" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Tuesday, November 9, 2021

ရိုဟင်ဂျာစခန်း ပတ်ဝန်းကျင်ထိန်းသိမ်းမှု အစီအစဉ်

VOA
ဗွီအိုအေမြန်မာပိုင်း
သိင်္ဂီထိုက်
08 နိုဝင်ဘာ၊ 2021

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေ ကြုံနေရတာကြောင့် ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေကြရပါတယ်။ ဒီအကြောင်း ကုလသမဂ္ဂရဲ့ သတင်းထုတ် ပြန်ချက်ကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

Link : Here

Saturday, October 23, 2021

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာအုပ်စုနှစ်ခုကြား တိုက်ခိုက်မှု ၆ ဦးထက်မနည်းသေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
22 အောက်တိုဘာ၊ 2021
Bangladesh Rohingya
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသက ဘာလုခါလီ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ အုပ်စုနှစ်စုကြား ဒီကနေ့ တိုက်ခိုက်ကြတာကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရသွားပါ တယ်။

Saturday, October 9, 2021

ရိုဟင်ဂျာ ၈ သောင်းကျော် ဘာဆန်ချာကျွန်း ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 အောက်တိုဘာ၊ 2021
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀

ရိုဟင်ဂျာ ၈ သောင်းကျော် ဘာဆန်ချာကျွန်း ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

ကုလသမဂ္ဂက အကူညီပေးဖို့ သဘောတူညီချက်ရခဲ့တဲ့နောက် ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချာ ကျွန်း ဆီကို ရိုဟင်ဂျာ ဒုက္ခသည် ၈၀ ၀၀၀ ကျော် ပို့ ပေးဖို့ ဘင်္ဂလားဒက်ရှ်အစိုးရက စီစဉ်နေပါတယ်။ လူ့ အ ခွင့်ရေးအဖွဲ့တွေက စိုးရိမ်ကြောင်း ပြောနေတဲ့ ကြားက ဒီကျွန်းပေါ်က ဒုက္ခသည်စခန်းကိုပို့ပေးထားတဲ့ ရိုဟင်ဂျာဒုက္ခ သည်က ၁၉ ၀၀၀ လောက်ရှိနေပြီဖြစ်ပါတယ်။

Sunday, October 3, 2021

ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှုအတွက် မသင်္ကာသူ ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
03 အောက်တိုဘာ၊ 2021

လုပ်ကြံခံခဲ့ရတဲ့ ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah (လယ်)။ (သြဂုတ် ၂၅၊ ၂၀၁၉)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့ မ သင်္ကာသူ ၃ ယောက်ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မသင်္ကာသူတွေကို ဖမ်းဆီးထား ကြောင်း Cox’s Bazar ဒေသ ရဲအရာရှိ Naimul Huq က AFP သတင်းဌာနကို ပြောပေမယ့် အသေးစိတ်တော့ မပြောပါဘူး။

ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Mohib Ullah ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာတွေ အခွင့်အရေးအတွက် ဦးဆောင်လှုပ် ရှား နေသူ ဖြစ်ပါတယ်။ သူ့လုပ်ရပ်တွေအပေါ် မနှစ်သက်တဲ့ သဘောထားတင်းမာသူတွေရဲ့ အသက်အန္တရာယ် ခြိမ်း ခြောက်မှုတွေ အရင်ကတည်းက ရှိခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြကြပါတယ်။ သူပစ်ခတ်ခံရတာ ကို ကိုယ်တိုင်တွေ့ခဲ့ရတဲ့ Habib Ullah ကတော့ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

 ARSA အဖွဲ့ကတော့ ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရတဲ့အပေါ် တုန်လှုပ်ဝမ်းနည်းကြောင်းနဲ့ သူတို့အဖွဲ့အေ ပါ် စွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးလို့လည်း တုံ့ပြန်ထားတာပါ။

သူသေဆုံးမှုကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေက ဝမ်းနည်းကြောင်းနဲ့ ရိုဟင်ဂျာတွေ အ ပေါ် အကာအကွယ်ပေးဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen ကတော့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေက ၂၀၁၇ ခုနှစ် တုန်းက တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားခဲ့ကြတာပါ။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမယ့် ရခိုင် ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို ဖေ ဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လိုဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။
Link: Here

Thursday, July 29, 2021

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ ရေဘေးဒဏ် သင့်နေ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
29 ဇူလိုင်၊ 2021
ဘင်္ဂလားဒေ့ရှ်ရောက် Rohingya ဒုက္ခသည်များ (ဓာတ်ပုံ - AP)
 
ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ မုတ်သုန်မိုး ပြင်းပြင်းထန်ထန် ရွာသွန်းတဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည် တေ သာင်း လောက်ကို ဘေးလွတ်ရာ နေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတွေက ပြောပါ တယ်။ သီတင်းတပတ်လောက် မိုးပြင်းပြင်းထန်ထန် ရွာနေခဲ့တာကြောင့် မြန်မာနယ်စပ်နားမှာရှိနေတဲ့ ဒုက္ခ သည်စခန်းတွေမှာ ရေကြီး၊ မြေပြိုတဲ့ ဘေးဒဏ်ကို အကြီးအကျယ်ခံနေရပြီး လူ ၁၄ ယောက်ထက် မနည်း သေဆုံးခဲ့သလို စခန်းထဲက ထောင်နဲ့ချီတဲ့ တဲအိမ်တွေ ရေနစ်မြုပ်နေပါတယ်။

Friday, July 16, 2021

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ် ဆေး ထိုးပေးတော့မည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2021-07-15

၂ဝ၂ဝ ဒီဇင်ဘာလက ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းကို ပို့ဆောင်စဉ်။
File Photo: Reuters


 မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လာမယ့် သြ ဂုတ်လဆန်းမှာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ကြာ သ ပတေးနေ့က ပြောဆိုကြောင်း AFP သတင်းတရပ်မှာ ဖော်ပြပါတယ်။
                                                      

Wednesday, May 19, 2021

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ဆဲ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 မေ၊ 2021  
ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားမှာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် စားနပ်ရိ က္ခာ ဖူလုံရေးက ထိပ်တန်း ဦးစားပေး အဖြစ် ဆက်လက် ရှိနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ရိုဟင်ဂျာပဋိပက္ခ ရေရှည်ခိုင်မာတဲ့အဖြေရှာဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

VOA
ဗွီအိုအေမြန်မာပိုင်း
မသိင်္ဂီထိုက်
19 မေ၊ 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ရိုဟင်ဂျာဒုက္ခသည်များ။

ရိုဟင်ဂျာ ပဋိပက္ခအတွက် ရေရှည် ခိုင်မြဲမယ့် ဖြေရှင်းချက် ရရှိရေး ဘင်္ဂလားဒေ့ရှ်က ဦးဆောင်ပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေး အလှူရှင် ညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကနေ Lisa Schlein ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပါမယ်။

Tuesday, March 23, 2021

ဘာဆန်ချာကျွန်းဟာ ရိုဟင်ဂျာတွေကိုထားဖို့ လုံခြုံတဲ့နေရာလို့ ဘင်္ဂလား‌ဒေ့ရှ်ပြော

RFA
March 23, 2021

■ အမ်ဖန် ဆိုက်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလား‌ဒေ့ရှ် ကမ်းရိုးတန်းတလျှောက်မှာ ထိခိုက်ပျက်စီးခဲ့ပေမယ့် ဘာဆန်ချာကျွန်းဟာ မုန်တိုင်းဒဏ်ကို ခံနိုင်တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေကို ထားဖို့ အလုံခြုံဆုံးနေရာတခု ဖြစ်တယ်လို့ ဘင်္ဂလား‌ဒေ့ရှ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်‌ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

Thursday, January 14, 2021

ရိုဟင်ဂျာတွေ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် မြန်မာ တရုတ် ၃ ပွင့်ဆိုင် ဆွေးနွေးမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ဇန်နဝါရီ၊ 2021



ကုတုပလောင်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်များ


ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ပြုလုပ်ဖို့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဒါအပြင် အကျိုးဖြစ်ထွန်းတဲ့ အစည်းအဝေးဖြစ်မယ်လို့ မျှော်လင့် ကြောင်းလည်း သူက သတင်းထောက်တွေကို ပြောပါတယ်။ ဒီသုံးပွင့်ဆိုင် အစည်းအဝေးကို ၂၀၂၀ ဇန်နဝါရီ လမှာ ပြုလုပ်ခဲ့ပြီးနောက် တနှစ်အကြာမှာ ထပ်မံပြုလုပ်တာဖြစ်ပါတယ်။

Tuesday, December 8, 2020

မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ရိုဟင်ဂျာများကို ကူညီ ရန် ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး တိုက် တွန်း

𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚
ဒါကာ၊ ဒီဇင်ဘာ ၈


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုလသမဂ္ဂလုပ်ငန်းလည်ပတ်မှုအခြေခံအတိုင်း ဘာရှန်ချားကျွန်းမှ ရိုဟင်ဂျာ များကို ကုညီသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်က တနင်္လာနေ့တွင်ပြော သည်။

Saturday, December 5, 2020

ရိုဟင်ဂျာဒုက္ခသည်တွေ Bhasan Char ကျွန်းမှာ နေရာချ ထားမှုအပေါ် ဝေဖန်မှု ဘင်္ဂလားဒေ့ရှ် တုံ့ပြန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 ဒီဇင်ဘာ၊ 2020 
Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်း။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)
 
 ဝေးလံတဲ့ Bhasan Char ကျွန်းကိုပို့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တခြား နိုင်ငံအသိုင်းဝိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေကို ဖျက်လိုဖျက်ဆီးမလုပ်ဖို့၊ ဒါမှမဟုတ် လွဲမှားစွာ အဓိပ္ပါယ် မကောက်ယူကြဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်းထန်စွာ သတိ ပေးချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးအတွက် ကုလသ မဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းဝိုင်း ဝိုင်းဝန်း တိုက်တွန်းပေးခြင်းသည်သာလျှင် လက်တွေ့ကျတဲ့ လုပ်ရပ်ဖြစ်တယ်၊ ပြဿနာကို ရေရှည်ဖြေရှင်းနိုင်မယ့် တခုတည်းသော နည်းလမ်းလည်း ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက သောကြာနေ့ညနေပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထား ပါတယ်။

တချိန်ထဲမှာဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မှန်ကန်တဲ့ ကြိုးပမ်းမှုတွေကို လွဲမှားစွာ အဓိပ္ပါမဖွင့်ဆိုမိအောင် အထူး သ တိ ထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကို ဝေဖန်နေမယ့်အ စား လူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်သွားနိုင်ရေး အတွက် တိုးမြင့် အားထုတ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၆၀၀ ကျော်ကို Bhasan Charကျွန်းကို ပထမအသုတ်အနေနဲ့ပြောင်း ရွေ့ နေရာချထားလိုက်တာဟာ သူတို့ရဲ့ သဘောဆန္ဒ အလျောက်ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ပြောင်းရွှေ့မှုနဲ့ပတ်သက်လို့ ဒါဟာ ဒုက္ခသည်တွေရဲ့ ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိရမယ်လို့ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီက အခိုင်အမာ ပြောဆိုခဲ့ပြီးတဲ့နောက် အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကြေ ညာ ချက် ထုတ်ပြန်လိုက်တာပါ။

Bhasan Char ကျွန်းကို အခုလို ပြောင်းရွေ့မှုနဲ့ပတ်သက်လို့ တချို့ဒုက္ခသည်တွေဟာ ဖိအားပေးခံခဲ့ရတယ်၊တချို့ တွေက ပြောင်းဖို့ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုကြတယ်လို့ ကုလသမဂ္ဂအနေနဲ့ ကြားသိရကြောင်း နယူး ယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ သောကြာနေ့ကကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အတွင်း ရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူကဆက်ပြီး -

“မနေ့က ရွေ့ပြောင်းမှုတွေ လုပ်ဆောင်နေတဲ့ကာလအတွင်း ဒုက္ခသည်တွေရဲ့ သောကဝေနေတဲ့ စိတ်မချမ်း မြေ့ဘွယ်ရာ မျက်နှာတွေကိုလည်း ကျနော်တို့ မြင်တွေ့ကြရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ကျနော်တို့ဘက်က ဘင်္ဂဘားဒေ့ရှ်အာဏာပိုင်တွေကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်” - လို့ အတွင်း ရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Staphane Dujarric က ပြောသွားတာပါ။

ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ဟာ ဒုက္ခသည်တွေကို ကျွန်းပေါ်ကို မပြောင်းရွေခင် သူတို့အနေနဲ့ အဲဒီမှာ ဘေးကင်း လုံခြုံစွာ နေထိုင်လို့ ရနိုင်မလားဆိုတာကို အရင် ချင့်ချိန် ဆုံးဖြတ်ပြီးမှ ပို့သင့်တယ်ဆိုတဲ့အချက်ကိုလည်း Staphane Dujarric က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
 
Link: Here

Tuesday, November 17, 2020

ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် ဂျပန်က မြန်မာနှင့် ဆက်သွယ်ဆောင်ရွက်မည်ဟု ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဂျပန် သံအမတ်ကြီးပြော

မဇ္ဈိမ
နိုဝင်ဘာ ၁၇
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဘာလူခါလီ ဒုက္ခသည်စခန်းအတွင်း လမ်းတလျှောက်တွင် တွေ့မြင်ရသည့် ရိုဟင်ဂျာ ကလေးငယ်များ (ဓာတ်ပုံ - Reuters)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီတိုနာအိုကီက ဂျပန်နိုင်ငံအနေဖြင့် ရိုဟင်ဂျာ (မူရင်း) များ ရခိုင် ပြည်နယ်ရှိ ၎င်းတို့၏ မူလဌာနေသို့ ဆောလျင်စွာပြန်နိုင်ရေး မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက် သွား မည်ဟု နိုဝင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

Wednesday, October 28, 2020

AA နှင့် ARSA အရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ၂ နိုင်ငံ ကြား ပူးပေါင်းဖြေရှင်းရမည်

ဧရာဝတီ
28 October 2020
လွန်ခဲ့သောလက ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်၏ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝေဖန်လိုက်ပြီး မွတ်ဆလင်ဒုက္ခသည်များ ပြန် လည်လက်ခံရေး တုံ့ဆိုင်းနေရခြင်းမှာ ထိုလုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးနေသည့် စစ်သွေးကြွအုပ်စု များ နှင့် ၎င်းတို့ကို ထောက်ခံသူများကို ဘင်္ဂလားဒေ့ရှ်က ဖြိုခွဲရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြား ခဲ့ သည်။

Tuesday, October 20, 2020

ရိုဟင်ဂျာ အရေး မြန်မာနိုင်ငံတာဝန်ခံမှု ရှိရမည်ဟု ဘင်္ဂ လား ဒေ့ရှ်ကို နယ်သာလန်ကတိပြု

Myanmar Top News
ဘာသာပြန်
October 20, 2020

နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာ နိုင်ငံကို တာဝန်ခံမှုရှိစေရေး ကတိပြုသည်ဟု နယ်သာလန်နိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုပြောသည်။ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး စတက်ဖ် ဘလော့ကရေးသားသည့်စာ တွင်ပါဝင်ခြင်း ဖြစ်သည်။

Sunday, October 11, 2020

အနောက်ဘက်တံခါးက အပေးအယူ

ဧရာဝတီ
မင်းအောင်ခိုင်
11 October 2020 


နတ်မြစ်တဘက်ကမ်းကို ကျော်လွန်ပြီး မြန် မြန်မာ့တပ်မတော် စစ်သည် နှစ်ဦး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ သို့ ရောက်ရှိသွားကြောင်း သတင်းထွက်ပေါ်လာအပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားတွင် ၂ ဘက်တပ်များ တိုး ချဲ့ချ ထားခြင်းကြောင့် ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ် များအ တွင်း မြန်မာ့ တပ်မတော်နှင့် ရခိုင့်တပ် AA တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း သတင်းတို့က နောက် ဆက် တွဲထွက် ပေါ် လာခဲ့ရာ ဆက်စပ်စဉ်းစားစရာများ ဖြစ်လာခဲ့သည်။

စက်တင်ဘာ ၈ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Fortify Rights က New York Times သတင်းစာနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှရိုဟင်ဂျာခေါ်ရခိုင်ပြည်မြောက် ပိုင်း နေ မွတ်ဆလင်များအား သတ်ဖြတ်ခြင်းကို မြန်မာ့တပ်မတော်၏ အမိန့်ဖြင့် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထား ရသော တပ်သား ၂ ဦး၏ သက်သေခံ ထွက်ဆိုချက်ကို ထုတ်ပြန်ခဲ့သည်။

Sunday, September 27, 2020

ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တင်ပြချက် ရိုဟင်ဂျာတွေ ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
27 စက်တင်ဘာ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ကုတုပလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ရိုဟင်ဂျာဒုက္ခသည် တွေအရေး ဝိုင်းဝန်းအဖြေရှာပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့အပေါ် ဒုက္ခသည်တွေက ကြိုဆိုပြီး သူတို့နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်နိုင်ရေး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

Saturday, June 6, 2020

ကိုဗစ်ကပ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင် ပြန်ဝင်လာသူတွေဆက်ရှိနေ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.06.06
နယ်စပ်စည်းရိုးက လုံခြုံရေးအားနည်းတဲ့နေရာတွေကတဆင့် ခိုးဝင်တာတွေရှိနေ

ဘူးသီးတောင်နဲ့မောင်တောမြို့နယ်မှာ ဇွန် ၄ရက်နဲ့ ၅ ရက် ၂ရက်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က တရား မ ဝင်ပြန်ဝင်လာသူ ၁၂ ဦးရှိခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

Wednesday, June 3, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပထမဆုံး ကိုဗစ်-၁၉ ကြောင့် သေဆုံး

ဧရာဝတီ
Muktadir Rashid
3 June 2020

ကုတုပလောင်တွင် ကုတင် ၅၀ ဆန့် ကုသရေးစခန်းတခုနှင့် ယူခီယာတွင် ၁၄၅ ကုတင်ဆန့် ကုသရေး စခန်းတခု UNHCR က ဖွင့်ထားသည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားရှိဆေးရုံတခုတွင် တနင်္ဂနွေနေ့က သေဆုံးသော အသက်အရွယ်ကြီးရင့်သူ တဦး၏ ဓါတ်ခွဲခန်းနမူနာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဒေသခံအရာရှိများ၏ အဆိုအရ တနင်္လာနေ့က သိရ သည်။ လူဦးရေးထူထပ်သည့် ဒုက္ခသည်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးရန်အရှိန်မြှင့်လုပ်ဆောင် သွားမည်ဟုလည်း ထိုအရာရှိများပြောသည်။

Thursday, May 28, 2020

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုတိုးမြှင့်ပေးဖို့ ဒုက္ခသည်တွေတောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
ဇော်ထက်
28 မေ၊ 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းရှိ ဈေးတခု အတွင်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (မေ ၁၅၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရ်ှက ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရမှုတွေတိုးလာပြီး၊ သီးသန့် ခွဲစောင့်ကြည့်ခံရသူဟာလည်း ၁၅,၀၀၀ ဝန်းကျင် ရှိလာတာမို့ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေဘက်က ဒုက္ခသည်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတဲ့သတင်း ပြော ပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */