aceh ပြည်နယ်ရောက်လာသော ရိုဟင်ဂျာ အမျိုးသမီးတဦးအား စာရင်းကောက် © UNHCR/Jiro Ose

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကိုယ်ရေးမှတ်တမ်း စာရင်းပြုစုချက်တွေနဲ့ ပတ်သက်ရင် အပြည့်အ၀ ကာကွယ် ဆောင်ရွက်နေကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Tuesday, May 18, 2021

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာသန်း ၃၄၀ အကူ အညီကတိကဝတ် ရရှိ

VOA
ဗွီအိုအေမြန်မာပိုင်း
18 မေ၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ။ (ဧပြီ ၆၊ ၂၀၂၁)

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီတွေ ပေးကြဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။ လတ်တလောအားဖြင့် ၂၀၂၁ ခုနှစ်အစီအစဉ်တွေအတွက် ဒေါ်လာသန်း ၃၄၀ အကူအညီ ကတိကဝတ်ရရှိထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။ 

Wednesday, July 22, 2020

ပြစ်ဒဏ်ကျခံ ရိုဟင်ဂျာတွေကို ကြိမ်ဒဏ်မပေးဖို့ မလေးရှား အထက်တရားရုံးဆုံးဖြတ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဇူလိုင်၊ 2020
မေလ ၁၁ ရက်က မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ တရားမဝင်နိုင်ငံခြားသားတွေ ဖမ်းဆီးခံရတဲ့ မြင်ကွင်း (ဓာတ်ပုံ - U Thiha Maung Maung)

မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၂၇ ယောက်ကို ကြိမ် ဒဏ် မပေးတော့ဖို့ အထက်တရားရုံးက အမိန့်ချလိုက်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

Saturday, May 23, 2020

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအပေါ်လတ်တလော လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
23 မေ၊ 2020
မဆုမွန်
နိုင်ငံတကာခုံရုံး ICJ ကို မြန်မာအစိုးရ အစီရင်ခံစာမတင်ခင်မှာပဲ ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေထဲ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ သတင်းမှတ်တမ်းတွေ ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်တဲ့သတင်းကို မဆုမွန် ပြောပြပါမယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */