" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာ. Show all posts
Showing posts with label မြန်မာ. Show all posts

Thursday, March 24, 2022

ရိုဟင်ဂျာအရေး မြန်မာအာဏာပိုင်တွေကို မပြတ်ဖိအားပေး သွားဖို့ OIC နိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

B B C

ဘီဘီစီမြန်မာပိုင်း

2022-03-24

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာရှိရှိ ပြန်နိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေ အပေါ်မပြတ်ဖိအားပေးရာမှာ ဆက်လက် ပါဝင်ဆောင်ရွက်သွားကြဖို့ OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မဆုဒ် ဘင် မိုမန်က တိုက်တွန်းလိုက်ပါတယ်။

မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က ပါကစ္စတန် အစ္စလာမာဘာ့ဒ်မြို့မှာ ကျင်းပတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီရဲ့ ၄၈ ကြိမ်မြောက် အစည်းအဝေးမှာ အခုလို တိုက်တွန်းခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Tuesday, March 22, 2022

လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန် သတ်မှတ်ချက် မြန်မာစစ် ကောင်စီ ကန့်ကွက်

RFA
Radio Free Asia
2022.03.22

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ သတ် မှတ်ချက်ကို အာဏာသိမ်း စစ်ကောင်စီဘက်က ကန့်ကွက်လိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ သတ်မှတ်ချက်ဟာ မမှန်ကန်တဲ့ အချက်အလက်တွေကို ကိုးကားဆုံးဖြတ်ခဲ့တာလို့ မတ်လ ၂၂ ရက် ဒီကနေ့ညပိုင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ထားပါတယ်။

Tuesday, March 1, 2022

လူမျိုးတုံးသတ်ဖြတ်မှု ICJ ကနေ အရေးယူနိုင်ဖို့ နစ်နာ သူတွေ မျှော်လင့်

RFA
လွတ်လပ်တဲ့အာရှအသံ
2022-03-01 
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
  Photo: MUNIR UZ ZAMAN / AFP

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ဂမ်ဘီယာက မြန်မာကို အပြည်အပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ကိစ္စ ဒုတိယမြောက် ကြားနာစစ်ဆေးမှုတွေဟာ ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၃ ရက်၊ ၂၅ ရက်နဲ့ ၂၈ရက်နေ့တွေ မှာ နှစ်ဖက် အပြန်အလှန် လျှောက်လဲခဲ့ကြပြီးတဲ့နောက် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စွဲချက်တင်၊ မတင် တရားရုံးက မကြာခင်မှာ ဆုံးဖြတ်တော့မှာပါ။

သဘောတူထားတာကို ချိုးဖောက်မှုက အဓိကပြဿနာဟု ဂမ်ဘီယာတင်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဖေဖော်ဝါရီ၊ 2022


 

ရိုဟင်ဂျာ Genocide အမှု မြန်မာနိုင်ငံအပေါ် စွဲဆိုခွင့် ရှိ ကြောင်း ICJ မှာ Gambia လျှောက်လဲ

 [Unicode]

သဘောတူထားတာကို ချိုးဖောက်မှုက အဓိကပြဿနာဟု ဂမ်ဘီယာတင်ပြ

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွဲဆိုချက်နဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ သောကြာ နေ့ က မြန်မာနိုင်ငံရဲ့တင်ပြချက်အပေါ် ဂမ်ဘီယာနိုင်ငံက အခု သတင်းကြေညာနေတဲ့အချိန်မှာ ချေပလျှောက် လဲ သွားပါတယ်။

ဂမ်ဘီယာက လျှောက်ထားရာမှာ မြန်မာတင်ပြခဲ့တာက အရင်တင်ပြခဲ့တတွေကိုပဲ တင်ပြတာကြောင့် အနည်းငယ် ပဲ တင်ပြပါမယ်လို့ အစချီပြီး ဂမ်ဘီယာကို မြန်မာက စွပ်စွဲသလို OIC ရဲ့ ခိုင်းစေချက်အရလုပ်တာမဟုတ်ကြောင်း အထောက်အထားတွေ တင်ပြသွားပါတယ်။

အဓိကအကြောင်းက လူမျိုးသုဉ်း လုပ်ရပ်များဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်မှာ သဘောတူခဲ့သလို မြန်မာ က မထိန်းသိမ်းဘဲ ချိုးဖောက်တာဖြစ်တယ်လို့ ပြောသွားပါတယ်။

Saturday, February 26, 2022

မြန်မာစစ်တပ်ကို တရုတ်နဲ့ရုရှား ဂျက်တိုက်လေယာဉ်တွေ ပံ့ပိုးနေကြောင်း ကုလကိုယ်စားလှယ်ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.02.25

၂ဝ၂၁ ခုနှစ်က နေပြည်တော်တွင် ကျင်းပသော ၇၆ နှစ်ပြည့် တပ်မတော်နေ့အခမ်းအနားတွင် စစ်ဘက်ဆိုင်ရာယာဉ်များဖြင့် စစ်ရေးပြချီတက်စဉ်။ Photo: Reuters

 
မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အရပ်ဘက်ပြည်သူတွေအပေါ် ရုရှားနဲ့တရုတ် လက်နက်သစ်တွေ အသုံးပြုပြီး တိုက် ခိုက် နေကြောင်း နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ၊ အမေရိကန် လွှတ်တော်အမတ်ဟောင်း မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ၂၀၁၈ ခုနှစ်၊ ရခိုင်ပြည်နယ်က မွတ်စလင် ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက် မောင်းထုတ်ခဲ့တာက အစ ဂျက်တိုက်လေယာဉ်တွေ အပါအဝင် လက်နက် အမျိုးအစားတွေကို ဖော်ပြထားပါတယ်

Wednesday, February 23, 2022

မြန်မာကန့်ကွက်မှုပယ်ချဖို့ ICJ ကို ဂမ်ဘီယာနိုင်ငံလျှောက် ထား

VOA
ဗွီအိုအေမြန်မာပိုင်း
23 ဖေဖော်ဝါရီ၊ 2022
ကျော်ကျော်သိန်း

ICJ

[[Zawgyi/Unicode]]

နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဘက်က ကန့်ကွက်ထားတာကို ပယ်ချပေးဖို့ ဒီကနေ့ကြားနာပွဲအတွင်း ဂမ်ဘီယာရှေ့နေချုပ်က ICJ မှာ တင်ပြ သွားပါတယ်။ မြန်မာနိုင်ငံဘက်က ထောက်ပြကန့်ကွက်နေသလိုမျိုး ဂမ်ဘီယာနိုင်ငံဟာ ဘယ်နိုင်ငံ ဘယ်အဖွဲ့ အစည်းကိုယ်စားမှ လုပ်ဆောင်နေတာမဟုတ်ဘူးလို့လည်း အခိုင်အမာ ပြောသွားပါတယ်။ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အိုင်စီဂျေအမှု - မြန်မာကို ဂမ်ဘီယာကိုယ်တိုင်က တရားစွဲ ခွင့်ရှိကြောင်း ဂမ်ဘီယာဘက်က လျှောက်လဲ

B B C

ဘီဘီစီမြန်မာပိုင်း
23.02.2022

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ကြားနာနေရာမှာ မြန်မာဘက်က လျှောက်လဲခဲ့ တာတွေအားလုံးကို ပယ်ချဖို့အပါအဝင် ဂမ်ဘီယာဘက်က ဒီကနေ့ လျှောက်လဲချက် ပေးပါတယ်။

တနင်္လာနေ့မှာ မြန်မာဘက်က ကနဦး ကန့်ကွက်လွှာကို ကြားနာမှုအပြီးမှာ အခုအခါ ဂမ်ဘီယာဘက်က လျှောက် လဲရတာ ဖြစ်ပါတယ်။

Tuesday, February 22, 2022

The Hague မှာ ကြားနာရာမှာ ရိုဟင်ဂျာ လူမျိုးတုံးသတ် ဖြတ်မှု အမှုကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂ ထိပ်တန်းတရားရုံး ကို မြန်မာစစ်အစိုးရက တောင်းဆို

ဧရာဝတီ
AFP
22 ဖေဖော်ဝါရီ 2022
“စစ်တပ်က အာဏာသိမ်းပြီးကတည်းက အခြေအနေတွေက အဆက်မပြတ် ဆိုးရွားနေပါတယ်။မြန်မာကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဦးကိုကိုလှိုင် (ဝဲ) သည် ဖေဖော်ဝါရီ ၂၁ ရက် ICJ တွင် ကြားနာမှုတစ်ခု၌ မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ကမ္ဘာ့တရားရုံးရှေ့မှောက်တွင် ခုခံကာကွယ်ရန် ရောက်ရှိလာသည်။ / ICJ

ရိုဟင်ဂျာမွတ်ဆလင်တွေကို နှိပ်စက်ညှဉ်းပန်းမှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကိစ္စနဲ့ ပတ် သက်ပြီး မြန်မာနိုင်ငံက တနင်္လာနေ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရား ရုံးကိုတရား ဥပဒေကြောင်းအရ တောင်းဆိုချက်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် 2019 ခုနှစ်တွင် ဆွဲထုတ်ခဲ့ပြီး ရိုဟင်ဂျာမွတ်စလင်လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲကာ မြန်မာနိုင်ငံအား 2019 ခုနှစ်တွင် ဆွဲထုတ်ခဲ့သည်။

Friday, December 31, 2021

လိမ္မလိမ္မာပါးနပ်သည်၊ နှစ်လိုခင်မင်ဖွယ်ကောင်းသည်၊ ကြမ်း ကြုတ်သော စစ်တပ်တစ်တပ်ကို တိတ်တဆိတ် လက်နက် တပ်ဆင်ပေးနေသည်။

The New York Times
Hannah Beech
Dec. 24, 2021

ဗမာ-အိုင်ယာလန် ကပြားမိသားစုတစ်စုက ပိတ်ဆို့အရေးယူမှု စစ်ဆေးမှုများကို ရှောင်ကွင်းလျက် မြန်မာ စစ်အ စိုးရအတွက် လေယာဉ်များ၊ ကာကွယ်ရေး ရေဒါ၊ အခြားနည်းပညာနှင့် ကိရိယာများကို ကူညီဝယ်ယူ ပေးနေေ သာ်လည်း အမြဲသူတော်ကောင်းစကားသာ ဆိုကြလေသည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မတ်လတွင်နိုင်ငံ့မြို့တော် နေပြည်တော်၌ ၇၆ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြချီတက်ပွဲတွင် တွေ့ရစဉ်။Credit...Stringer/EPA, via Shutterstock
 
လွန်ခဲ့သည့် သုံးနှစ်က ကျော်သောင်းမိသားစုကို ပဲခူးကလပ်တွင် ပါတီပေးလျက် ပျော်ပါးလျက် တွေ့နိုင်မည် ဖြစ် သည်။ လေးစားကြည်ညိုဖွယ် ဗမာ-အိုင်ယာလန်ကပြား ဤမိသားစုက ကျွန်းသစ်အတိ တန်ဆာဆင် ထား သော ပဲခူးကလပ် အဆောက်အဦးကို မူလ ၁၉ ရာစု ဂုဏ်ကျက်သရေပြန်ရောက်အောင် ပြန်လည် မွမ်းမံခဲ့ပြီး ဂျင်အ ရက် တမြမြနှင့် ကိုလိုနီအရာရှိများ စိုးမိုးခြယ်လှယ်ခဲ့သည့် အငွေ့အသက်ပြန်ရအောင် အသက်သွင်း ထား သကဲ့ သို့ပင်ဖြစ်သည်။ ပဲခူးကလပ် ပြန်လည်ဖွင့်လှစ်ခြင်းသည် ကျော်သောင်းမိသားစု၏ အရှေ့တိုင်းနှင့် အနောက်တိုင်း ရောပြွမ်းပေါင်းစပ်မှုမှ အားယူသော ရပ်တည်ချက်မျိုး၊ ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ဆက်ဆံ‌ ပေါင်း စပ်ခါစ နိုင်ငံ တစ် ခု၏ အကောင်းမြင်မှုမျိုးတို့နှင့် အံဝင်ခွင်ကျဖြစ်လှသည်။

Tuesday, November 30, 2021

ရိုဟင်ဂျာ ၂၀၀ ကျော် ရခိုင်ကန်းရိုးတန်းအနီး မြန်မာဘက် က ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
30 နိုဝင်ဘာ၊ 2021

     ရိုဟင်ဂျာ ၂၀၀ ကျော် ရခိုင်ကန်းရိုးတန်းအနီး မြန်မာဘက်ကဖမ်းဆီး (ဓါတ်ပုံ- တပ်မတော် သတင်း)

 စစ်တွေမြို့ အနောက်မြောက်ဘက်မှာ လူ ၂၃၃ ဦး လိုက်ပါလာတဲ့ စက်လှေ တစင်ကို နိုဝင်ဘာလ ၂၉ ရက် နေ့ မနက် ပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။ သတင်းအရတော့ ဖမ်းဆီးတဲ့ ဝဒီထွန်း (၅) သစ်သား စက်လှေပေါ်မှာ ရိုဟင်ဂျာ ၂၂၈ ဦးပါဝင်ပြီးကလေးငယ် ၃၃ဦး၊ အမျိုးသမီး ၁၂၅ ဦးနဲ့ အမျိုးသား ၇၀ ဦးတို့ ဖြစ်ပါတယ်။ စက်လှေ ဝန်ထမ်း အမျိုးသား ၅ ဦး ဖမ်းခံရတဲ့ အထဲမှာ ပါဝင်ပါတယ်။

Monday, March 8, 2021

Jammu နဲ့ Kashmir မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ (၁၅၀)ကျော် မြန်မာနိုင်ငံဘက် ပြန်ပို့မည်

VOA
VOA (မြန်မာပိုင်း)
08 မတ်၊ 2021

အိန္ဒိယနိုင်ငံတွင်းမှာ ဖမ်းမိသည့် တရားမဝင် ရိုဟင်ဂျာဒုက္ခသည်များ ( ပုံဟောင်း - ၂၀၁၉ )

အိန္ဒိယနိုင်ငံမြောက်ပိုင်း Jammu နဲ့ Kashmir ဒေသမှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် (၁၅၀)ကျော်ကို မြန်မာ နိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှ ပြောပါတယ်။

Wednesday, February 3, 2021

မြန်မာနိုင်ငံအပေါ်ကန် အရေးယူပေမယ့် စာနာမှုဆက်လက် ကူညီမည်

VOA  
အင်ကြင်းနိုင်
ဗွီအိုအေ (မြန်မာဌာန)
03 ဖေဖော်ဝါရီ၊ 2021
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကနေ အရပ်သားအစိုးရ ထိပ်ပိုင်းခေါင်း ဆောင်တွေကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့ကရာထူးကနေ ဖယ်ရှားခဲ့တဲ့ လုပ်ရပ်ကို စစ်အာသိမ်းမှုအဖြစ် သတ် မှတ်ကြောင်း အမေရိကန်အစိုးရက ဧပြီလ (၂)ရက်နေ့က ကြေညာခဲ့ပြီး နောက်ဆက်တွဲ စီးပွားရေးပိတ်ဆို့ မှု တွေချမှတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိလ်က ပြောကြားခဲ့ပါတယ်။

Saturday, January 16, 2021

မြန်မာများအား လူကုန်ကူးဟု ထိုင်းရဲ ၃၀ ကျော် စွပ်စွဲခံရ

ဧရာဝတီ
16 January 2021
၂၀၂၀ ဇူလိုင်လအတွင်း စန်ခလပူရီမြို့နယ်ကို ခိုးဝင်လာသော မြန်မာများအား ထိုင်းရဲက ဖမ်းထားစဉ်/ Piyarat Chongcharoen / Bangkok Post
ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးမှုအတွက် စွဲချက်တင်ခံရပြီးနောက် ထိုင်းနိုင်ငံမှ ဒါဇင်နှင့်ချီသော ရဲများ သည် ရာဇဝတ်ကြောင်း အရေးယူမှုနှင့် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများကို ရင်ဆိုင်ကြရသည်။

Thursday, January 14, 2021

ရိုဟင်ဂျာတွေ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် မြန်မာ တရုတ် ၃ ပွင့်ဆိုင် ဆွေးနွေးမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ဇန်နဝါရီ၊ 2021



ကုတုပလောင်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်များ


ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ပြုလုပ်ဖို့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဒါအပြင် အကျိုးဖြစ်ထွန်းတဲ့ အစည်းအဝေးဖြစ်မယ်လို့ မျှော်လင့် ကြောင်းလည်း သူက သတင်းထောက်တွေကို ပြောပါတယ်။ ဒီသုံးပွင့်ဆိုင် အစည်းအဝေးကို ၂၀၂၀ ဇန်နဝါရီ လမှာ ပြုလုပ်ခဲ့ပြီးနောက် တနှစ်အကြာမှာ ထပ်မံပြုလုပ်တာဖြစ်ပါတယ်။

Friday, December 18, 2020

ဂမ်ဘီယာက ICJ မှာ မြန်မာကိုစွဲချက်တဲ့အမှု တနှစ်ပြည့်ပေ မယ့် ပြောင်းလဲမှုမရှိသေး (ရိုဟင်ဂျာအရေး တက်ကြွလှုပ် ရှားသူ)

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဒီဇင်ဘာ၊ 2020 
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာက မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ တရားစွဲဆိုထားတာ တနှစ်ပြည့်သွားပြီဖြစ်ပေမဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ဘာမှ ပြောင်းလဲတိုးတက်  ခြင်း မရှိသေးဘူးလို့ ပြည်ပရောက် ရိုဟင်ဂျာတွေက ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

Saturday, November 28, 2020

မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ထံ ဒုတိယ အကြိမ် အစီရင်ခံစာတင်သွင်း

ABNA
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
နိုဝင်ဘာ ၂၅, ၂၀၂၀
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ICJ တရားရုံးက ခုအချိန်အထိ လူသိရှင်ကြားထုတ် ပြန်ကြေညာ ခြင်း မပြုဘဲ လျှို့ဝှက်ထားတဲ့အတွက် အစီရင်ခံစာမှာ ဘာတွေပါလဲဆိုတာ မသိရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ နိုဝင်ဘာ ၂၃ ရက်က ဒုတိ ယအကြိမ် အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ICJ တရားရုံးက ခုအချိန်အထိ လူသိရှင်ကြားထုတ်ပြန် ကြေညာခြင်းမပြုဘဲ လျှို့ဝှက်ထားတဲ့အတွက် အစီရင်ခံစာမှာ ဘာတွေပါလဲဆိုတာ မသိရသေးပါဘူး။
ရခိုင်ပြည်နယ်အတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ရဲ့ အစီရင်ခံစာပါ ဖြစ် စဉ် ၁၃ ခုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ထဲမှာ ARSA နဲ့ အလိုတူပူးပေါင်းပါဝင်သူတွေ၊နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေ ကျူးလွန်ခဲ့တဲ့ အမှုပေါင်း ၁၃၉ မှု ရှိပြီး ၁၁၀ မှုကိုအရေး ယူထားတယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ခုလို ဒုတိယအကြိမ် အစီရင်ခံစာတင်သွင်းတာနဲ့ ပတ်သက်ပြီး ကြိုဆိုတဲ့ အ ကြောင်း ဒါပေမဲ့ တရားရုံးမှာ အချိန်မီ အစီရင်ခံစာတင်သွင်းရုံနဲ့တော့ မလုံလောက်သေးဘူးလို့ Global Justice Center က ဥပဒေရေးရာဒါရိုက်တာ ဂရန့်ရှူဘင်က ကြေညာချက် ထုတ်ပြန် ပြော ပါတယ်။

ICJ တရားရုံးက ကြားဖြတ်အစီအမံအမိန့်ချပြီးကတည်းက မြန်မာအနေနဲ့ ခွဲခြားနှိမ်ချမှုတွေရဲ့ အခြေ ခံအကြောင်းတရားတွေကိုဘာမှ အရေးယူဆောင်ရွက်တာမရှိသလို အပြစ်ကျူးလွန်သူတွေ ဒဏ် ခတ် မခံရတဲ့အတွက် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်ဆက်ရှိနေတယ်လို့ ဂရန့်ရှူဘင်က ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့လိုက်နာဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ICJ တရားရုံးက ကြားဖြတ်အစီအမံ ၄ ချက် ချမှတ်ခဲ့ပါတယ်။

ကြားဖြတ်အစီအမံ ၄ ချက်ကတော့ (၁) လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသ ဘောတူညီချက် အပိုဒ် (၂) မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေဆောင်ရွက်သွားဖို့၊ (၂) မြန်မာစစ်တပ် ဖြစ်စေ ပြည်သူ့စစ်အဖွဲ့ ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုကဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ်(၂)ပါ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တဲ့ လုပ်ရပ်တွေ မကျူးလွန်ဖို့၊ (၃) သက်သေအထောက်အထား တွေကို မဖျက်ပစ်ဖို့ (၄) ဂျီနိုဆိုဒ်သဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိ တရားရုံးက စစ်ဆေးနေစဉ်မှာ မြန်မာနိုင်ငံဘက်က ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်ကိုလည်း ၄ လအတွင်း တရားရုံးကို အစီရင်ခံစာတင်ဖို့နဲ့ နောက်ပိုင်း မှာ ၆ လ တကြိမ် ပုံမှန်အစီရင်ခံစာတင်ဖို့ တွေပါဝင်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်တဲ့ ပထမဆုံးအကြိမ် အစီရင်ခံစာကိုတော့ မြန်မာအစိုးရက ပြီးခဲ့တဲ့ မေလ ၂၃ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ တင်သွင်းခဲ့ပါတယ်။

Link : Here

Tuesday, November 17, 2020

ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် ဂျပန်က မြန်မာနှင့် ဆက်သွယ်ဆောင်ရွက်မည်ဟု ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဂျပန် သံအမတ်ကြီးပြော

မဇ္ဈိမ
နိုဝင်ဘာ ၁၇
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဘာလူခါလီ ဒုက္ခသည်စခန်းအတွင်း လမ်းတလျှောက်တွင် တွေ့မြင်ရသည့် ရိုဟင်ဂျာ ကလေးငယ်များ (ဓာတ်ပုံ - Reuters)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီတိုနာအိုကီက ဂျပန်နိုင်ငံအနေဖြင့် ရိုဟင်ဂျာ (မူရင်း) များ ရခိုင် ပြည်နယ်ရှိ ၎င်းတို့၏ မူလဌာနေသို့ ဆောလျင်စွာပြန်နိုင်ရေး မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက် သွား မည်ဟု နိုဝင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

Wednesday, October 28, 2020

AA နှင့် ARSA အရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ၂ နိုင်ငံ ကြား ပူးပေါင်းဖြေရှင်းရမည်

ဧရာဝတီ
28 October 2020
လွန်ခဲ့သောလက ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်၏ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝေဖန်လိုက်ပြီး မွတ်ဆလင်ဒုက္ခသည်များ ပြန် လည်လက်ခံရေး တုံ့ဆိုင်းနေရခြင်းမှာ ထိုလုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးနေသည့် စစ်သွေးကြွအုပ်စု များ နှင့် ၎င်းတို့ကို ထောက်ခံသူများကို ဘင်္ဂလားဒေ့ရှ်က ဖြိုခွဲရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြား ခဲ့ သည်။

Friday, October 23, 2020

အိုင်စီဂျေမှာ ဂမ်ဘီယားက အဆိုလွှာတင်

B B C

 ဘီဘီစီ မြန်မာပိုင်း
2020.10.23

အိုင်စီဂျေမှာ ဂမ်ဘီယာက အဆိုလွှာတင် လွန်ခဲ့သော ၄ နာရီ က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု လုပ် တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကနေ မြန်မာကို တရားစွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး (ICJ) က လက်ခံ ခဲ့ပြီးနောက် အခုအခါ ဂမ်ဘီယာနိုင်ငံရဲ့ ပထမဆုံးလျှောက်လဲချက်ဖြစ်တဲ့ Memorial အဆိုပြုလွှာကို ဒီနေ့မှာ အိုင်စီ ဂျေတရားရုံးကို တင်သွင်းဖို့ရှိနေပါတယ်။ ဒီအမှုကို ဂမ်ဘီယာဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့ (OIC) ကိုယ်စား တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။ အခု အဆိုလွှာမှာ ဘာတွေ ပါလဲဆိုတာ သိရ ဖို့ အိုအိုင်စီက ဖွဲ့ပေးထားတဲ့ အာရကန်ရိုဟင်ဂျာယူနီယံရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ် ဒီအမှုမှာ အကြံပေး အဖြစ်လည်းပါဝင်တဲ့ ဒေါက်တာဝါကာအူဒင်းကို ကိုမိုးမြင့်က မေးကြည့်ထားပါတယ်။

Link : Here

မြန်မာ အိုင်စီဂျေအမှု ဂမ်ဘီယားဘက်က ပထမဆုံးလျှောက် လဲချက်တင်

B B C 
ဘီဘီစီ မြန်မာပိုင်း
2020.10.23
ကြားနာမှု ဒုတိယနေ့မှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကနေ မြန်မာကို တရားစွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) က လက်ခံခဲ့ပြီးနောက် အခု ဂမ်ဘီယာရဲ့ ပထမဆုံးလျှောက်လဲချက်ဖြစ်တဲ့ မမ်မိုရီယယ်အဆိုလွှာကို ဒီနေ့ အောက်တိုဘာ ၂၃ ရက်မှာ အိုင်စီဂျေ တရားရုံးကို တင်ဖို့ရှိနေပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */