" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တိုက္ပြဲ. Show all posts
Showing posts with label တိုက္ပြဲ. Show all posts

Thursday, June 27, 2019

တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာတရွာ လုံးနီးပါး ထွက်ပြေးရ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-06-26
 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အဝင်တနေရာ။
                                      
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာအနီးမှာ ဇွန်လ ၂၅ ရက်နေ့မနက်က မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့် တပ်တော်တို့ တိုက်ပွဲဖြစ်တာကြောင့် ဆင်သီရွာက လူဦးရေ ၂၈ဝဝ ကျော် ဘေးလွတ်ရာကို ထွက် ပြေးသွားကြတယ် လို့ ဆင်သီကျေးရွာကျောင်းတိုက်က အနော်မာလမင်းဆရာတော်က RFA ကို မိန့်ပါ တယ်။

Sunday, June 23, 2019

တိုက်ပွဲကြောင့် မင်းပြားနယ်သားများထွက်ပြေး

နိရဉ္စရာ
22 Jun, 2019
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇွန် ၂၂∕ ၂ဝ၁၉

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများသည် ရွာလုံးကျွတ်နီးပါးခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရွှေကျင်ကျေးရွာနှင့် သာစည်ကျေးရွာမှဒေသခံများသည် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်မှစတင်ကာ ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ မင်းပြားမြို့နယ် မင်းဖူးကျေးရွာသို့ အများ ဆုံး ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

Tuesday, June 18, 2019

မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-18

ရခိုင်ပြည်နယ်အတွင်းက တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: STR / AFP

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးမှာ ဒီနေ့မနက် ၈ နာရီလောက်ကစပြီး တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ပစ်ခတ်သံတွေကို မနက် ၉ နာရီလောက်အထိ ကြားနေရဆဲဖြစ်ပြီး ကျေးရွာသားတွေက ဗုံးခိုကျင်းတွေ အပြင် အခြားနီးစပ်ရာကျေးရွာတွေ၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ရွာလူကြီးတစ်ဦးက RFA ကိုပြောပါတယ်။

Wednesday, June 12, 2019

ရခိုင်ပြည်နယ်မှာ ခြောက်လအတွင်း တိုက်ပွဲဘယ်နှစ် ကြိမ်ဖြစ်ခဲ့လဲ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-12
ပြည်တွင်းပြည်ပ သတင်းထောက်များကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလက ဘူးသီးတောင်မြို့နယ်သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်စဉ်။ 

ရခိုင်ပြည်နယ်မှာ ခြောက်လအတွင်း တိုက်ပွဲကြီးငယ် စုစုပေါင်းငါးရာကျော်ပြီလို့ AA ရခိုင့်တပ်တော်က ပြော ဆိုပေမယ့် မြန်မာ့တပ်မတော်ကတော့ တိုက်ပွဲ ၁၅ဝ ကျော်သာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ RFA ဝိုင်း တော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

Sunday, June 9, 2019

ပလက်ဝမြို့နယ်အနီးက ကျေးရွာတွေမှာ တိုက်ပွဲဖြစ် တာကြောင့် ဒေသခံ တွေ မြို့ပေါ်ထွက်ပြေးလာ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-09
ပလက်ဝမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: RFA

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်းဘေးတစ်လျှောက်က ကျေးရွာတွေအနီးမှာ မြန်မာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၄၀၀ နီးပါးဟာ ပလက်ဝမြို့ ပေါ်ကို ထွက် ပြေးတိမ်းရှောင်လာကြပါတယ်။

ပလက်ဝမြို့နယ်နဲ့ သုံးမိုင်ကျော်လောက်အကွာမှာရှိတဲ့ ပိန္နဲတပင်ရွာ၊ ကြွေသောင်ရွာ၊ သဲမချောင်းဝရွာနဲ့ သဲ မချောင်းထဲ ကျေးရွာ လေးခုက အမျိုးသား ၁၇၈ ဦး၊ အမျိုးသမီး ၂၀၂ ဦး စုစုပေါင်း လူဦးရေ ၃၈၀ ဟာ တိုက် ပွဲကြောင့် ပလက်ဝမြို့ပေါ်ကို ထွက်ပြေးလာကြောင်း ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ KACC ညှိနှိုင်းရေးမှူး ဦးစောမြက RFA ကို ပြောပါတယ်။

Thursday, June 6, 2019

တောင်ပြိုလက်ဝဲမှာ ARSA နဲ့ တပ်မတော် တိုက်ပွဲဖြစ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-05

ရခိုင်ပြည်နယ်အတွင်းက မြန်မာ့တပ်မတော်သားတစ်ဦးကို တွေ့ရစဉ်
Photo: STR / AFP

ရိုဟင်ဂျာ မွတ်စလင်ပြန်လည်လက်ခံရေးစခန်းရှိတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲဒေ သမှာ ARSA နဲ့ မြန်မာ့တပ်မတော်တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မြန်မာ့တပ်မတော်က အတည်ပြုပြောဆိုပါတယ်။

Tuesday, June 4, 2019

ရခိုင်ပြည်နယ် တိုက်ပွဲ - လူ အကျအဆုံးရှိသလို လက် နက်တချို့ ဆုံးခဲ့ကြောင့် တပ်မတော် ဝန်ခံ

B B C
ဘီဘီစီ မြန်မာပိုင်း
04 June 2019

မင်းပြားမြို့နယ်ထဲ အေအေတပ်ဖွဲ့နဲ့ ဖြစ်ခဲ့တဲ့ ဇွန် ၂ ရက် တိုက်ပွဲ အတွင်း တပ်မတော်ဘက်က အကျ အဆုံး ရှိခဲ့ပြီး လက်နက်တချို့ ဆုံးရှုံးခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အတည် ပြုပါတယ်။

ဒါပေမယ့် အရေအတွက် အတိအကျ အပါအဝင် အသေးစိတ် အချက်တွေကိုတော့ မပြောသေးပါဘူး။

Monday, June 3, 2019

မင်းပြားမှာ တပ်မတော်နဲ့ AA တိုက်ပွဲကြောင့် ဒေသ ခံလေးဦးသေဆုံး

RFA  
လွတ်လပ်တဲ့ အာရှအသံ
2019-06-03
 ကျည်ထိမှန်ခဲ့တဲ ဒေါ်နှင်းဝင်းရီ ကို မြောက်ဦးဆေးရုံမှာ ၂၀၁၉ ဇွန် ၃ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း - မြောက်ဦး

ဒီကနေ့ နေ့လယ်၂ နာရီနဲ့ ၃ နာရီကြားလောက်မှာ ဒေသခံရွာသားတွေ ခိုလှုံနေတဲ့ မင်းပြားမြို့နယ် စပါး ထားကျေးရွာက ဘုန်ကြီးကျောင်းထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာဖြစ်ပြီး ဒေသခံရွာသား လေး ယောက်သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရှိခဲ့တာပါ။

Saturday, May 25, 2019

မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာ အနီး တိုက်ပွဲ ဖြစ်

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၂၄/ ၂၀၁၉

မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် မသန်စွမ်းသူ လူ ၂ ဦးဖမ်းဆီးခံခြင်းနှင့် ပတ်သက်ပြီ အဖမ်းခံထားရသူ အောင်ကျော်နိုင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်မအေးနုနဲ့ အင်တာဗျူး
မေး- အဒေါ်နာမည်ဘယ်လိုခေါ်ပါလဲ။
ဖြေ- မအေးနုပါ။ ဖမ်းဆီးခံထားရတဲ့ အောင်ကျော်နိုင်အဖေရဲ့ ညီမပါ။

မေ- အခုဖမ်းသွားတဲ့ လူတွေကို စစ်တပ်က ဘယ်နေ့က ဖမ်းသွားတာပါလဲ။
ဖြေ- ဖမ်းသွားတာက ၂ ရက်ရှိပြီ။ ၂၂ရက်နေ့ကပါ။

မေး- ၂၂ ရက်နေ့ ဘယ်အချိန်ကခေါ်သွားတာပါလဲ။
ဖြေ- မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်ကခေါ်သွားတာပါ။

ဘူးသီးတောင် ပြင်ချောင်းရွာအနီးတိုက်ပွဲ တပ်မတော် ဘက်က အကျအဆုံးရှိတယ်လို့ AA ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-25
ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန 


     

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းရွာအနီးမှာ မေလ ၂၃ ရက်နေ့က တပ်မတော် စစ်ကြောင်း ကို AA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်ဘက်က အကျအဆုံးရှိခဲ့တယ်လို့ AA အဖွဲ့က ပြောပါတယ်။ တပ်မတော်ဘက်ကတော့ မေလ ၂၃ ရက်နေ့က တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

မခက်မာ ဆက်ပြီး ပြောပြပါလိမ့်မယ်။

Thursday, May 23, 2019

မြောက်ဦးမြို့နယ်မှာတိုက်ပွဲဖြစ် ရွာသားနှစ်ဦးကို တပ်မတော်ဖမ်းဆီး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-23
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဝေသာလီရွာနေရာပြမြေပုံ



ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ မနေ့က တိုက်ပွဲဖြစ် ပွား ခဲ့ပြီးနောက် ဝေသာလီကျေးရွာသားနှစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

Wednesday, May 22, 2019

မြောက်ဦးဒေသ တိုက်ပွဲပြင်းထန်

VOA  
ဗွီအိုအေ (မြန်မာဌာန
22 မေ၊ 2019
ကိုနိုင်ကွန်းအိန်
 ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာ့တပ်မတော် (သြဂုတ်၊ ၂၉၊ ၂၀၁၇) 
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရက် ဆက် တိုက်ပွဲဖြစ်ပွားနေသလို ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ နှစ်ဘက်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါ တယ်။ ဒီမနက်မှာလည်း မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာဘက်မှာ မြန်မာစစ်ကြောင်းကို AA ဘက်က 
နေ ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ဘူးသီးတောင်မြို့နယ်ဘက်မှာ စက်လှေသမားတဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ တပ်မတော်နဲ့ AA အကြား အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်း ထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

Monday, May 13, 2019

ကျောက်တော်-ပလက်ဝနဲ့ အမ်းမြို့နယ်မှာ တိုက်ပွဲ တွေ ဆက်တိုက်ဖြစ်နေ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-13

ပလက်ဝမြို့ အ၀င်ဝကို တွေ့ရစဉ်


ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကြားမှာ ဒီနေ့ တနင်္လာမနက်ကစလို့ မြန်မာ့ တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိတယ်လို့ သတင်းရရှိပါတယ်။

Monday, April 29, 2019

ရခိုင်ဒေသတိုက်ပွဲများနှင့် အရပ်သားတို့ ထိခိုက်သေ ဆုံးမှု

မဇ္ဈိမ သတင်းဌာန
By အောင်ငြိမ်းချမ်း နှင့် ခင်မို့မို့လွင်
27 April 2019

မြောက်ဦးမြို့ ကျေးလက်ဒေသ ပစ်ခတ်မှုများကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရခဲ့ပြီး ရန်ကုန်၊ မြောက်ဥက္က လာပဆေးရုံတွင် ကုသမှုခံယူနေသော မပေါက်စ (ဓာတ်ပုံ - ခင်မို့မို့လွင်/Myanmar Now)

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသတစ်ခုရှိ ၂၄ နှစ်အရွယ် မပေါက်စသည် နံနက်ပိုင်းလုပ်ငန်း ခွင်မဝင်မီ သနပ်ခါးလိမ်းနေစဉ် သေနတ်သံများ ကြားလိုက်ရသည်။

Sunday, April 28, 2019

ရသေ့တောင်မှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-28

 
                                             ရသေ့တောင်မြို့အ၀င်ကို တွေ့ရစဉ်၊                       Photo: RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ငသံဘော်ချောင်းဘက်မှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ မနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်လုံးက အတည်ပြုပြောပါတယ်။

အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က အတွဲလိုက်ပစ်တဲ့ ဒုံးတွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာရော တိုက်ပွဲမဖြစ်တဲ့ နေရာတွေဘက်ကိုပါ ပစ်ခတ်တာတွေရှိတယ်လို့ AA ဘက်က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

Thursday, April 11, 2019

မြောက်ဦးရဲတပ်ရင်းဌာနချုပ် AA တိုက်ခိုက်

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
10 ဧပြီ၊ 2019 


ရခိုင်တပ်မတော် AA တည်ထောင်တဲ့(၁၀)နှစ်ပြည့်တဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ဒီကနေ့မှာဘဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အတွင်းက ရဲတပ်ရင်းနဲ့ မြန်မာစစ်တပ် လက်နက်ကြီးစခန်းတွေကို AA ဘက်က ၀င်ရောက် တိုက်ခိုက်ပြီး နှစ်ဖက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ AA နဲ့ တပ်မတော် နှစ်ဘက်စလုံးက ပြောပါတယ်။

Wednesday, April 10, 2019

မြောက်ဦးတိုက်ပွဲပြင်းထန်၊ နံနက် ၅ နာရီမှ စပြီး လေယာဉ်နှင့် တိုက်ခိုက်

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ရဲတပ်ရင်းအနီးတွင် ဧပြီလ ၉ ရက် ညဥ့် ၁၀ နာရီ ၁၀ မိနစ်ခန့်က ရက္ခိုင့် တပ် မတော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီ ၁၀ ရက် နံနက် ၅ နာရီမှ စပြီး အစိုးရတပ် ဘက်မှ လေယာဉ် အသုံးပြု တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။

“ ကျွန်တော်တို့ သေနတ်သံကြားရတာက အမှတ် (၃၁) ရဲတပ်ရင်း ဘက်က ကြားရပါတယ်။ ညဥ့် ၁၀ နာရီ ၈ မိနစ်က စကြားရပါတယ်။ လက်နက်ကြီး လက်နက်ငယ် အသံတွေ အစုံကြားရပါတယ်။ AA နဲ့ တိုက်ပွဲ ဖြစ် နေတယ်လို့ ထင်ရတယ်။ ဘယ်သူမှ အပြင်မထွက်ရဲတော့ ဘာဖြစ်နေတယ်ဆိုတာ တိတိကျကျ မပြောနိုင် ပါ” ဟု မြောက်ဦးမြို့ထဲမှ ဦးစောဖြူသိန်းမှ ပြောကြားသည်။

Sunday, April 7, 2019

တပ်မတော်နဲ့ AA တိုက်ပွဲပြင်းထန်၊ ဒေသခံ ၄၀၀ ခန့် ဘူးသီးတောင်မြို့ ပေါ်ကို တိမ်းရှောင်လာ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-07
ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
                                                       ဓာတ်ပုံ - ရက္ခိုင့်တပ်မတော်၊ သတင်းနှင့် ပြန်ကြားရေးဌာ




ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်နဲ့ သရက်ပြင်ကျေးရွာကြားမှာ အစိုးရတပ်မတော်နဲ့ AA ရခိုင် လက်နက်ကိုင်အဖွဲ့တို့ မနေ့က တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်အဖွဲ့ရဲ့ ပြောခွင့် ရသူတွေက RFA ကို ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ရွာရဲ့ အရှေ့မြောက်ဘက် သရက်ပြင်ကျေးရွာအကြား စိုင်ပြင်နဲ့ ရေဆိုး aတာင်ကြောတဝိုက်မှာ မနေ့မနက်ပိုင်းကစပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ် လို့  သိရပါတယ်။

Saturday, April 6, 2019

အကူအညီရဖို့ထက် တိုက်ပွဲတွေရပ်ဖို့ ရခိုင်ဒုက္ခသည် တွေ လိုလားနေ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
 AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ခိုင်မင်းသျှင် 
 
 

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ရသူ တနေ့တခြားများလာပေမဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ လမ်းစမမြင်ရသေးပါဘူး။

Friday, April 5, 2019

ကြောက်လန့်ပြီးသတိလစ်နေသူသပြေကန်စစ်ရှောင် စခန်းမှ မိန်းခလေးကို မြောက်ဦးဆေးရုံ ပို့ဆောင်

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီလ ၅/ ၂၀၁၉



ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာတွင် ခိုလုံနေသော စစ်ဘေးရှောင် ဒုက္ခသည်များထဲမှ ကြောက်လန့်ပြီး သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေသူ အသက် ၂၁ အရွယ်ရှိ မိန်းလေးတစ်ဦးကိုမြောက် ဦးဆေးရုံသို့ ဧပြီလ ၄ ရက်နေ့က ယူဆောင်သွားရသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမောင်သိန်း တန်က ပြောကြားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */