" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တရုတ်. Show all posts
Showing posts with label တရုတ်. Show all posts

Saturday, March 9, 2019

ရိုဟင်ဂျာ ဒုက္ခသည် မိသားစုတွေကို ငွေသားပေးမည် ဆိုတဲ့သတင်း တရုတ်ငြင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
09 မတ်၊ 2019

ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး Anu သူသား Mohammad Anas ကို ချီထားပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Cox's Bazar အနီး Balukhali ဒုက္ခသည် စခန်းက သူတို့တဲအပြင်ဘက်မှာ ထိုင်နေပုံ (နိုဝင်ဘာ၊ ၁၇၊ ၂၀၁၈)

ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ရင် မိသားစုတခုကို တရုတ်နိုင်ငံက ဒေါ်လာ ၆၀၀၀ ပေး မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မဟုတ်မှန်ကြောင်း တရုတ်နိုင်ငံဘက် ငြင်းဆိုလိုက်ပါတယ်။

Friday, March 8, 2019

ရိုဟင်ဂျာအဖြေအတွက် မတူတဲ့ကုထုံးနှစ်မျိုး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-08

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ မွတ်စလင် ဒုက္ခသည်တချို့ကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်


ရိုဟင်ဂျာပြဿနာဖြေရှင်းအတွက် တရုတ်အစိုးရရဲ့ အပျော့ဆွဲကုထုံးနဲ့၊ အနောက်နိုင်ငံတွေနဲ့ OIC အဖွဲ့ တွေရဲ့ တရားစွဲမယ်ဆိုတဲ့ မတူညီတဲ့ ကုထုံးနှစ်မျိုးအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ် တင်ပြထားပါတယ်။ 

လင့်၊ https://www.rfa.org/burmese/program_2/rohingya-china-oic-03082019095735.html
 

ရခိုင်ပြည်ဒုက္ခသည် နေရပ်ပြန်ရေး အစီအစဉ် တရုတ် ကြားဝင် ညှိနှိုင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး ၊07 မတ်၊ 2019



ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ပြန်လည်နေရာ ချထားရေးအတွက် တရုတ်နိုင်ငံအနေနဲ့ သူတို့ တတ်နိုင်တဲ့အနေအထားကနေ အကူအညီတွေပေးနေသလို၊ လက်တွေ့လို အပ် ချက်တွေနဲ့ နှစ်နိုင်ငံသဘောဆန္ဒအတိုင်း တရုတ်နိုင်ငံ အနေနဲ့ အပြုသဘောဆောင်ရပ် တည်သွားမယ် လို့ တရုတ်နိုင်ငံခြားရေးဌာန က ထုတ်ပြန်လိုက် ပါတယ်။ ရခိုင်အကျပ်အတည်းကူညီဖြေရှင်းရေးအတွက် တ ရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန် Sun Guoxiang ဟာ မြန်မာရော ဘင်္ဂလားဒေ့ရှ်ပါ နှစ်နိုင်ငံစလုံးကို ပါ ဒီရက်ပိုင်းထဲ သွားရောက်ခဲ့တာပါ။

Monday, March 4, 2019

ရိုဟင်ဂျာ Safe Zone ထားပေးဖို့ထောက်ခံကြောင်း သတင်း တရုတ်သံရုံးငြင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-04

Bangalanews24 က ၂၀၁၉၊ မတ်လ ၃ ရက်နေ့က ရေးသားထားတဲ့ သတင်းကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Bangalanews24 ကနေ မနေ့က ရေးသားထားတဲ့ နေရပ် စွန့်ခွာရိုဟင်ဂျာတွေအတွက် မြန်မာနိုင်ငံအတွင်းမှာ Safe Zone တည်ထောင်ပေးရေးကို တရုတ်နိုင်ငံဘက် က သဘောတူထောက်ခံတယ် ဆိုတဲ့သတင်းဟာ အခြေအမြစ် လုံးဝမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး က ဒီနေ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။


Monday, January 28, 2019

ရခိုင်ပြဿနာ တရုတ် ကူညီဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

                 ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ်

 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းနိုင်ရေးကိစ္စ လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေးအတွက် တရုတ်ပြည် အနေနဲ့ အားကောင်းမောင်းသန် ပံ့ပိုးကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တိုက် တွန်းလိုက်ပါတယ်။ တာဝန်ပြီးဆုံးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျို ကို နှုတ် ဆက်တွေ့ဆုံစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမင် က တနင်္ဂနွေနေ့က တိုက်တွန်းခဲ့တာပါ။

Friday, August 3, 2018

ကျောက်ဖြူရေနက်စီမံကိန်း အတိုင်းအဆ မြန်မာ လျှော့ချကုန်ကျစရိတ် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီ ယံပြင်ဆင်သတ်မှတ်

စံတော်ချိန်
By The Standard Time Daily 
August 3, 2018

နေပြည်တော်၊ သြဂုတ် ၂
ုမြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း ကုန်ကျစရိတ် ကို မြန်မာအစိုးရက သိသိသာသာပြန်လည်လျှော့ချ၍ စီမံကိန်းအ တိုင်းအဆကို လည်း ချုံ့ပစ်လိုက်ကြောင်း ရိုက်တာသတင်းဌာနက သြဂုတ် ၂ ရက်တွင် ရေးသား တင်ပြ ထားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */