Rohingya Today
ရှား၊ဖေဖေါ်ဝါရီလ(၉)ရက်၊
မလေးရှားနိုင်ငံသို့ စက်လှေဖြင့် လူကုန်ကူးခံနေရသည့် ရိုဟင်ဂျာ (၃၀) ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ရပ်တန့်ပြီးနောက် ရိုက်ကူးထားသည့်ပုံ (ဓါတ်ပုံ - AFP)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်တွင် ပြည့်နှက်နေသည့် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်များ အရှေ့တောင်အာရှနိုင်ငံများသို့ လူကုန်ကူးခံရမည်ကို စိုးရိမ်နေရသည့် အချိန်တွင် မလေးရှားနိုင်ငံသို့ လူကုန် ကူးနေခံရသည့် ရိုဟင်ဂျာ ဒုက္ခသည် (၃၀) ဦးကို ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်က ရပ်တန့်နိုင်ခဲ့သည်ဟု AFP သတင်းတွင် ရေးသားသည်။