" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘူးသီးတောင်မြို့. Show all posts
Showing posts with label ဘူးသီးတောင်မြို့. Show all posts

Tuesday, January 7, 2020

ဘူးသီးတောင်ပေါက်ကွဲမှု ကလေးလေးဦး သေဆုံး

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2020-01-07
ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်ကျေးရွာမှာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရွာသားတစ်ဦးကို သယ်ဆောင်လာစဉ်
Photo: CJ


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်မွတ်ဆလင်ကျေးရွာမှာ ဒီနေ့မနက်က ပေါက်ကွဲမှု တစ်ခုဖြစ်လို့ ကလေး လေးဦး ပွဲချင်းပြီးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက် မွတ်ဆလင်ကျေးရွာနားက တောင်ကုန်းမှာ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တာပါ။

ဘူးသီးတောင်မြို့နယ်တွင် ပေါက်ကွဲမှုကြောင့် ကလေးနှစ် ဦးသေ

Myanmar NOW
အောင်ငြိမ်းချမ်း
Published on Jan 7, 2020

မိုင်းထိ၍ ဒဏ်ရာရသူများအနက် ကလေး နှစ်ဦးမှာ ဆေးရုံကို ရောက်လာစဉ်ကတည်းက သေဆုံးနေခဲ့ပြီး ကျန်ကလေး ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ဘူးသီးတောင်မှ မောင်တောဆေးရုံသို့ ပြောင်းရွှေ့ထား သည်ဟု ဆေးရုံအုပ်က အတည်ပြုထားသည်။

ဘူးသီးတောင်ဆေးရုံသို့ ရောက်ရှိလာသည့် ကလေးများအနက်မှ ကလေးငယ်တဦး။ (ဓာတ်ပုံ - ကောင်းမြတ်နိုင်(မောင်တော) )
 

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် ယနေ့မနက်က ပေါက်ကွဲမှုကြောင့် အနည်းဆုံး အ နည်းဆုံး ကလေး ၂ ဦး သေဆုံးပြီး၊ ၆ ဦး ဒဏ်ရာရသွားသည်ဟု ယင်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက Myanmar Now ကို ပြောသည်။

Tuesday, December 31, 2019

ဘူးသီးတောင်ဘက်ကိုသွားတဲ့ ယာဉ်မောင်း ၁၆ ဦးကို AA ဖမ်းဆီး

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-12-31
စစ်တွေ-ဘူးသီးတောင် ပြေးဆွဲနေတဲ့ အောင်တံခွန်သင်္ဘောကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA


ရခိုင်ပြည်နယ် မောင်တောဒေသကိုသွားတဲ့ အစိုးရ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို AA ရက္ခိုင့်တပ်တော်က ဒီနေ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ဘူးသီးတောင်မြို့ကိုသွားတဲ့ အောင်တံခွန် (၇) ရေယာဉ်ပေါ်ကနေ ကုန်းလမ်း ပို့ဆောင်ရေး (ကပရ) က ယာဉ်မာင်း ၁၆ ဦးကို AA အဖွဲ့ က ဒီနေ့ နေ့လယ်က ဖမ်းဆီးသွားတယ်လို့ ဒေသအာဏာပိုင်တွေက ပြော ပါတယ်။

Thursday, December 26, 2019

ဖမ်းဆီးထားတဲ့ NLD ဘူးသီးတောင်ဥက္ကဋ္ဌ သေဆုံးသွား ကြောင်း AA ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-12-25
ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်း


ဒီဇင်ဘာလ ၂၅ ရက် ခရစ်စမတ်နေ့မှာ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေ AA တပ်စွဲထားရာ တောင်ကုန်းကို ကျရောက်ပေါက်ကွဲတဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ထားသူ တချို့ ဒဏ်ရာရ သေဆုံးခဲ့ပြီး၊ အဲဒီထဲမှာ NLD ဘူးသီးတောင် ဥက္ကဋ္ဌလည်း ပါဝင်ကြောင်း AA က ဒီည ထုတ်ပြန်ပါတယ်။

Sunday, December 8, 2019

ရသေ့တောင်မှာ တိုက်ပွဲတွေပြင်းထန်

B B C
ဘီဘီစီ မြန်မာပိုင်း
08 ဒီဇင်္ဘာ 2019
 ဘူးသီးတောင်နဲ့ရသေ့တောင်ကြားက ရွာဆယ်ရွာကျော်ကို ဒေသခံတွေစွန့်ခွာသွားကြပါပြီ


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီဇင်ဘာ ၇ ရက်မှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဟတ်ယာဉ်ပေါ်ကနေ တိုက်ခိုက်သလို အနီးအနားရှိ မြန်မာ့တပ်မတော် ရေဆိုးချောင်းဗျူဟာစခန်းကနေ တိုက်ခိုက်မှုတွေကြောင့် ရေဘုတ်၊ အမျက်တောင်၊ ငစံဘော်၊ ကျောက်တန်း ကျေးရွာတွေက ဒေသခံထောင် နဲ့ချီ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဘီဘီစီက အဲဒီဒေသခံတွေကို ဆက်သွယ်မေးမြန်းနေစဉ်မှာကိုပဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ တဲ့ အသံကိုလည်း ကြားခဲ့ရပါတယ်။

"အကုန်လုံးပြေးနေကြရတယ်။ ရွာနားတွေမှာ အလုံးတွေ၊ အမြှောက်တွေ ကျနေတာ။ လေယာဉ်က နှစ် ခေါက်လာပြီးပြီလေ" လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဘီဘီစီကို ဒီဇင်ဘာ ၇ ရက်မှာပြောပါတယ်။

ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ကြား ရွာပေါင်း ၁၀ ရွာကျော်ဟာ ရွာသားတွေစွန့်ခွာ သွားကြ တဲ့အတွက် ရွာပျက်တဲ့အဆင့်ကိုရောက်နေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

Saturday, November 30, 2019

ICRC ရိက္ခာကူညီမှု ဘူးသီးတောင်မှာ ကန့်သတ်ခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-11-30
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စိန်ညင်းပြာကျေးရွာကို ၂၀၁၉၊ အောက်တိုဘာလထဲမှာ ICRC က စားနပ်ရိက္ခာနဲ့ သီးနှံမျိုးစေ့တွေ လာရောက်ပေးအပ်စဉ်Photo: International Committee of the Red Cross Myanmar


 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းမြောက်ပိုင်းမှာရှိတဲ့ ကျေးရွာပေါင်း ၄၀ ခန့်ကို ဧပြီလဝန်း ကျင်ကစပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က စားနပ်ရိက္ခာအကူအညီတွေကို ပေးအပ် နေတာပါ။

ရက္ခိုင့်တပ်တော်(AA)နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား ထွက်ပြေး တိမ်းရှောင်ကြရပြီး ICRC အဖွဲ့က စိုင်းဒင်တံတားအနီး ကင်းတောင်ကျေးရွာမှာ အခြေပြုပြီး အထက်ပိုင်း ကျေးရွာတွေကို ရိက္ခာ ဖြန့်ဝေပေးနေတာပါ။

Thursday, November 7, 2019

ဘူးသီးတောင်နယ်ကရွာတွေ အပစ်ခံရ၊ ရိုဟင်ဂျာ တစ်ဦး သေ၊ သုံးဦးဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2019-11-07
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက မွတ်စလင် ကျေးရွာကို တွေ့ရစဉ်
Photo: AFP

                                       
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စိုင်းဒင်တံတားအနီး သရက်ပြင်၊ ကြာညိုပြင်ကျေးရွာတွေမှာ မနေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ် ၃၀ ကျော်မီးလောင်ပြီး လူ သုံးဦး ထိခိုက်ဒဏ်ရာရသွားသလို ဒီနေ့မှာလည်း အဲဒီအနားက ဖုံညိုလိပ်ကျေးရွာမှာ ကျည်ဆံထိမှန်လို့ ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့ ကျေးရွာတွေဟာ ဘူးသီးတောင်မြို့ အရှေ့ဘက် စိုင်းဒင် တံ တား အနီးမှာ ရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။

Saturday, October 26, 2019

ရွှေနဒီအမြန်ရေယာဉ် ကျန်ရှိနေသည့်ခရီးသည်များနှင့်အတူ ဘူးသီးတောင်သို့ ရောက်ရှိလာ

နိရဉ္စရာ
စိုးဇံအောင်
အောက်တိုဘာ ၂၆/၂ဝ၁၉
လုံခြုံရေးတပ်ဖွဲ့ဝင် ၂၇ ဦး အပါအဝင် လူပေါင်း ၄ဝ ကျော်ကို ရက္ခိုင့်တပ်တော် (AA) က ခေါ်ဆောင်သွား ခံရပြီးနောက် ရွှေနဒီ အမြန်ရေယာဉ်သည် ကျန်ရှိခဲ့သည့် ခရီးသည်များ နှင့် အတူ ဆက်လက် ထွက်ခွာလာ ရာ ယနေ့ ညနေ ၄ နာရီကျော်က ဘူးသီး တောင်မြို့သို့ ရောက်ရှိခဲ့သည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွတ်တော် ကိုယ်စားလွယ် ဦးထွန်းအောင်သိန်းက”ခရီးသည် အရေ အ တွက် ကိုတော့ ကြှန်တော်လည်း မသိသေးဘူး ရောက်တာတော့ မကြာသေးဘူး။လေးနာရီလောက်က ရောက်တယ်။ သူတို့ကို သပွတ်ျေခာင်းမွာ နယ်ခြားစောင့်တပ်က စစ်ဆေးခဲ့တယ်လို့ ပြောတယ်။ အဲဒီမှာ
တော့ တစ်ယောက်မွ မကျန်ခဲ့ဘူးလို့ ပြောတယ်။ စစ်ဆေးပြီး ပြန်လွတ်လိုက်တယ်လို့ သိရပါတယ်”ဟု နိရဉ္စရာသို့  ပြောသည်။

Friday, October 25, 2019

တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ

မြန်မာ့အလင်း
နေပြည်တော်
အောက်တိုဘာ ၂၄

ဘူးသီးတောင်မြို့နယ်၌ တရားရုံးထုတ်အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းအားAA အဖွဲ့က  အဝေး ထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်−မောင်တော ကားလမ်း၌ တရားရုံး ထုတ် အချုပ်ယာဉ်နှင့် လုံခြုံ ရေးယာဉ်တန်းတို့အား AA အဖွဲ့က အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

Thursday, October 10, 2019

ရခိုင်တိုက်ပွဲ - ဘူးသီးတောင်မြို့ NLD ရုံးအနီး မိုင်းပေါက် ကွဲမှုဖြစ်

B B C
ဘီဘီစီ မြန်မာပိုင်း
10 မအောက်တိုဘာ 2019
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့ပေါ်မှာ အောက်တိုဘာ ၁၀ ရက် ဒီကနေ့မနက် ၉ နာရီဝန်းကျင်လောက်က မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံတွေကတဆင့် သိရပါတယ်။

အဲ့ဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ပန်ဇင်းချောင်းတံတား အရှေ့ဘက် ဘူးသီးတောင်မြို့ပေါ်နဲ့ တစ်မိုင် လောက် ပဲဝေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးဆောက်လုပ်နေတဲ့ နေရာအနီး လမ်းမပေါ်မှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး အဲ့ဒီလမ်းမဟာ ဘူးသီးတောင်ရှိ တပ်မ စကခ ၁၅ ကိုသွားတဲ့ လမ်းတစ်လမ်းလည်းဖြစ်ပါတယ်။

Sunday, August 4, 2019

ဘူးသီးတောင်မြို့နယ်၌ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်

မြန်မာ့အလင်း
မောင်တော ဩဂုတ် ၂

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အုတ်တောင်ကျေးရွာ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ် အစိုး ရ အဖွဲ့ ရန်ပုံငွေဖြင့် ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင် ရွက်လျက် ရှိသည့် ကျေးရွာအိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းပြီးစီးမှု အခြေအနေကို ဇူလိုင်လနောက်ဆုံးပတ် က စစ်တွေအခြေစိုက် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းမှာ ဘူးသီးတောင် မြို့နယ် အုတ်တောင်ကျေးရွာရှိ ဆည်ရေမှ ကျေးရွာအိမ်တိုင်ရာရောက် ရေပိုက်သွယ်တန်းခြင်း ၀/၂ မိုင်ကို ခွင့်ပြုငွေကျပ် ၃၇ ဒသမ ၀၀ သန်းဖြင့် ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ရာ ယင်းကျေးရွာရှိ အိမ်ခြေ ၆၇ အိမ်၊ လူဦးရေ ၃၄၈ ဦးအတွက် နှစ်စဉ် နွေရာသီ၌ ရေရှားပါးမှုဒဏ်ခံစားနေရ သည့် ကျေးရွာပြည်သူများ ရေလုံ လောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)
Sources: Face Book

Thursday, July 18, 2019

ဘူးသီးတောင်တိုက်ပွဲအတွင်း နေအိမ် နှစ်လုံး မီး လောင်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-18

ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

                                       
ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စု ရှစ်ရှားတောင်ကျေးရွာနဲ့ ဥယျာဉ်သာကျေးရွာအကြားမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှစ်ရှားတောင်ကျေးရွာက နေ အိမ် နှစ်လုံး မီးလောင်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေက ပြောပါတယ်။

Friday, July 12, 2019

ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ယမန်နေ့ကစပြီး လျှပ်စစ်မီးပြတ်တောက်နေ

နိရဉ္စရာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇူလိုင် ၁၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်၁၂ နာရီကျော် ခန့်မှ စပြီး မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့က တစ်ချိန်တည်း စပြတ် သွားတာပါ။ ရသေ့တောင်မြို့နဲ့ ဘူးသီးတောင် မြို့ ကြားက ၆၆ လိုင်းမှာ အဲဒီအနားမှာ ပြသနာ တစ်ခုဖြစ်နေတယ်။ အဲဒါ ဘယ်နားမှာရှိလဲ ကျွန်တော်တို့ လိုက်ရှာနေတုန်းပါ။ အဲဒါကို လုပ်ပြီးမှ လျှပ်စစ်မီး ပြန်ဆင်လို့ ရပါမယ်”ဟု မောင်တောမြို့နယ် လျှပ်စစ် အင် ဂျင်နီယာ ဦးအောင်အောင်လှစောက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

Thursday, February 28, 2019

ရခိုင်မြောက်ပိုင်း ရဲယာဉ်တန်း တိုက်ခိုက်ခံရ ရဲနှစ်ဦး သေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန် ၊ 28 ဖေဖော်ဝါရီ၊ 2019

အောက်တိုဘာ ၂၀၁၆ တုန်းက ရခိုင်မြောက်ပိုင်း လုံခြုံရေးရဲယာဉ်ကို တွေ့ရစဉ် 

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာမှာ မနေ့ညပိုင်းက ရဲတပ်ဖွဲ့ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရလို့ရဲတပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ သင်ပုန်းတန်းကျေးရွာ ဘက် မှာလဲ လက်နက်ကြီး ကျည်ဆံပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦး သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထား ပါတယ်။

Tuesday, February 19, 2019

ရခိုင်စစ်ဘေးရှောင်များအတွက် ပြည်နယ်အစိုးရက တစ်ကြိမ် ထောက်ပံ့ထား

ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ။         ။ တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်မိသားစုလျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် ဇန်နဝါရီလအတွင်းက တစ်ကြိမ် ထောက်ပံ့ပေးထားသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောသည်။


Monday, February 4, 2019

စစ်ပြေးဒုက္ခသည်တချို့ ကျောက်တော်မှာ ဖမ်းဆီး ခံရ

စစ်ပြေးဒုက္ခသည်များ (photo-Rakhine Ethnics Congress)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်က ရွာသားတွေဟာ သူတို့ဒေသမှာ စစ်ရေးတင်းမာနေတဲ့ အ
ခြေအနေ ကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ဘေးတိမ်းရှောင်ရာကနေ အခုတော့ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတယ်လို့ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဲဒီ ရှင်းလက်ဝရွာသား လူငယ် တွေအနေနဲ့ စစ်ရေးပဋိပက္ခအတွင်း ဖမ်းဆီးခံရမှာကြောက် လို့ နေရပ်ကနေတိမ်းရှောင်လာကြတာလို့ မြို့ခံတွေကပြောပါတယ်။ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည် နယ် တွင်း နောက်ဆုံးအခြေအနေ
တွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Tuesday, January 29, 2019

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အရပ် သားတချို့ ထိခိုက်သေဆုံး

                   ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ ( ဓါတ်ပုံ Wan Lark Foundation)

ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တိုက်ပွဲဖြစ်ပွါးရာဒေသက ကျေးရွာသားတွေ ထိခိုက်သေဆုံးတာ တွေလည်း ရှိလာနေပါတယ်။ ရသေ့တောင်မြို့နယ်ဘက်က တိုက်ပွဲအတွင်းမှာ အရပ်သားကလေးငယ်တဦး ထိခိုက်သေဆုံးခဲ့သလို တပ်မတော်က ကျေးရွာတွင်း နေအိမ်တွေကို ရှာဖွေချိန်အတွင်း ရွာသားတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းယူသွားတာတွေရှိတယ်လို့ ရွာသားတွေက ပြောတဲ့အကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒီစွပ်စွဲချက်ကို တပ်မတော်ဘက်က ငြင်းဆန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Thursday, January 17, 2019

ဘူးသီးတောင် အကျဉ်းထောင်မှ ရိုဟင်ဂျာ အ ကျဉ်းသားများ၏ အတိဒုက္ခများ

ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲမြို့များတွင် အကျဉ်းထောင်ကြီးများရှိသည်။ ဤဆောင်းပါးတွင် ဘူးသီးတောင်မြို့ အကျဉ်းထောင်၌ ရိုဟင်ဂျာအကျဉ်းသားများ ကြုံတွေ့နေရသည့် အတိ ဒုက္ခများကို တင်ပြပါမည်။

Friday, January 11, 2019

ရခိုင်မြို့နယ်ငါးမြို့နယ်မှာ NGO လုပ်ငန်းတွေနဲ့ ခရီးသွားခွင့်ကန့်သတ်

                                                              ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကင်းစခန်း။

အစိုးရနဲ့ ရက္ခိုင့်တပ်မတော် AA အကြားက တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်က ကျေးရွာတွေမှာ ကုလသမဂ္ဂ အပါအဝင် NGO အဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခွင့်နဲ့ လုပ်ငန်း ဆောင်ရွက်ခွင့်ကို ပြည်နယ်အစိုးရက ကန့်သတ်လိုက်ပါတယ်။

Sunday, January 6, 2019

အရှိန်ရနေတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲဟာ ရေရှည် ဖြစ်သွား နိုင်မလား

ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲပြင်း ထန်လာပြီး လုပ်ကြံမှု၊ ခြိမ်းခြောက်မှုတွေ ပေါ်ပေါ်တင်တင်ဖြစ်လာပါ တယ်။ရခိုင်အမျိုး သားဒီမိုကရေ စီအဖွဲ့ ချုပ် တည်ထောင်ခဲ့သူတယောက်ဖြစ်တဲ့ ဦးခင်သန်းမောင် နေအိမ်မှာ သတ်နတ်နဲ့ပစ်သတ်ခံရတယ်။ နောက်ပြီး ရဲအရာရှိတယောက်၊ ရပ်ရွာအုပ်ချုပ်ရေးမှူးနဲ့ စီးပွားရေးသမားတယောက်ကို အေအေက ကျည်ဆံ နဲ့ အတူ သတိပေးစာပို့ခဲ့တယ်။တဦးချင်းစီကိုလိပ်မူပြီး ပို့ခဲ့တဲ့စာထဲမှာ အေအေနဲ့ သူ့ရဲ့နိုင်ငံရေးအဖွဲ့ ရခိုင် အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ရခိုင်ပြည်နယ်အတွင်း အမျိုးသားရေးလုပ်ငန်း တာဝန်တွေနဲ့ ULA ဘက်က ချမှတ် ထားတဲ့ လမ်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသူတွေကို အနှောင့် အယှက် မပေးဖို့ အထူး သတိပေးလိုတယ်လို့ ရေးသားထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */