" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Monday, May 4, 2020

ကိုဗစ်နဲ့ မုန်တိုင်းရာသီ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခ သည်တွေ စိုးရိမ်

VOA  
ဗွီအိုအေ (မြန်မာဌာန)
04 မေ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တချို့ (ဧပြီ ၁၂၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ကူးစက်မှုတွေ ပိုတိုးလာနေတဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ် မှုတွေပို တိုးလာနေသလို မုတ်သုန်ရာသီဝင်လာတဲ့အတွက် ရေကြီးမြေပြိုအန္တရာယ်တွေအတွက် ပူပန်လာ 
နေ ကြတဲ့အကြောင်း ပြောပြချင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ဆက်ပေးပါမယ်။

Thursday, April 16, 2020

ရိုဟင်ဂျာ ၄၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် ကယ်တင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
16 ဧပြီ၊ 2020 
ဇွန် ၂၀၁၂ တုန်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် တွေ ရိုဟင်ဂျာ ၅၀ နီးပါးကို ကယ်တင်စဉ်

ဘင်္ဂလားဒေ့ရှ် ပိုင်နက် ရေပြင်ထဲမှာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက လှေကြီး တစင်းနဲ့ မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၄၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ် ကမ်းစောင့်တပ်က ဗုဒ္ဓဟူးနေ့မှာ ကယ်ဆယ်ခဲ့ရတယ်လို့ ကမ်းစောင့်တပ်က ပြောပါတယ်။

Thursday, April 2, 2020

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေ မောင်တောမှာ သီးခြားခွဲစောင့်ကြည့်နေ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
02 ဧပြီ၊ 2020  
ရခိုင်ပြည်နယ်က ထွက်ပြေးသွားသည့် ဒုက္ခသည်တချို့။ (နိုဝင်ဘာ ၀၂၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက မူဆလင်အယောက် ၈၀ ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် လှဖိုးခေါင် စခန်းမှာ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာပြီး လက်ရှိ COVID-19 ရောဂါပိုးရှိ၊ မရှိ သီးခြားခွဲပြီး ဆေးစစ်မှု ခံနေရတဲ့ အကြောင်းသတင်းပေးပို့သွားမှာပါ။

Friday, March 20, 2020

ကိုရိုနာကူးစက်လာမှာကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း တွေက ရိုဟင်ဂျာတွေ စိုးရိမ်နေ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
2020-03-20

လူ သိန်းနဲ့ချီနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူး စက် ခံရမယ့်အရေး စိုးရိမ်နေကြတယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

အဲ့ဒီဒုက္ခသည်စခန်းတွေမှာ အင်တာနက်လည်းဖြတ်တောက်ထားတဲ့အတွက် ကိုရိုနာနဲ့ပတ်သက်တဲ့သတင်း အချက်အလက်တွေလည်းရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အပြည့်အစုံ RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထားပါတယ်။

လင့်၊https://www.rfa.org/burmese/news/corona-and-rohingya-refugees-03202020122145.html

Saturday, March 14, 2020

ဘင်္ဂလားကပြန်လာအခြေချတဲ့ ရခိုင်တွေ အခြေအနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
14 မတ်၊ 2020
ဒေါ်ခင်မျိုးသက်
  တည်ငြိမ်မှုမရှိတဲ့ရခိုင်ပြည်နယ်ထဲမှာ ဒုက္ခသည် အများအပြားရှိတဲ့ထဲက ၂၀၁၂ အရေးအခင်း မှာ  ဘင်္ဂလား ဒေ့ရှ် ကနေ မြန်မာနိုင်ငံထဲကို ပြန်လည် ခိုလှုံလာတဲ့ ရခိုင်တိုင်းရင်းသားတွေလည်း ပါပါတယ်။  ထောင်နဲ့ချီ တဲ့ဒီရခိုင်တိုင်းရင်းသားတွေ ဘာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။  ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်း ထားပါတယ်။
လင့်၊https://burmese.voanews.com/a/5328160.html

Thursday, February 27, 2020

ဘင်္ဂလားဒေ့ရှ်ဘက် ဈေးနှုန်းကျဆင်းမှုကြောင့် မောင်တောကြက်သွန်နီများ တင်ပို့ရေး အခက်ကြုံ

DVB
27 February 2020
လင်းလက်
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တင်ပို့နေတဲ့ ကြက်သွန် နီတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဈေးကျဆင်းနေတဲ့အတွက် ကြက်သွန်နီတင်ပို့မရဖြစ်နေပြီး ပျက်စီးဆုံး ရှုံးမှာကို ကုန်သည်တွေ စိုးရိမ်နေကြပါတယ်။

“အခုက ဈေးကျနေလို့ ဈေးမကိုက်လို့ လှေပေါ်ကနေ တင်မလား၊ မတင်ဘူးလား ဆိုပြီး ဖြစ်နေတာပါ။ ကြက်သွန်နီက များများလာနေလို့ ဈေးကျနေတာ နည်းနည်းလာရင် ဈေးရတယ်။ များများလာရင် ဈေးကျ သွားတယ်။ ပို့တော့ပို့နေတယ် ဟိုဘက်ကိုရောက်နေတဲ့ ဘုတ်တွေ မလာနိုင်လို့ ဒီမှာ ကုန်တွေသောင် တင် နေ တာပါ” လို့ ကြက်သွန်ကုန်သည်တဦးက ပြောပါတယ်။

Wednesday, February 12, 2020

ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတဲ့သံသယရှိသူလေးဦး ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

VOAဗွီအိုအေ (မြန်မာပိုင်း)
12 ဖေဖော်ဝါရီ၊ 2020 
တိမ်းမှောက်သွားတဲ့ လှေပေါ်မှာပါလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ
ဘင်္ဂလားဒေ့ရှ်ကမ်းလွန်ပင်လယ်၊ Saint Martin ကျွန်းနားမှာ အင်္ဂါနေ့က တိမ်းမှောက်သွားတဲ့ လှေပေါ်မှာ ပါသူ ရိုဟင်ဂျာ မွတ်ဆလင်တွေထဲက အသက်မသေ ကျန်ရစ်သူ နောက်ထပ် ရိုဟင်ဂျာ တဦးကို ကယ် တင်လိုက်နိုင်တယ်လို့ ဗွီအိုအေ၊ ဘင်္ဂလားဌာနရဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းထောက်တဦးက သ တင်းပို့ပါတယ်။

Monday, February 10, 2020

ရိုဟင်ဂျာလေးသောင်းကျော် ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ဆော်ဒီဖိအားပေး

10 ဖေဖော်ဝါရီ၊ 2020  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၄,၂၀၀၀ ကို ပြန်ခေါ်ဖို့ ဆော်ဒီအစိုးရကနေ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေးနေပါတယ်။

ဆော်ဒီအာရေဗီးယားနိုင်ငံတွင်းမှာ အရင်ကတည်းက ရိုဟင်ဂျာအတော်များများ ရောက်နေပြီး သူတို့ထဲက အချို့ကို ဆော်ဒီက အမြဲတမ်းနေထိုင်ခွင့်ပေးထားပါတယ်။

Tuesday, February 4, 2020

ICC စုံစမ်းရေးလုပ်ငန်း ဘင်္ဂလားဒေ့ရှ်မှာ စတင်

VOA
ဗွီအိုအေ (မြန်မာဌာန)
05 ဖေဖော်ဝါရီ၊ 2020
ကိုအောင်လွင်ဦး
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာများ

မြန်မာနိုင်ငံကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) အထောက်အထား စုဆောင်းတဲ့ လုပ်ငန်းတွေ စတင်လိုက်ပါပြီ။ မြန်မာနိုင် ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ရိုဟင်ဂျာတွေ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ စုံစမ်းမှုတွေ စတင်လိုက်တာပါ။ ဒီအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

Tuesday, January 28, 2020

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာကလေးတွေအတွက် ပညာ ရေးအစီအစဉ် စတင်မည်

ရိုဟင်ဂျာကလေးငယ်များ UNICEF က ဖွင့်ထားတဲ့ ကျောင်းတက်ရောက်စဉ် (သြဂုတ်လ ၂၀၁၈) (AP Photo/Altaf Qadri)


ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာသင်ကြားခွင့် ပေးတော့မယ့် အကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာကလေးတွေ ပညာသင်ခွင့်ရစေလိုကြောင်း လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen က AFP သတင်းဌာနကို ပြောဆို ခဲ့တာ ပါ။ 

Friday, January 3, 2020

ရိုဟင်ဂျာတွေ ညှဉ်းပန်းခံရမှု မြန်မာ မငြင်းဟု ဘင်္ဂလားဒေ့ရှ် ပြောကြား

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-03

■ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ်ဒူလ် မိုမင် Abdul Momen က ရိုဟင်ဂျာတွေ ရက်စက်စွာညှဉ်း ပန်းခြေမှုန်းခံခဲ့ရတယ်ဆိုတဲ့အချက်ကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ မြန်မာ အစိုးရအနေနဲ့ ငြင်း ဆိုခဲ့ခြင်း မရှိပါဘူး၊ Genocide လူမျိုးတုံး သတ်ဖြတ်မှု ပေါ်ပေါက် ဖြစ်ပွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုသာ မြန်မာနိုင်ငံက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

Saturday, December 28, 2019

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် ကို ICG ပြောကြား

RFA 
လွတ်လပ်တဲ့ အာရှအသံ
ခင်မောင်စိုး
2019-12-27 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၁၈ သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ သူတို့နိုင်ငံမှာ လာရောက်ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် ကန့်သတ် ထိန်းချုပ်မှုတွေ ပိုမိုလုပ်ဆောင်နေတာကို ရပ်ဆိုင်းဖို့ ICG နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

Friday, December 27, 2019

ရိုဟင်ဂျာဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေရှည်အစီ အမံချဖို့ ICG တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
27 ဒီဇင်္ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
                        ဘဂ်လားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၂၊ ၂၀၁၉)


ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေချိန်မှာ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ရေရှည်အစီအမံတွေ ချမှတ်ဖို့ လိုအပ်ကြောင်း နိုင်ငံတကာ ပဋိ ပက္ခ လေ့လာရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးကို ရေတိုပြဿနာအဖြစ် သဘောမထားဘဲ ရေရှည်အမြင်နဲ့ ကန့်သတ်ချက်တွေ လျှော့ပေါ့ပြီး နိုင်ငံတကာ အလှူရှင်တွေ၊ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေ ကူညီနိုင်အောင် လမ်းဖွင့် ပေးဖို့လည်း ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားတာပါ။

Monday, December 23, 2019

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဒုက္ခသည်များ နေရပ်ပြန်လို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဒီဇင်ဘာ၊ 2019
စုစု
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲက ဟိန္ဒူဒုက္ခသည် အမျိုးသမီးများ

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည် စခန်းတွေကနေ နေရပ်ရင်း ပြန်ချင်ကြောင်း ပြောနေကြတဲ့ ဟိန္ဒူဘာသာ ဝင် ဒုက္ခသည်တွေကို သူတို့ရဲ့ လုံခြုံရေး အတွက် သီးသန့်လုံခြုံရေးချထားတယ်လို့ မကြာသေးခင်ကမှ အဲဒီ ဒုက္ခသည်စခန်း တွေကို သွားရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

Friday, December 20, 2019

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကမိသားစုတချို့ မြန်မာဘက် ပြန်လာ


B B C
ဘီဘီစီမြန်မာပိုင်း
၂၀ ဒီဇင်္ဘာလ ၂၁၀၉

ကူတူပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မိသားစုတစ်စု


လူ ၈ ယောက်ပါဝင်တဲ့ ဒုက္ခသည် မိသားစု တချို့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ရခိုင်ပြည်နယ် မောင်တော မြို့ နယ်ကို သူတို့သဘောနဲ့ သူတို့ ပြန်လာကြတယ်လို့ မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ် စား လှယ် ဦးလှထွန်းကျော်က ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုပေးရန် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန်ခွာသူများ တောင်းဆို

DVB
By D Nae Khit
December 20, 2019


DVB TV News

ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာသွားသူတွေကို နိုင်ငံသားဖြစ်ခွင့်ရတဲ့ တိုင်းရင်းသာမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုပေးဖို့ နေရပ်စွန်ခွာသူတွေက တောင်းဆိုပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်း ကို သွားရောက်ပြီး နေရပ်စွန့်ခွာသူတွေပြန်လည်လက်ခံဖို့ ဆွေးနွေးရာမှာ နေရပ်စွန့်ခွာသူတွေက ခုလိုတောင်းဆိုခဲ့တာပါ။

Thursday, December 19, 2019

ဒုက္ခသည်ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် မြန်မာကို အပြစ်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဒီဇင်ဘာ၊ 2019
သားညွန့်ဦး
ဒုက္ခသည်ညီလာခံ

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကြန့်ကြာမှုဖြစ်နေတာဟာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့်အခြေအနေ မြန်မာဘက်က မဖန်တီးပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ထပ်မံ စွပ်စွဲအပြစ်တင်ပါတယ်။ ဂျနီဗာမှာ ကျင်းပနေတဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာဒုက္ခသည်များညီလာခံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်က ပြောဆိုသွားတာဖြစ်ပြီး၊ ဒီဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ အမေရိကန်ဒေါ်လာ သန်း၆၀၀ ကျော် သုံးစွဲ အကုန်အကျခံခဲ့တယ်လို့လည်း ပြောပါတယ်။ သတင်းအပြည့်အစုံ ကိုသားညွန့်ဦး ပြောပြမှာပါ။

ဘင်္ဂလားရောက် ဒုက္ခသည်များနှင့် မြန်မာကိုယ်စားလှယ် တွေ့ဆုံ

VOA
19 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဘင်္ဂလားဒေရှ့် ကုတုပလောင် ဒုက္ခသည် စခန်းကို ရောက်ရှိလာတဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးချမ်းအေးကို ဘင်္ဂလားဒေရှ့် ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး ကြိုဆို။

ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ဘာ့ကြောင့် လက်မခံနိုင်တာလဲ ဆိုတာ ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။

Thursday, December 5, 2019

ရိုဟင်ဂျာစခန်းတွေမှာ မတော်မတရားပြုကျင့်မှုတွေ တိုးပွား နေဟု ကုလ ပြောကြား

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-12-05

 ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာစခန်းတွေမှာ ဒုက္ခသည်တွေ မတန်တဆများပြား ကြပ်သိပ်နေပြီး လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတယ်လို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စခန်းတွေမှာ နေထိုင်လျှက်ရှိတဲ့ အမျိုးသမီးတွေကို ဗြိတိန်နိုင်ငံ အခြေစိုက် Oxfam ကယ်ဆယ်ရေး အသင်း ချုပ်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ၂၅% ရာခိုင်နှုန်းက သူတို့ဘဝတွေ လုံခြုံမှုမရှိတဲ့အတွက် စိုးရိမ်ပူပန်နေ ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

Tuesday, December 3, 2019

ကမ္ဘာ့အသိုင်းအဝိုင်းက မြန်မာကို ဆက်လက်ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နယ်သာလန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြား

ELEVEN 
3 DECEMBER 2019
REF: DHAKA TRIBUNE
ဒီဇင်ဘာ ၂ ရက်က မက်ဒရစ်မြို့၌ပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ၏ ဘေးဆွယ်ဆွေးနွေးပွဲ၌ ဟာစီနာနှင့် နယ်သာလန်ဝန်ကြီးချုပ် မက်ရုသ်တို့ တွေ့ဆုံစဉ် (Photo: Dhaka Tribune) 

 ရိုဟင်ဂျာ မွတ်စလင်များကို ပြန်လည်လက်ခံရေး အရှိန်မြှင့်လုပ်ဆောင်ရန် မြန်မာကို ဆက်လက်ဖိ အားပေး ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဥရောပနိုင်ငံများ အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းကို ထပ်မံတောင်းဆိုလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်က ဟာစီနာသည် နယ်သာလန်ဝန်ကြီးချုပ် မက်ရုသ်၊ ဥရောပ ကောင်စီဥက္ကဌ ချားမီရှယ်တို့ နှင့် စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ပြုလုပ်နေသော ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ၏ ဘေးဆွယ် ဆွေး နွေးပွဲ၌ သီးခြားစီ တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */