" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင္ဂ်ာ. Show all posts
Showing posts with label ရိုဟင္ဂ်ာ. Show all posts

Wednesday, December 30, 2020

ရိုဟင်ဂျာဒုက္ခသည် ဒုတိယအသုတ် Bhasan Char ကျွန်း ကိုရောက်ရှိ

 ကိုရိုနာ ဗိုင်းရပ်စ် မျိးဗီဇဖွဲ့ စည်းပုံ ဆင့်ကဲပြောင်းလဲလာတဲ့နေရာမှာ မူလဗိုင်းရပ်စ်ထက် ပိုပြီးအစွမ်းထက် လာတဲ့ သဘောတွေ့ရကြောင်း ယူကေရောက် မြန်မာသမားတော်တဦးကပြောကြားလိုက်တာနဲ့အတူ လွှတ်တော်သစ် မတိုင်ခင် ရခိုင်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပရေး အလားအလာရှိမရှိ၊ တရားမဝင်မြန်မာလုပ်သားတချို့ ထိုင်းအ လုပ်ရှင်တွေရဲ့ စွန့်ပစ်ခံရတဲ့ သတင်းပေးပို့ချက်၊ အင်္ဂါနေ့ည ဆွေးနွေးခန်း၊ ကမ္ဘာတလွှား ခရီးသွား စတဲ့ အစီအ စဉ်တွေကို နားဆင်ရမှာပါ။ 

Monday, December 28, 2020

ရိုဟင်ဂျာ ဒုတိယအသုတ်ကို ဘာဆန်ချားကျွန်းဆီ ရွှေ့ရန် ဘင်္ဂလားဒေ့ရှ် အစိုးရ ပြင်ဆင်

28 December 2020

Photo - AFP


ဒီဇင်ဘာ ၂၈၊ ၂၀၂၀

လူ့အခွင့်အရေး အဖွဲ့များက ကန့်ကွက်နေသော်လည်း မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ဒုတိယအသုတ်ကို ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ ဝေးလံသည့် ဘာဆန်ချားကျွန်းသို့ ပို့ဆောင်နေရာချထား ရန် ပြင်ဆင်နေကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြောသည်။  

လာမည့်ရက် အနည်းငယ်အတွင်း နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀၀ ခန့်ကို ဘာဆန်ချားကျွန်းသို့ ပို့မည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လက ဒုက္ခသည် ၁၆၀၀ ကျော်ကို နေရာချထားပေးပြီး ဖြစ်ကြောင်း သိရသည်။

ပြည်မြို့တွင် မွတ်ဆလင်များ တင်ဆောင်လာသည့်ကား ပုသိမ်မြို့ရှိ ဘုန်းကြီးကျောင်းမှ ဖြစ်

By မင်းထက် (ပုသိမ်)
28 December 2020

ဓာတ်ပုံ - ဟန်ထူးဇော်

ဒီဇင်ဘာ ၂၈၊ ၂၀၂၀

ပြည်မြို့တွင် ဒီဇင်ဘာ ၂၄ ရက်နေ့က မွတ်ဆလင်များ တင်ဆောင်လာသဖြင့် ဖမ်းဆီးရမိသောကားသည် ပုသိမ်မြို့ရှိ သာသနာ့ဓမ္မ ဂုဏ်ရည်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်၏ ကားဖြစ်ကြောင်း ဧရာဝတီ တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ရဲမှူးကြီး ထွန်းရွှေက ပြောသည်။

၎င်းကျောင်းတိုက်သည် ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ပန်းဆက်ရပ်ရှိ ၂၂ နှင့် ၂၃ လမ်းအကြားတွင် ရှိ သောကျောင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် ဦးအိန္ဒကနှင့် ယာဉ်မောင်းဖြစ်သူ ဂိုးလေးတို့သည် ဖမ်းဆီးရမိစဉ် ပါရှိသော မော်တော်ယာဉ်ဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီကျော်က ၎င်းကျောင်းမှ ထွက်သွားခဲ့ သည် ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်က ပြောသည်။

နောက်ထပ်ရိုဟင်ဂျာ ၁၀၀၀ ကို ကျွန်းတစ်ကျွန်းဆီပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်နေ

SBS မြန်မာ
28.12.2020

Bangladesh is set to move a second batch of Rohingya refugees from neighbouring Myanmar to the remote island of Bhasan Char. Source: Anadolu


ဒီလ အစောပိုင်းတုန်းကပဲ ရိုဟင်ဂျာ အယောက်ပေါင်း ၁၆၀၀ ကို အဲဒီကျွန်းဆီပို့ဆောင်ခဲ့တာဖြစ်ပြီး နောက် ထပ် အယောက် ၁၀၀၀ ဝန်းကျင်ကို ရက်ပိုင်းအတွင်း ပို့ဆောင်ဖို့ ရှိတယ်လို့ တနင်္ဂနွေနေ့မှာပဲ အမည်မဖော် လိုတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေကို စစ်တကောင်းကို အရင်ပို့ဆောင်ပြီးမှ ဒီရေအတက်အကျအပေါ် မူတည်ပြီး Bhasan Char ကျွန်း ကို ပို့ဆောင်မယ်လို့ ပြောပါတယ်။

Thursday, December 24, 2020

ရခိုင်ဘက်မှလာသည့် မူဆလင်အမျိုးသမီး ၁၂ ဦး၊ အမျိုး သား တစ်ဦးတို့ကို ဘုန်းကြီးကျောင်းသုံး ယဉ်တစ်စီးနှင့် အတူ ပြည်မြို့တွင်ဖမ်းမိ

နိရဉ္စရာ
အိမ်စိုးဖြူ
ဒီဇင်ဘာ ၂၄/ ၂ဝ၂ဝ

ပဲခူးတိုင်း၊ ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားအနီးတွင် ရခိုင်ဘက်မှလာသည့် ဘုန်းကြီး ကျောင်းသုံး ကားတစ်စီးပေါ်တွင် မူဆလင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့ အမျိုးသမီးများမှာ အသက် ၂ဝ ဝန်းကျင်များဖြစ်ကြပြီး ရခိုင်ပြည်နယ် မောင်တောဘက်မှ မူဆလင်များ ဖြစ်ကြောင်း၊ ဖမ်းဆီးစဉ် ယာဉ်မောင်းနှင့် သံင်္ဃာတစ်ပါး ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်မြို့နယ် ရဲမှူး သန်းဇော်ဝင်းက နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

Tuesday, December 15, 2020

လူကုန်ကူးကွန်ရက်ရဲ့ သားကောင်ဖြစ်နေရရှာတဲ့ ရိုဟင်ဂျာ များ

မဇ္ဈိမ
By AFP
15 December 2020

 Photo: AFP
ငါးဖမ်းလှေနဲ့တင်ဆောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လူမှောင်ခိုကူးသူတွေက ရက်ရက်စက် စက် ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို AFP က ရရှိခဲ့ပြီး ဒါဟာ ရိုဟင်ဂျာလူမှောင်ခိုကူးကွန်ရက်ရှေ့တန်းမျက် နှာ စာမှာ ဖြစ်ပျက်နေတာတွေကို ရှားရှားပါးပါး မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ရေယာဉ်ကနေထွက်ပြေးသွားတဲ့ မှောင်ခိုကူးသူတစ်ယောက်က မိုဘိုင်းဖုန်းနဲ့ရိုက်ထားတဲ့ ဗီဒီ ယိုဖိုင်ထဲမှာ ကလေးတွေအပါအဝင် ခိုလှုံခွင့်ရှာသူ ဒါဇင်ပေါင်းများစွာဟာ လှေကုန်းပတ်နဲ့ စင်တွေပေါ်မှာ ထိုင် နေကြတာကို တွေ့မြင်ရပါတယ်။

Tuesday, December 8, 2020

ဘာရှန်ချာကျွန်းပေါ်ပြောင်းတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို အရင်ဆုံးပြန်နိုင်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဆို

VOM 

ဒါကာ၊ ဒီဇင်ဘာ-၈-၂၀၂၀
မျိုးဆက် (VOM)




ကော့ဘဇားဒေသရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်အတွင်းရှိ ဘာရှန်ချာကျွန်းသို့ ပြောင်းရွှေ့ထား တာ ဟာ ယာယီအစီအစဉ်သာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့တဲ့လုပ်ငန်းစဉ် စတင်ရင် ဒီကျွန်းပေါ်ကလူတွေဟာ ပထမသုတ်အဖြစ် အရင်ပြန်ရဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။

Sunday, December 6, 2020

ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို အငြင်းပွားကျွန်းဆီ ဘင်္ဂလား ဒေ့ရှ် ပို့ဆောင်

မဇ္ဈိမ
06 December 2020

 လူ တစ်သိန်းကို နေရာချထားပေးဖို့ စီစဉ်ထားတဲ့ မြေနိမ့်ကျွန်းဆီ ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို ပထမအသုတ် အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သောကြာနေ့မှာ ပို့ဆောင်ခဲ့ပါတယ်။

 သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/76286

တည်းဖြတ် - ဇော်မင်းထွေး 

Link : Here

Friday, December 4, 2020

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ဘာဆန်ချာကျွန်းကို ဆက်ပို့ နေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းမျာ
04.12.2020

■ ရိုဟင်ဂျာဒုက္ခသည် နောက်ထပ်အယောက် (၁၆၀၀) လောက်ကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဘာဆန်ချာ ကျွန်းကို ဒီနေ့ ထပ်မံပို့လိုက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

လူတသိန်းလောက်ထားဖို့ ပြင်ထားတဲ့အဲဒီကျွန်းကို ပထမအသုတ်အနေနဲ့ လူ (၂၅၀၀) ပို့ဖို့စီစဉ်ထားပြီး၊ မနေ့က လူကိုးရာလောက် ပို့လိုက်ပါတယ်။ ဒီနေ့မှာတော့ အဲဒီပထမအသုတ်ထဲက ကျန်တဲ့သူတွေကို ဆက်ပို့တာပါ။

Thursday, December 3, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတချို့ကို ကျွန်း တစ်ကျွန်းဆီ စတင် ပို့ဆောင်

 B B C

ဘီဘီစီ မြန်မာပိုင်း
၀၃ ဒီဇင်္ဘာလ ၂၀၂၀ 

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းခန့် ခိုလှုံနေ
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တချို့ကို ဘင်္ဂလားပင်လယ်အော်ထဲက ဝေးလံခေါင် သီတဲ့ ကျွန်းတစ်ကျွန်းဆီ ပြောင်းရွှေ့ နေရာချထားမှုတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဒီကနေ့ ဒီဇင် ဘာလ ၃ ရက်နေ့မှာ စလုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီကျွန်းဟာ မကြာခဏ ရေကြီးလေ့ ရှိတဲ့ ကျွန်းဖြစ်တယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေက ပြောနေတာပါ။

ကော့ဆက်စ် ဘဇားဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကား အနည်းဆုံး ၁၀ စင်းလောက်ဟာ စစ်တကောင်း ဆိပ်ကမ်းမြို့ဆီ ထွက်ခွာသွားတာ တွေ့ခဲ့ရပါတယ်။ အဲဒီကနေမှ သူတို့ကို ဘာဆန်ချား ကျွန်းဆီ ပို့ဆောင်မှာ ဖြစ်ပါတယ်။ 

Wednesday, December 2, 2020

ရိုဟင်ဂျာဒုက္ခသည်တွေ ဆောင်းတွင်းအတွက် အခက်ကြုံ

VOA

ဗွီအိုအေ (မြန်မာဌာန)

မဆုမွန်
02 ဒီဇင်ဘာ၊ 2020  
ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ပြင်းထန်တဲ့ရာသီဥတု ဆောင်းအအေးဒဏ်ခံနိုင်ရေး ဒုက္ခသည်တွေ ပြင်ဆင်နေကြသလို-စုပြုံ နေထိုင်နေကြရတဲ့မိသားစုတွေကြား အန္တရာယ်ရှိတဲ့ အခြေအနေတွေအကြောင်း မဆုမွန် စုစည်းတင်ပြပေးချင်ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ သိန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင် နေ တဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ရိုဟင်ဂျာစခန်း ၃၀ကျော်မှာ ဒုက္ခသည်တွေ နေ့စဉ်စားနပ်ရိက္ခာ၊ ကျန်း မာရေးစောင့်ရှောက်မှုနဲ့ နေထိုင်ရေး၊ လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတ ကာအဖွဲ့အစည်းတွေဘက်က တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ လူဦးရေ ထူထပ်များ ပြား လွန်းလှတဲ့အတွက် ရိုဟင်ဂျာစခန်းတွေထဲမှာ အထူးသဖြင့်သောက်သုံးရေ အမှိုက်သန့်ရှင်းရေး၊ မိလ္လာစနစ်နဲ့ ရာသီဥတုအလိုက် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးမှာတော့  ရိုဟင်ဂျာဒုက္ခသည်တွေဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာပါ။

Monday, November 30, 2020

နေရပ်စွန့်ခွာသူများအရေး ထောက်ပံ့မှုဆက်ပေးရန် OIC အဖွဲ့ဝင်နိုင်ငံများကို ဘင်္ဂလားဒေ့ရှ်တောင်းဆို

7DAY DAILY  

ထက်အာကာကျော်
Monday, November 30, 2020

ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာများ ၏ နေရပ်ပြန်ရေးအထမြောက်ရေးအတွက် အစ္စလာမ်မစ်ပူး ပေါင်းဆောင် ရွက်ရေးအဖွဲ့(OIC) နိုင်ငံများအနေဖြင့် နိုင်ငံရေးဆိုင် ရာနှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုဆက်ပေး ရန် တောင်း ဆိုလိုက်သည်။ 

(၄၇)ကြိမ်မြောက် အစ္စလာမ်မစ်ကောင်စီ၏ နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်တွင် နိုင်ဂျာ နိုင်ငံ နီယာမေးမြို့၌ ကျင်းပခဲ့ရာ ဘင်္ဂလားဒေ့ရှ်၏ OIC အမြဲတမ်း ကိုယ်စားလှယ်၊ ဆော်ဒီအာရေးဗီး ယားနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးဒေါက်တာမိုဟာမက်ဂျာဗက်ပတ်ဝါရီကယင်းသို့ တောင်းဆို ခဲ့ ကြောင်း Dhaka Tribune က ယမန်နေ့တွင် ဖော်ပြသည်။

Sunday, November 29, 2020

OIC's CFM begins emphasizing Muslim unity in addressing Islamophobia

H20U
28th November 2020

မြန်မာအား ICJ တွင် တရားစွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံကို OIC ၅၇-နိုင်ငံ အကူအညီပေးမည်။ OIC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများရှိ မွတ်စလင်လူနည်းစုများအခြေအနေအပါအဝင် အိုးအိမ်စွန့်ခွာခဲ့ရသော မြန်မာနိုင်ငံဇာတိ ဒုက္ခသည်ရိုဟင်ဂျာမွတ်စလင်များအရေး ဆွေးနွေးကြမည်ဟုဆို
အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်သော အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နိုင်ငံခြားရေးဝန်ကြီးများ ကောင် စီ ( CFM ) ၏ ပွဲစဉ် ၄၇ ကို အာဖရိကအနောက်ပိုင်း နိုင်ဂျာ ( နေဂျား ) နိုင်ငံမြို့တော် နီယာမီတွင် သောကြာ နေ့၌ စတင်ကျင်းပသည်။ ၂-ရက်ကြာအစည်းအဝေးတွင် ဒုက္ခသည်ရိုဟင်ဂျာဟုတို့အပေါ် လူမျိုးသုဉ်းပြုမှုဖြင့် ( မြန်မာနိုင်ငံအား ) အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ICJ တွင် တရားစွဲဆိုလျှက်ရှိသော ဂမ်ဘီယာနိုင်ငံကို မည် ကဲ့သို့ အကူအညီပေးရေးနှင့် အစ္စလာမ်ကြောက်အယူအဆကာလအတွင်း မွတ်စလင်များ စည်းလုံးညီညွတ် ရေးအတွက် အလေးထားဆွေးနွေးကြမည်ဟု Dhaka Tribune က ယနေ့ ရေးသားသည်။

Wednesday, November 25, 2020

ရိုဟင်ဂျာများကို နှိပ်စက်ညှင်းပမ်းရာမှာ တယ်လီနော ပါဝင် ပတ်သက်မှုစုံစမ်းဖို့ OECD လုပ်သင့်တယ်လို့ဆို

KALADAN PRESS NETWORK
BY KALADANPRESS
NOVEMBER 25, 2020

မြန်မာ အစိုးရ စစ်တပ် က ရခိုင်ပြည်နယ်မှာ ၂၀၁၆ နှင့် ၂၀၁၇ က ပြုလုပ်ခဲ့တဲ့ ရက်စက်ကြမ်းတမ်းတဲ့ “ရှင်းလင်း ရေး” စစ်ဆင်မှုမှာ နော်ဝေး အစိုးရပိုင် တယ်လီနော ကုမ္ပဏီရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာရှိ တာဝါတိုင် အဆောက်အဦးနဲ့ ပတ်သက်ပြီး OECD (Organization of Economic Cooperation and Development) ရဲ့ စည်းမျဉ်းကို ချိုးဖေါက်မှုရှိမရှိ တရားဝင်စုံစမ်းစစ်ဆေးရန် နော်ဝေးရှိ OECD ဆက်သွယ်ရေးရုံး က ထုတ်ပြန် လိုက်ပါသည်။ 

                                      အလယ်သံကျော်ရှိ တ.်လီနော် တာဝါတိုင်


၂၀၁၇ ခု သြဂုတ်လ နောက်ဆုံးပတ်အတွင်း အလယ်သံကျော်ကျေးရွာ မှ ထွက်ပြေးခဲ့သော ရိုဟင်ဂျာယောက် ကျား၊ မိန်းမ၊ ခလေးသူငယ်တွေကို အစိုးရလုံခြုံရေးတပ်တွေက ၎င်းဒေသရှိတယ်လီနော်ဓါတ်အားတိုင် ပေါ် မှ တက်ပြီး ပစ်ခတ်သတ်ဖြတ်ကြောင်း အလယ်သန်ကျော်ရွာမှ ရိုဟင်ဂျာတို့က တိုင်ကြခဲ့သည်။ အမြင့်ပိုင်းမှာရှိ တဲ့ တာဝါတိုင်အုတ်ခုံပေါ်က အစိုးရ စစ်တပ်တို့အတွက် အဝေးကို လှမ်းမြင်နိုင်ပြီး ပြေးလွှားနေတဲ့ ရိုဟင်ဂျာရွာ သားတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ နှင့် ခြိမ်းခြောက်ဖို့ အတွက် နေရာလည်းဖြစ်ခဲ့သည်ဟု ရွာသားများ က ပြော ဆိုသည်။

စစ်ဆင်ရေးအချိန်ကာလာတွင် အသတ်ခံရသည့် အလယ်သံကျော်ကျေးရွာသား တရာလောက်လည်း တယ် လီနော တာဝါတိုင် အောက်မှာ ပုံထားတယ်လို့ လည်း ဆိုကြကြောင်းသိရှိရသည်။ဒီရက်စက်မှုအောက်မှ  လွတ်မြောက်လာသူများ၊ ယခု ဘင်ဂါလားဒေးရှ် ရှိ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတွင် ရောက်ရှိနေေ သာ သူတွေက “အလယ်သံကျော် အတွက် အမှုမှန်ပေါ်ဆောင်ရေး ကော်မီတီ” မှတဆင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လတွင် OECD ကို တိုင်တန်းခဲ့သည်။ အချိန်တွေ အတော်ကြာ ဆက်စပ်စုံစမ်းစစ်ဆေးပြီးနောက် နော်ဝေး OECD ဆက်သွယ်ရေးရုံးက ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ အမှုကိုလက်ခံ လိုက်ကြောင်းသိရှိ ရသည်။

ရိုဟင်ဂျာဒုက္ခသည် ပြန်သွားနိုင်ရေး မြန်မာကိုဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 နိုဝင်ဘာ၊ 2020  
ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံမှု ရှိရှိ ဂုဏ်သိက္ခာနဲ့ အညီ ရေရှည်ခံမယ့် ဌာနေပြန်ရေး ဖြစ်လာဖို့ မြန်မာ အစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ လိုအပ်တယ်လို့ ဘင်္ဂ လားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ A. K. Abdul Momen က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ ပြသနာ ဖြေရှင်းနိုင်ရေး နိုင်ငံတကာဘက်က အရေးပေါ် တိုးမြှင့် ဆောင်ရွက်ကြဖို့လိုအပ်တယ် လို့ လည်း ၀န်ကြီး Momen က ထောက်ပြပါတယ်။ ဘင်္ဂလားဒေရှ့်ဆိုင်ရာ သံအမတ်ကြီးသစ်တွေ အဖြစ် အသစ် ခန့်အပ်ခံကြရတဲ့ ဆွီဒင် သံအမတ်ကြီး Berg Von Linde ၊ စပိန် သံအမတ်ကြီး Francisco de As-s Benitez Salas နဲ့ နော်ဝေ သံအမတ်ကြီး Espen Rikter-Svendsen တို့နဲ့ နိုင်ငံတော် ဧည့်ဂေဟာ Padma မှာ တွေ့ဆုံ စဉ် အခုလို တိုက်တွန်းခဲ့တာလို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘင်္ဂလားဒေရှ့် သ တင်းတွေမှာ ဖော်ပြပါတယ်။

Thursday, November 19, 2020

ရိုဟင်ဂျာတွေနေရပ်ပြန်မယ့်ရက် သတ်မှတ်ပေးဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ်တောင်းဆိုမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 နိုဝင်ဘာ၊ 2020

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့်ရက်ကို သတ်မှတ်ပေးရေး မြန်မာအစိုးရကို ဖိအားပေး တောင်းဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ AK Abdul Momen က အင်္ဂါနေ့မှာ ပြောကြားလိုက်ပြီး မြန်မာ အစိုးရကို ဖိအားပေးဖို့အတွက် မိတ်ဆွေနိုင်ငံတွေကိုလည်း တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

“ရိုဟင်ဂျာတွေ ဘယ်နေ့စပြန်နိုင်မယ်ဆိုတဲ့ရက်ကို မြန်မာအစိုးရ (အသစ်) အနေနဲ့ သတ်မှတ်ပေးဖို့ တောင်း ဆိုမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ဒီလူတွေကို ပြန်ပို့ပေးဖို့ အဆင်သင့်ရှိနေတယ်” လို့ ၀န်ကြီး Momen ပြောတာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာရွေးကောက် ပွဲတွေ ကျင်းပ ပြီးစီးသွားပြီဖြစ်တာမို့ ရိုဟင်ဂျာတွေ ပြန်ပို့ရေး မြန်မာအစိုးရကို ဖိအားပေး လုပ်ဆောင်သွား မယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ အီးယူနဲ့ ယူကေ စတဲ့ နိုင်ငံတွေကပြော   ကြောင်းလည်း ၀န်ကြီး Momen က ပြောပါတယ်။

Wednesday, November 18, 2020

မြန်မာရွေးကောက်ပွဲလွန် ရိုဟင်ဂျာတို့တောင်းဆိုချက် OIC မှာတင်သွင်း

VOA

ဗွီအိုအေ (မြန်မာဌာန)

မဆုမွန်
18 နိုဝင်ဘာ၊ 2020 

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လက်ရှိအာဏာရပါတီ NLD ကို ICJ နိုင်ငံတကာခုံရုံးရဲ့ ကြားဖြတ် ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်နိုင်ရေး OIC နဲ့နိုင်ငံတကာက တိုက်တွန်းတောင်းဆိုကြဖို့-နောက်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ လက်ရှိမြေပြင် စစ်ရေးအခြေအနေတွေနဲ့ ရိုဟင်ဂျာတို့အရေး- Arakan Rohingya Union အဖွဲ့က OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ကို ဒီသီတင်းပတ်ထဲမှာပဲ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။ OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဒီအစီရင်ခံစာ ကနေ အဓိက ဘာတွေ တိုက်တွန်းတောင်းဆိုထားပါသလဲဆိုတာ အမေရိကန်ပြည်ထောင်စု အခြေစိုက် Arakan Rohingya Union အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါက်တာဝါကာအူဒင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက် သွယ်မေးမြန်းထားပါတယ်။

Sunday, November 1, 2020

ရခိုင်မှာ တပ်မတော်က သွေးခွဲဝါဒဖြန့်ကြောင်း ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
01 နိုဝင်ဘာ၊ 2020
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လုံခြုံရေးယူနေတဲ့ မြန်မာ့တပ်မတော်သားအချို့။ (အောက်တိုဘာ ၂၁၊ ၂၀၁၆)
 

ရခိုင်ပြည်နယ်တွင်းနဲ့ အွန်လိုင်းမှာပါ မြန်မာ့တပ်မတော်က ဝါဒဖြန့်စစ်ပွဲ လုပ်လာတဲ့အပေါ် စိုးရိမ်မှု ပိုတိုးလာ ရကြောင်း ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ စုပေါင်းထုတ်ပြန်လိုက်တဲ့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

Saturday, October 31, 2020

ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင်ဂျာများ ကို မြန်မာက ပြန်ခေါ် လိမ့်မည် ဟု တရုတ်ပြော

ABANA  

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အောက္တိုဘာ ၂၆, ၂၀၂၀

နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။
 


နေရပ်စွန့်ခွာထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန် မာနိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို သတင်းစကား ပါးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဘ်ဒူလ် မိုမန်တို့ ကြာသာ ပတေးနေ့ညက တွေ့ဆုံစဉ်မှာ ဒီလိုပြောခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးဌာနရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

Wednesday, October 21, 2020

ရိုဟင်ဂျာတွေအတွက် အရေးပေါ် အလှူရှင် အစည်းအဝေး ကုလခေါ်ယူ

VOA
21 အောက်တိုဘာ၊ 2020 
၂၀၁၇ နိုဝင်ဘာတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ


ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီရေး ရန်ပုံငွေ အကြီးအကျယ် လိုအပ်နေတဲ့ ကိစ္စကို ဖြေရှင်းနိုင်  ရေး လာမယ့် ကြာသပတေးနေ့မှာ နိုင်ငံတကာ အလှူရှင် ညီလာခံကို အွန်လိုင်းကနေ ကျင်းပမယ်လို့ ကုလ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မြန်မာ နိုင်ငံတွင်းမှာရော နိုင်ငံပြင်ပမှာ ထွက်ပြေး ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေ အတွက် လူသားချင်း စာနာ ထောက်ကူမှု အကူအညီ အရေးပေါ် လိုအပ်ချက်ကို ဖြည့်စည်းနိုင်ရေး အတွက် ညီလာခံ ကျင်းပတာ ဖြစ် ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး UNHCR က အင်္ဂါနေ့မှာ ပြောဆိုထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */