" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်ပြည်နယ်. Show all posts
Showing posts with label ရခိုင်ပြည်နယ်. Show all posts

Tuesday, November 19, 2019

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန
နေပြည်တော် နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၂၀) ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ် ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည် ဖော်ဆောင် ရွက်ရေး ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးဦးခင်မောင်တင်၊ ကော်မတီအတွင်းရေးမှူး နယ်စပ်ရေး ရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ် ချုပ် သန်းထွဋ်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

Friday, July 12, 2019

ရခိုင်ပြည်နယ်အတွက် အိန္ဒိယအစိုးရက ဒေါ်လာ ၂၅ သန်းထောက်ပံ့

DMG
ဝံသ(မောင်တော) | DMG


မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရတို့အကြား ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအရ အိန္ဒိယက ရခိုင်ပြည်နယ် မှာ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးနဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၅)နှစ်တာ ကာလ အတွင်းမှာ အမေရိကန် ဒေါ်လာ ၂၅ သန်းထောက်ပံ့ပေးမယ်လို့ သိရပါတယ်။


Saturday, July 6, 2019

ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း ကျေးရွာတချို့မီးလောင် ပျက်စီး

VOA
ဗွီအိုအေ (မြန်မာဌာန)
05 ဇူလိုင်၊ 2019
ကိုနိုင်ကွန်းအိန်
ရခိုင်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးကြသော စစ်ရှောင်များ (ဇန်နဝါရီ၊ ၀၄၊ ၂၀၁၉)

မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသက ကျေးရွာတချို့မှာ မီး လောင် မှုတွေ ဖြစ်ပွားနေပါတယ်။ ဒေသခံတချို့ကတော့ စစ်သားတွေက မီးရှို့တာလို့ ပြောကြပေမဲ့လည်း တပ်မတော် တာဝန်ရှိသူတွေကတော့ တိုက်ပွဲတွေအတွင်း လက်နက်ကျည်ဆံတွေ ထိမှန်ရာက မီးလောင် မှုဖြစ်တာလို့ ပြောပါတယ်။ တချိန်တည်းမှာပဲ တိုက်ပွဲတွေကြောင့် နယ်စပ်ကို တိမ်းရှောင်ကြတဲ့ ဒုက္ခသည်
တွေ ကိုလည်း အိန္ဒိယအာဏာပိုင်တွေက ပြန်လည်ပို့ဆောင်တာတွေ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကသတင်းပေးပို့ ထားပါတယ်။

Saturday, June 22, 2019

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အင်တာနက်လိုင်းဖြတ်တောက်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-22
မြောက်ဦးမြို့နယ်က Telenor နဲ့ အင်တာနက် အသုံးပြုသူတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ယာယီရပ်ဆိုင်းဖို့ညွှန်ကြားလာတဲ့ မက်ဆေ့ခ်ျကို တွေ့ရစဉ်
Photo credit - Citizen Journalist


ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ တယ်လီဖုန်းကတဆင့် အင်တာနက်ဝန်ဆောင်မှုတွေ ရပ် ဆိုင်းထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေး MPT၊ Telenor၊ Ooredoo နဲ့ Mytel ကုမ္ပဏီတွေက အင်တာနက်ဝန်ဆောင်မှုတွေ အားလုံးက ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Wednesday, June 12, 2019

ရခိုင်ပြည်နယ်မှာ ခြောက်လအတွင်း တိုက်ပွဲဘယ်နှစ် ကြိမ်ဖြစ်ခဲ့လဲ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-12
ပြည်တွင်းပြည်ပ သတင်းထောက်များကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလက ဘူးသီးတောင်မြို့နယ်သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်စဉ်။ 

ရခိုင်ပြည်နယ်မှာ ခြောက်လအတွင်း တိုက်ပွဲကြီးငယ် စုစုပေါင်းငါးရာကျော်ပြီလို့ AA ရခိုင့်တပ်တော်က ပြော ဆိုပေမယ့် မြန်မာ့တပ်မတော်ကတော့ တိုက်ပွဲ ၁၅ဝ ကျော်သာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ RFA ဝိုင်း တော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

Friday, June 7, 2019

ရခိုင်ပြည်နယ်အရေး ဆွေးနွေးအဖြေရှာဖို့ AA အဖွဲ့ကို အစိုးရတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန) 
07 ဇွန်၊ 2019

မေခ
မြန်မာသမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေး 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းရာမှာ ရခိုင်လက်နက်ကိုင် အဖွဲ့ AA အနေနဲ့ ဆွေးနွေး အဖြေရှာဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့လည်း ရက္ခိုင့်တပ်မ တော် AA ကတော့ မြန်မာစစ်တပ်ဖက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက ပြောပြပေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အ ကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာ့အလင်း
နေပြည်တော် ဇွန် ၇

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံရေးရာကော်မတီဆောင်I- 20 ၌ ကျင်းပသည်။
အစည်း အဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယခု အစည်းအဝေးသည် နေပြည်တော်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအထောက်အကူပြုကော်မတီ၏ တတိယအကြိမ်မြောက် ညှိနှိုင်း အ စည်းအဝေးဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်သို့ ထပ်မံ နယ်မြေကွင်းဆင်းလေ့ လာ သွားရန် ရှိပါကြောင်း။

Tuesday, June 4, 2019

ရခိုင်ပြည်နယ် တိုက်ပွဲ - လူ အကျအဆုံးရှိသလို လက် နက်တချို့ ဆုံးခဲ့ကြောင့် တပ်မတော် ဝန်ခံ

B B C
ဘီဘီစီ မြန်မာပိုင်း
04 June 2019

မင်းပြားမြို့နယ်ထဲ အေအေတပ်ဖွဲ့နဲ့ ဖြစ်ခဲ့တဲ့ ဇွန် ၂ ရက် တိုက်ပွဲ အတွင်း တပ်မတော်ဘက်က အကျ အဆုံး ရှိခဲ့ပြီး လက်နက်တချို့ ဆုံးရှုံးခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အတည် ပြုပါတယ်။

ဒါပေမယ့် အရေအတွက် အတိအကျ အပါအဝင် အသေးစိတ် အချက်တွေကိုတော့ မပြောသေးပါဘူး။

Tuesday, May 28, 2019

ရခိုင်ပြည်နယ်မှာ အခြေချနိုင်ရေး ဆက်လက်ကြိုးစား သွားမယ်လို့ AA အဖွဲ့ပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-28
ရခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို လိုင်ဇာမှာတွေ့ရစဉ်



ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA အခြေချနိုင်ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တာကြောင့် တပ်မတော် က လက်မခံလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရခိုင့်တပ်မတော် AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ဒီနေ့ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် နပခတိုင်းမှူး အပြောင်းလဲ ဖြစ်

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၂၈/ ၂၀၁၉

ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် နေရာအပြောင်းအလဲလုပ်လိုက်ကြောင်း ဘီဘီစီ (မြန်မာပိုင်း) သတင်းအရ သိရသည်။

စစ်ဆင်ရေးလိုအပ်ချက်အရ ဟိုဖက်ဒီဖက် ချိန်းလိုက်ခြင်း ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့အတွင်း ရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

Sunday, May 12, 2019

စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်လမ်းနဲ့ အဖြေရှာ နိုင်င်ရေး ကြိုးပမ်းမည်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-12
ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ၂ဝ၁၉ ခုနှစ် မေလ ၁၂ ရက်နေ့က စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့စဉ်
Photo: RFA

သမ္မတကဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီအနေနဲ့ ရခိုင် ပြည်နယ်က စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်လမ်းနဲ့အဖြေရှာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းနေသလို သမ္မ တကိုလည်း တိုက်ရိုက်အကြံပေးသွားဖို့ရှိတယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင် က ဒီနေ့ ပြောလိုက်ပါတယ်။

Friday, May 10, 2019

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း ပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပ

မြန်မာ့အလင်း သတင်းစာ
ရန်ကုန် မေ ၇



ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်း ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့နှင့် သ တင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်း နှင့် မွန်းလွဲပိုင်းတို့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ဆက် လက် ကျင်းပသည်။

Thursday, May 9, 2019

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အ ကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း သည့် သတင်းစာရှင်းလင်းပွဲကျင်းပ

မြန်မာ့အလင်း သတင်းစာ
ရန်ကုန် မေ ၇
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက် မှုများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်မြို့ Park Royal Hotel၌ ကျင်းပသည်။ အဆို ပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ဝင်များ၊ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များနှင့် အကြံပေးဘုတ် အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးနှင့် အာဆီယံလူသားချင်းစာနာမှု ညှိနှိုင်းရေး မှူးရုံး (AHA Centre) တို့မှ ကိုယ်စာလှယ်များ ၊ ဖိတ်ကြားထားသော နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များကိုယ်စားလှယ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်အရေး နိုင်ငံရေးပါတီတွေနဲ့ အစိုးရ ကော်မတီ ဆွေးနွေး

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-05-09

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနဲ့ ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်အသင်းအဖွဲ့တွေ မေလ ၉ ရက်နေ့က ရန်ကုန်မြို့မှာ ဆွေးနွေးပွဲ ပြုလုပ်စဉ်။
Photo: MOI

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်နိုင် ငံရေးပါတီတွေ၊ ရခိုင်အသင်းအဖွဲ့တွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့အကြုံရှိ ပညာရှင်တွေနဲ့ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ ရခိုင်ပြည်နယ်ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် အကြောင်းအရာ ကန့်သတ် ချက်မရှိပဲ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Thursday, May 2, 2019

ကန်နိုင်ငံခြားရေးထိပ်တန်းအရာရှိ David Hale ရခိုင်ကိုသွားနိုင်ဖို့ မျှော်လင့်

01 မေ၊ 2019
အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale 
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ လုံခြုံစွာနေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တာတွေကို သိနိုင်ဖို့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်တွင်း သွားရောက်ခွင့် ပေးဖို့ အမေရိကန် အစိုးရက အင်္ဂါနေ့မှာ တောင်းဆို လိုက်ပါတယ်။

Tuesday, April 30, 2019

ရခိုင်ပြည်နယ်တိုက်ပွဲတွေအရေး တွေ့ဆုံဆွေးနွေးဖို့ ALP တောင်းဆို

RFA
2019-04-30


ALP ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်း ကို စစ်တွေမြို့မှာ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ထံ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စာရေးသား တောင်းဆို ထားပါတယ်။

Sunday, April 28, 2019

မြန်မာနိုင်ငံသည် ISIS ၏ ပစ်မှတ်တခု ဖြစ်လာဟု သမ္မတရုံး ပြော

ဧရာဝတီ
By ထက်နိုင်ဇော်
27 April 2019

ရခိုင်ပြည်နယ်တွင် လုံခြုံရေး ယူနေသည်ကို တွေ့ရသော တပ်မတော်သား တဦး / ကျော်ခ / ဧရာဝတီ 

ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေမလှသည့် အစ္စလာမ္မစ်နိုင်ငံ (ISIS) အကြမ်းဖက်အုပ်စုသည် ရခိုင်ပြည် နယ် မြောက်ပိုင်းကို အာရုံစိုက်လာသဖြင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံသည် အကြမ်းဖက် သ မားများ၏ ပစ်မှတ်တခု ဖြစ်လာကြောင်း နိုင်ငံ တော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြော သည်။

Friday, April 5, 2019

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၆၆၄၁ ဦး ရှိသွားပြီဟုဆို

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၁၉


ရခိုင်ပြည်နယ်မှ ခရိုင် ၃ခု၊ မြို့နယ် ၇ မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့ထိ စစ်ဘေးရှောင်ပြည်သူ ၂၆၆၄၁ ဦး ရှိသွားပြီဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးရဲမင်းဦးက ပြော ကြားသည်။

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်မှ စစ်ဘေး ရှောင် ပြည်သူများ အတွက် ဘယ်လို ဆောင်ရွက်မှုမျိုးတွေကို လုပ်ကိုင်နေပါသလဲဟု ဦးရဲမင်းဦးအား နိရဉ္စ ရာသတင်းဌာနမှ မေးမြန်းရာ ….

Tuesday, April 2, 2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အပါအဝင် မြို့နယ် ၅ ခု မှာ ညမထွက်ရအမိန့်ထုတ်

B  B  C
ဘီဘီစီ မြန်မာပိုင်း
April 2 ' 2019


ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော် တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ဦးအပါ အဝင် မြို့နယ် ၅ ခုမှာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ဧပြီလ ၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရက ထုတ် ပြန် ခဲ့လို့ ဧပြီ လ ၂ ရက် ဒီကနေ့မှာတော့ စတင်အသက်ဝင်နေပြီလို့ ရခိုင်ပြည်နယ်အစိုးရက ဘီဘီစီကို ပြော ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */