" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်တွေ. Show all posts
Showing posts with label စစ်တွေ. Show all posts

Tuesday, November 30, 2021

ဆယ်စုနှစ်တခုကြာ ပိတ်ဆို့ခံထားရတဲ့ ရိုဟင်ဂျာများ

VOA
ဗွီအိုအေမြန်မာပိုင်း
သားညွန့်ဦး
30 နိုဝင်ဘာ၊ 2021 မြန်မာနိုင်ငံမှာ နှစ်စဉ် ပွင့်လင်းရာသီရောက်လာပြီဆိုရင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ မလေးရှားနိုင်ငံဘက် ကို လှေစီးထွက်ပြေးဖို့ ကြိုးစားတတ်ကြပါတယ်။ နိုဝင်ဘာ ၂၉ရက် တနင်္လာနေ့ကပဲ လှေစီးပြေးသူ ၂၂၈ ယောက်ပါတဲ့ စက်လှေတစီးကို စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ ရေတပ်က ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေဟာ အသွားအလာကန့် သတ် ခံထားရသလိုဒုက္ခ သည်စခန်းတွေထဲမှာ ဆယ်စုနှစ် တခုကြာ နေထိုင်နေကြရတာကြောင့် အခုလို တ ခြား နိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားလေ့ရှိတဲ့အကြောင်း ရန်ကုန်က လာတဲ့ သတင်းကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

Monday, August 30, 2021

စစ်တွေ မွတ်ဆလင်ဒုက္ခသည်စခန်းအချို့မှာ ကိုဗစ်ကာ ကွယ် ‌ဆေးထိုး

B B C
ဘီဘီစီမြန်မာပိုင်း
29-08-2021

ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို တရုတ် နိုင်ငံထုတ် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေပြီလို့ ကိုယ်တိုင်ဆေးထိုးခဲ့ရသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

Sunday, May 31, 2020

ရခိုင်ပြည်က မွတ်စလင် ဒုက္ခသည်တွေရဲ့ မြေနေရာမှာ ကျူး ကျော်သူတွေကို ရှင်းလင်းမယ်လို့ အစိုးရပြော

VOA
 ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
31 မေ၊ 2020

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကမ့်ပ်တခုအတွင်း ကမန်မိခင် ချက်ပြုတ်ပြင်ဆင်နေစဉ် ကစားနေတဲ့ ကလေးများ။ (နိုဝင်ဘာ ၁၀၊ ၂၀၁၂)
၂၀၁၂ ခုနှစ် ရခိုင်ပြည် ပဋိပက္ခတွေနောက်ပိုင်း အိုးအိမ်စွန့်ခဲ့ရသူတွေရဲ့ အခက်အခဲ၊ အစိုးရဘက်က လက်ရှိ ဘာတွေဖြေရှင်းပေးနေလဲ၊ ဒုက္ခသည်တွေမှာရော ဘယ်လိုစိန်ခေါ်မှု အခက်အခဲတွေ ရှိနေသလဲ ဆိုတာတွေ ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။                                                                                           

Monday, May 18, 2020

စစ်တွေ မွတ်စလင်ရပ်ကွက်က ကျူးကျော်တွေ သုံးလအ တွင်းဖယ်ပေးဖို့ အာဏာပိုင်တွေအမိန့်ထုတ်

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020-05-18
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေ ရာမှာ ကျူးကျော်နေထိုင်သူ ထောင့်နှစ်ရာကျော်ကို အချိန် သုံးလအတွင်းဖယ်ရှားဖို့ စစ်တွေမြို့နယ်အုပ် ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်ပါတယ်။

Monday, May 13, 2019

ကုလ ကူညီရေးအရာရှိ စစ်တွေ ဒုက္ခသည်စခန်းသွား ရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
13 မေ၊ 2019 ၊ မေခ
ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ရဲ့ ရခိုင်ခရီးစဉ် (United Nations OCHA Myanmar)
 
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ်ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ Ursula Mueller ဟာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်မှာ ရခိုင် ပြည်နယ်ကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသလို ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေနဲ့ မြန်မာအစိုးရကြား မကြာသေးခင် ကတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့နဲ့တော့ တွေ့ ခွင့်မရခဲ့ကြောင်း ပြောပါတယ်။ မစ္စစ်မူလာ ရဲ့ ရခိုင်ခရီးစဉ်အကြောင်း အပြည့်စုံကို မမေခက တင်ပြပေး ပါမယ်။

Sunday, May 12, 2019

ကုလလက်ထောက်အထွေထွေအတွင်းရေးမှူး စစ်တွေမြို့ကို ရောက်ရှိ

RFA
လြတ္လပ္တဲ့ အာရွအသံ
2019-05-12
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ ၂ဝ၁၉ ခုနှစ် မေလ ၁၂ရက်နေ့က စစ်တွေမြို့ ဘာဆာရာရွာမှာ မွတ်စလင်တွေနဲ့ တွေ့ဆုံခဲ့စဉ်
Photo: RFA

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ အရေးပေါ်ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှုး မစ္စအာရ်ဆူလာမြူလာ ဟာ စစ်တွေမြို့ကို ဒီနေ့ နေ့လယ်ပိုင်းက ရောက်ရှိခဲ့ပြီး ဘာဆာရာကျေးရွာမှာ မွတ်စလင် ဒေသခံရွာသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူး စစ်တွေသို့ ရောက်ရှိ

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၁၂/၂၀၁၉




ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကမ္ဘာ့ကုလသမဂ္ဂ၏ လူသားချင်းစာနာ မှုဆိုင်ရာ လက်ထောက် အထွေထွေ အတွင်း ရေးမှူး၊ အရေးပေါ်ကယ်ဆ ယ်တုန့်ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ (Ursula Mueller) သည် မေလ ၁၂ ရက် ယနေ့နေ့လည်က ရောက်ရှိနေသည်။

Tuesday, January 29, 2019

ကယ်ဆယ်ရေးစခန်းတွေကို UNICEF အကြီး အကဲ သွားရောက်လေ့လာ

RFA
လွတ်လပ်တဲ့အာရှအသံ
January 29, 2019 
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Henrietta H. Fore စစ်တွေလေဆိပ်ကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ က ရောက်ရှိလာစဉ်

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Henrietta H. Fore ဟာ ရခိုင် ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းအချို့မှာရှိနေတဲ့ ကလေးတွေရဲ့ အခြေအနေတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။

Tuesday, January 22, 2019

ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် စစ်တွေရောက်ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019.01.22
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ကို ၂၀၁၉ ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်တွေလေဆိပ်မှာတွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအရေး နဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်က ဆောင်ရွက်ထားတဲ့အခြေအနေကို ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာက ဒီနေ့ ပြည်နယ်လွှတ်တော် အကြီးအကဲတွေကို တေ့ွဆုံပြီး မေးမြန်းခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */