" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာအစိုးရ. Show all posts
Showing posts with label မြန်မာအစိုးရ. Show all posts

Saturday, December 12, 2020

ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက ခင်ပွန်းသေဆုံးမှုအတွက် မြန်မာအစိုးရကို ဒေါ်လာနှစ်သန်း လျော်ကြေးတောင်း

VOM
Editor
ဒါကာ၊ ဒီဇင်ဘာ-၁၂-၂၀၂၀
မျိုးဆက် (VOM)

 ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်ကပြုလုပ်ခဲ့တဲ့ မြန်မာတပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း ခင်ပွန်းဖြစ်သူသေဆုံးခဲ့ တဲ့အတွက် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်သူ Setara Begumက မြန်မာအစိုးရဆီကနေ လျော်ကြေးငွေ ဒေါ် လာ နှစ်သန်းတောင်းခံနေတယ်လို့ အဲ့ဒီအမျိုးသမီးရဲ့ ရှေ့နေက ပြောပါတယ်။

Monday, June 1, 2020

မြန်မာအစိုးရ ICJ အစီရင်ခံစာ နိုင်ငံရေးဆန္ဒပါရဲ့လား

VOA
ဗြီအိုုေအ (ျမန္မာဌာန)
ဒီမိုကရေစီရေးရာ
သားညွန့်ဦး
01 ဇွန်၊ 2020

ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ICJ အပြည်ပြည် ဆိုင်ရာ တရားရုံးကနေ ကြားဖြတ်စီမံဆိုပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက (၄) ချက် ချမှတ်ခဲ့ပါတယ်။ ဒီလေး ချက်က ယေ ဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာ တမ်းကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့ အချက်ပါပါတယ်။ နောက်တချက်ကတော့ လူမျိုး တုန်းသတ်ဖြတ်မှု တား ဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံက လုံခြုံရေး အဖွဲ့ အစည်းတွေဖြစ်တဲ့ စစ်တပ်၊ ရဲ ဒီအဖွဲ့အစည်းတွေကို မြန်မာအစိုးရအနေနဲ့ ထိန်းကွပ်ထားဖို့။ ဒီလိုမျိုးအခြေ အနေတွေ မဖြစ်လာအောင်လို့ တားဆီးဖို့ဆိုတာပါပါတယ်။ နောက်တချက်ကတော့ ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း မှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက် ခဲ့တဲ့နေရာက အထောက်အထားတွေကို မဖျက်ဆီးအောင် ထိန်းထားဖို့ ဆိုတာ ပါပါတယ်။ 

Saturday, May 30, 2020

မြန်မာအစိုးရ ICJ အစီရင်ခံစာ နိုင်ငံရေးဆန္ဒပါရဲ့လား

VOA
ဗွီအိုအေ (မြန်မာဌာန)
30 မေ၊ 2020
သားညွန့်ဦး

ICJ နိုင်ငံတကာတရားရုံးကို ရိုဟင်ဂျာအရေး ပထမဆုံးအစီရင်ခံစာ တင်တာ ကောင်းမွန်တဲ့ ခြေလှမ်းတ ရပ်ဖြစ် ပေမယ့် အစိုးရအနေနဲ့ ဒီကိစ္စမှာ နိုင်ငံစိတ်ဆန္ဒလိုအပ်နေသေးတယ်လို့ Synergy လူမှုသဟဇာတ ဖော်ဆောင် ရေး အဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး ကိုသက်ဆွေဝင်းက ပြောပါတယ်။ ကိုသားညွန့်ဦး အွန်လိုင် ကနေ ဆက် သွယ်မေးမြန်းထားပါတယ်။  
Link : Here

Thursday, May 14, 2020

ရခိုင်မြောက်ပိုင်းတွင် အစိုးရနှင့် ကုလအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရေး သက်တမ်းတိုး

ဧရာဝတီ
ထွန်းထွန်း
13 May 2020
ငါးခူရ အမှတ် ၂ စခန်းသို့ ပြန်လည်ဝင်ရောက်လာသူများ / Myanmar Embassy Dhaka
 

နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးစီမံချက်များ ပူးပေါင်းဆောင်ရွက်ရန် အစိုး ရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) တို့အကြား တနှစ်သက်တမ်းတိုး နားလည်မှုစာချွန်လွှာအား မေလ ၁၁ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေး ထိုးခဲ့သည်။

Tuesday, May 5, 2020

ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရပြင်ဆင်

VOA
ဗွီအိုအေ (မြန်မာဌာန)
05 မေ၊ 2020
မေခ
ICJ အပြည်ပြည်ဆိုင်ရာတရားရုံး
 
 
ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားဖြတ်အစီအမံအရ မြန်မာ နိုင်ငံအနေနဲ့ ပထမဆုံးအစီရင်ခံစာ ICJ ကို မကြာခင်တင်သွင်းဖို့ ပြင်ဆင်ထားတဲ့အကြောင်း ပြောပြမှာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ မြန်မာနိုင်ငံအပေါ်ကြားဖြတ်စီရင်ချက်လေးချက် ချမှတ်ခဲ့ရာမှာ လေးလအတွင်း မြန်မာအစိုးရဘက်က ဆောင်ရွက်မှုတွကို ICJ ကို ပြန်အစီရင်ခံရမယ် ဆိုတာ ပါဝင်ပါတယ်။

Thursday, January 23, 2020

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု သက်သေအထောက်အထားမတွေ့ကြောင်း မြန်မာအစိုးရ ကဖွဲ့စည်းတဲ့ ကော်မရှင် အစီရင်ခံစာမှာဖော်ပြ

NHK WORLD JAPAN
အင်္ဂါ ဇန်နဝါရီလ 21
ရိုဟင်ဂျာမွတ်ဆလင်လူနည်းစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ သက်သေအထောက် အထား ကို မြန်မာအစိုးရက ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဟာ မတွေ့ခဲ့ပါဘူး။

ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက် ပြီး ၂၀၁၈ခုနှစ်မှာ လွတ်လပ်တဲ့ စစ်ဆေးရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။အဲဒီကော် မရှင်မှာ အဖွဲ့ဝင် ၄ဦးပါဝင်ပြီး သူတို့ထဲက ၂ဦးဟာ နိုင်ငံခြားသား ဖြစ်ပါတယ်။ အဲဒီထဲက တစ်ဦးဟာ ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်သံ အမတ်ဟောင်း ခန်းဇို အိုရှီးမ (Kenzo Oshima) ဖြစ်ပါတယ်။

Friday, September 20, 2019

ရိုဟင်ဂျာကို လူမျိုးအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ မြန်မာ အစိုးရကို ဥရောပပါလီမန်တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-09-19
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ။
Photo: AFP

                                                                    
 ကမ္ဘာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့ ဥရောပပါလီမန်က နှစ်စဉ် ပြန်လှန်သုံးသပ်သလို၊ အဲဒီနိုင်ငံတွေအပေါ် သူတို့ရဲ့သဘောထားနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ရှိပါတယ်။

Sunday, March 3, 2019

ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ် သက်သည့် တိုင်ကြားစာ ၄၀ ကျော် ရရှိထား

Frontier
MYANMAR
Saturday, March 02, 2019
  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ အစည်းအဝေး၌ ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-Supplu

၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည် ဟု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တိုင်ကြားစာ ၄၀ ကျော်ကို လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် က ရရှိထားဟု မြန်မာအစိုးရက ပြောကြားသည်။

Friday, March 1, 2019

မြန်မာနိုင်ငံ အခြေအနေ ခေါင်းစဉ်ဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးဖွင့် ရှင်းလင်းပွဲကျင်းပ

နေပြည်တော် မတ် ၁

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၉)နိုင်ငံဖြစ်သော ဘယ်လ်ဂျီယံ၊ ဒိုမီနီကန်ရီပတ်ဘလစ်၊ ပြင်သစ်၊ ဂျာမနီ၊ ကူဝိတ်၊ ပီရူး၊ ပိုလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့၏ တောင်းဆိုချက်အရ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ အီကွေတိုရီယယ် ဂီနီနိုင်ငံက မြန်မာနိုင်ငံအခြေအနေ ခေါင်းစဉ်ဖြင့် တံခါးဖွင့် ရှင်းလင်းပွဲတစ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရတ်နာဘာဂင်နာ တက်ရောက်၍ ဖေဖော်ဝါရီ ၂၈ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မိန့်ခွန်း ပါဝင်ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာ အရေး မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ် ပြစ်တင်

ဘီဘီစီ ၿမန္မာပိုင္း
03-02-2019
၂၀၁၈ ခု ဧပြီတုန်းက ဘင်္ဂလားျဒ့ရှ်ဘက်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

မြန်မာဒုက္ခသည်တွေကို နောက်ထပ် လက်ခံနိုင်တဲ့ အခြေအနေ မရှိတော့ဘူးလို့ ဘင်္ဂလားဒ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ရှဟီဒူဟက်ခ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */