" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ကောင်စီ. Show all posts
Showing posts with label စစ်ကောင်စီ. Show all posts

Saturday, January 8, 2022

ရိုဟင်ဂျာအမည်အသုံးပြုမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

RFA
လွတ်လပ်တဲ့အာရှအသံ
2022-01-07 

IOM အဖွဲ့က Rohingya Cultural Memory Centre အမည်ဖြင့် ဖွင့်လှစ်ထားသော အင်တာနက် ဝက်ဘ် ဆိုက် စာမျက်နှာ။
Photo: IOM


ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ IOM ကနေ ရိုဟင်ဂျာလူမျိုးဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Monday, December 20, 2021

ရိုဟင်ဂျာ ပြန်လက်ခံရေး စစ်ကောင်စီပြင်ဆင်မှု ယုံကြည် သူနည်းပါး

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-19 

ရခိုင်ပြည်နယ်ကို ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေကို တွေ့ရစဉ် Photo: RFA
 
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီး ကိုးလကျော်အချိန်မှာ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေး လုပ်ငန်း တွေ စတင်ဖို့ ကြိုးစားလာတာဟာ နိုင်ငံတကာ မျက်နှာစာမှာ အစိုးရတစ်ရပ် အနေနဲ့ အသိအမှတ်ပြုခံရဖို့ လုပ်ဆောင်တာ ဖြစ်ပြီး အမှန်တကယ် လုပ်ဆောင်ချင်စိတ်ကြောင့် မဟုတ်ဘူးလို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ တွေက သုံးသပ်ကြပါတယ်။

Monday, November 29, 2021

ရိုဟင်ဂျာများ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားကြရန် စစ်ကောင်စီ ကန့်သတ်

မဇ္ဈိမ
Monday, November 29, 2021 



Unicode
ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ရိုဟင်ဂျာများ ခရီးသွားလာရာတွင် ခွင့်ပြုချက်ယူ ရန်နှင့် နယ်ကျော်သွားလာခြင်းမပြုလုပ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရ အမိန့် ထုတ် ထားသည်။

Friday, August 27, 2021

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးမယ်လို့ စစ်ကောင်စီပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2021-08-27

စစ်တွေမြို့က မွတ်စလင်ဘာသာဝင်တွေကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ်Photo: RFA

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက်ပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ စစ်ကောင်စီ ပြန်ကြား ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နေပြည်တော်က သတင်း စာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

Tuesday, March 2, 2021

စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးတင်မယ်

 B B C

ဘီဘီစီမြန်မာပိုင်း
2 မတ်လ 2021

                                          သွေးတစ်စက်အတိုင်းအတွက် အပြစ်ပေးနိုင်ရမယ်

လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူး သံတမန် ဒေါက်တာဆာဆာက စစ်  ကောင်စီ အကြမ်းဖက် အဖွဲ့ကို နိုင်ငံတကာ တရားရုံး ရှေ့မှောက် အရောက်ပို့မယ်လို့ ဆိုပါတယ်။

CRPH ရဲ့ တရားဝင် စာရွက်စာတမ်းတွေကို နိုင်ငံတကာ ဥပဒေ ပါမောက္ခတွေကတဆင့် ICC ရုံးတော်ထံ တင် သွင်းမယ်၊ မြန်မာပြည်သူတွေ အပေါ် ကျုးလွန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အတွက် ဥပဒေအတိုင်း အရေးယူ မယ်၊ ကျခဲ့တဲ့ သွေးတစ်စက်အတိုင်းအတွက် အကြမ်းဖက် အုပ်စုဖြစ်တဲ့ တရားမဝင် စစ်ကောင်စီကို အပြစ်ပေး နိုင်ရမယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */