" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်တွေ. Show all posts
Showing posts with label စစ်တွေ. Show all posts

Friday, May 3, 2019

အမေရိကန် နိုင်ငံရေးရာဌာနအတွင်းဝန် စစ်တွေသို့ လာရောက်

မဇ္ဈိမ သတင်းဌာန
By မဇ္ဈိမ
03 May 2019
မေ ၃ ။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာနအတွင်းဝန် ဟေးလ်သည် မြန်မာနိုင်ငံခရီး စဉ်အဖြစ် လာရောက်စဉ်အတောအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ ၂ ရက်နေ့က သွားရောက်ခဲ့ သည်။

“ ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲများနှင့် မလုံခြုံမှုနှင့် ခွဲခြားဆက်ဆံမှုများ ကို ဖြစ်ပေါ်စေခဲ့သည့် အခြေခံအကြောင်းအရင်းပြဿနာများကိုကိုင်တွယ်ဖြေရှင်းရာ၌ အမေရိကန် ပြည် ထောင်စု မှ အကူအညီပေးနိုင်မည့် နည်လမ်းများကို မေးမြန်းဆွေးနွေးခဲ့သည်” ဟု အမေရိကန်သံရုံးမှ ထုတ် ပြန်ထားသည်။

Sunday, April 21, 2019

စစ်တွေအကျဉ်းထောင်တွင်း ဆူပူမှုဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
စစ်တွေ အကျဉ်းထောင်

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တဲ့ကိစ္စ မကျေနပ်ရာက ဧပြီ (၂၀)ရက် စနေနေ့ ညဦးပိုင်းမှာ ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်တွေက အခြေအနေ ကို ထိန်းသိမ်းနိုင်ခဲ့ပုံရတယ်လို့ အကျဉ်းထောင်ရှေ့ သွားရောက် လေ့လာခဲ့သူတဦးက VOA ကိုပြောပါ တယ်။ အခုတော့ စစ်တွေထောင်တွင်း ထောင်ပြင်မှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အခြေအနေတွေကို ပြောပြမှာပါ။

စစ်တွေထောင်ထဲမှ ညဥ့်အချိန် သေနတ်သံများထွက် ပေါ်

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၂၀
 

ရခိုင်ပြည်နယ်မြို့တော် စစ်တွေထောင်မှ ယနေ့ညဥ့် ၈ နာရီကျော် သေနတ်ပစ်ခတ်သံများ ဆက်တိုက် ကြား ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အနီးအနားရှိ ဒေသခံ တစ်ဦးက “ထောင်ထဲကနေ သေနတ်ပစ်ခတ်သံ ၂၀ ကျော်လောက် ကြားရပါတယ်။ ထောင်ထဲမှာ ဘာဖြစ်နေသလဲဆိုတာ မသိရသေးဘူး။ အခုအချိန်ထိ ထောင်ထဲမှာ ဆူညံနေတုန်းပါဘဲ။ သေနတ်ပစ်ခတ်သံတွေကတော့ ဆက်မကြားရတော့ပါဘူး။ ဆူဆူညံညံ အသံတွေတော့ ကြားနေရတုန်းဘဲ” ဟု ယနေ့ ညဥ့် ၉ နာရီ ၄၅ မိနစ်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြာသည်။

စစ်တွေအကျဉ်းထောင်တွင် ဆူပူမှုဖြစ်၊ သေနတ်ပစ် ခတ် ထိန်းသိမ်းခဲ့ရ

DVB
By ဒီဗွီဘီ
21 April 2019

ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ စစ်တွေအကျဉ်းထောင်အတွင်းမှာ ဧပြီ ၂၀ ရက်နေ့ည ၉ နာရီ ကျော်လောက်က ဆူပူမှုဖြစ်တာကြောင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ထိန်းသိမ်းခဲ့ရတယ်လို့ ပြည်နယ်အဆင့် တာဝန်ရှိသူတွေကပြောပါတယ်။

Thursday, April 11, 2019

ရခိုင်မှာ ထောက်ပံ့မှုတွေကို ပြည်နယ်အစိုးရ ခွင့်ပြု ချက်ယူဖို့ ညွှန်ကြား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-11
မသီရိမင်းဇင်
 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ဟာ တစ်ဖြည်းဖြည်းနဲ့ များပြားလာနေပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၃ သောင်းနီးပါးကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ တိုက်ပွဲလွတ်ရာ ကျေးရွာတွေက စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေအပြင် နီး စပ်ရာဆွေမျိုးအိမ်တွေမှာ ယာယီသွားရောက်ခိုလှုံနေကြရတာပါ။

Wednesday, April 10, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီ စစ်တွေမြို့ကို ကွင်းဆင်းတွေ့ဆုံ

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုကျော်လွင်ဦး
2019-04-10
 ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ၂၀၁၉၊ ဧပြီ ၁၀ ရက်နေ့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်


အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ သီးခြားစီ တွေဆုံခဲ့ပါတယ်။

မြောက်ဦး ချောင်းသစ်မှ ကျည်ရှပ်ထိမှန်ခဲ့သည့် ကလေးငယ် စစ်တွေဆေးရုံသို့ ယူဆောင်သွားရ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၁၀ / ၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာမှ ကျည်ရှပ်ထိမှန်ခဲ့သည့် အသက် ၁ နှစ် ၉ လ အရွယ်ရှိ မမြတ်အေးခင်ကို အခုအခါ မြောက်ဦးဆေးရုံမှ စစ်တွေဆေးရုံသို့ ယူဆောင်သွားရသည်ဟု သတင်းရရှိသည်။

Thursday, March 28, 2019

နော်ဝေဝန်ကြီး စစ်တွေသို့ သွားရောက်မှု မြင်ကွင်းများ

မဇ္ဈိမ သတင်းဌာန
မတ်လ ၂၈ ရက် ၂၀၁၉

နော်ဝေနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein က မတ် ၂၇ ရက် က ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်ခဲ့စဉ်။ဓာတ်ပုံ-ညွန့်ဝင်း/အီးပီအေ စစ်တွေမြို့ဆေးရုံကြီးနှင့် အောင်မင်္ဂလာရပ်ကွက်သို့သွားရောက်ပြီး ကျောင်းနှင့်ဆေးပေးခန်းသို့ လေ့လာခဲ့သည်။ ထို့နောက်  IDP သဲချောင်းစခန်းတို့ကို သွားရောက်ခဲ့ပြီးနောက် သဲချောင်းရွာအတွင်းမှ ရခိုင်၊ မရမာကြီးနှင့်ဘင်္ဂါလီလူမျိုး အချို့အား တွေ့ဆုံခဲ့သည်။




Sunday, February 17, 2019

ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဧရာဝတီ
By မင်းအောင်ခိုင် 17 February 2019

                                             ပေါက်ကွဲမှု ဖြစ်ပွာခဲ့သော နေရာ / Hla Shwe / Facebook

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနှင့် သဲတော်ကြား ရန်ကုန် – စစ်တွေ ကားလမ်းမ ပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနှစ် အချိန်ခန့်က ဗုံး ၂ လုံး ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

Thursday, January 31, 2019

လက်နက်ကြီးအစမှန်လို့ သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံးမှု အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်

လက်နက်ကြီးအစမှန်ပြီး သေဆုံးသွားတဲ့ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ ရက်နေ့က သယ်ဆောင်လာစဉ် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျည်ဆံ ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းနဲ့ ဒီဖြစ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်တွေမြို့အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့တွေက မနေ့က ကြေ ညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ရခိုင်မှာ ကျည်ဆံထိမှန်လို့ သေဆုံးခဲ့ရတဲ့ ကလေး ငယ် အသုဘကို လူသောင်းနဲ့ချီ လိုက်ပါပို့ဆောင် ခဲ့

ရခိုင်မှာ ကျည်ဆံထိမှန်လို့ သေဆုံးခဲ့ရတဲ့ ကလေးငယ် အသုဘကို လူသောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့  

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျည်ဆံ ထိမှန်ပြီး သေဆုံးသွားခဲ့တဲ့မောင်နိုင်စိုး အသက် (၇) နှစ်ကို အသုဘကို သူ့ရဲ့ မွေးရပ်ရွာ သမီးလှရွာသစ်မှာ ဇန်နဝါရီ ၃၀ရက်နေ့က ပြုလုပ်ရာမှာ ရွာပေါင်း ၅၀ ကျော်က လူ သောင်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

Saturday, January 26, 2019

ရခိုင်ကနေ မလေးရှားသွားမယ့် မွတ်ဆလင်တွေ ကို စစ်တွေနဲ့ အမ်းမှာ ထပ်မံဖမ်းမိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဘာဆာရာကျေးရွာမှာ မွတ်စလင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာတဲ့ မွတ်ဆလင် ၁၆ ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့ညပိုင်းက ရဲတွေကဖမ်းမိခဲ့ပါတယ်။

လူတစ်ဦးကို ငွေကျပ် ၁၅ သိန်းကျစီယူပြီး မလေးရှားကို ပို့ဖို့ခေါ်ဆောင်လာတဲ့ ပွဲစား ၂ ဦးကိုလည်း ဖမ်း ဆီးခဲ့ပါတယ်။

Friday, January 25, 2019

စစ်တွေရောက်ဟိန္ဒူတွေ မောင်တောပြန်ပို့ခံရမှာ စိုးရိမ်နေ



                                 ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ ဟိန္ဒူဘာသာဝင်တချို့ကို တွေ့ရစဉ်



ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ စစ်တွေမြို့မှာ လာရောက်ခိုလှုံနေတဲ့ ဟိန္ဒူတွေဟာ သူတို့ကို မူရင်းဒေသ အဓမ္မပြန်ပို့မယ်ဆိုရင် မွတ်စလင်အကြမ်းဖက်တွေက သတ်ဖြတ်မှာကို စိုးရိမ်နေကြပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

မလေးရှားကိုထွက်ခွာမယ့် မွတ်စလင် ၁၈ ဦးကို စစ်တွေမြို့မှာဖမ်းမိ

2019-01-25
                                            ထားဝယ်ခရိုင် လောင်းလုံဘုတ်ကျွန်းအနီးက ပင် လယ်ပြင်မှာ လှေနဲ့ထွက်ပြေးလခဲ့တဲ့ မွတ်စလင်
                                                    တွေ ၂၀၁၈၊ နိုဝင်ဘာလ ၃ဝ ရက်နေ့က စစ်တွေ မြို့ကို ပြန်လည်ရောက်ရှိလာစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ မလေးရှားနိုင်ငံဘက်ကို ထွက်ခွာဖို့ပြင်ဆင်နေတဲ့ မွတ်စလင် ၁၈ ဦးနဲ့ လူပွဲစားနှစ်ဦးကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

စစ်တွေမြို့နယ် ဘာဆာရာအနောက်ဘက် ပင်လယ်ကမ်းခြေအနီးက ခရမ်းခင်းထဲမှာ လူစုထားစဉ် ည ၈ နာရီလောက်မှာ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ဒီနေ့ညနေက ပြောပါတယ်။

Wednesday, January 23, 2019

ကုလအထူးကိုယ်စားလှယ် Burgener ရခိုင်ပြည် နယ် သွားရောက်

                                                               ကုလအထူးကိုယ်စားလှယ် Burgener မြန်မာခရီးစဉ် (MOI)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အစီရင်ခံတင်ပြ မှာပါ။ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က မနေ့ကတော့ ရခိုင်ခရီးစဉ်ကို စတင်ခဲ့ပြီး စစ်တွေမြို့ကို ရောက်ရှိပြီး ရခိုင်အမျိုးသားပါတီ ဌာနချုပ်မှာ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

Saturday, January 19, 2019

ကော်မတီဖွဲ့စည်းရေး တောင်ကုတ်မြို့မှာ ALD ဦးဆောင်ဆွေးနွေး

                                                တောင်ကုတ်မြို့ ဦးဥတ္တမလမ်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရုံးကို တွေ့ရစဉ်

ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ် တောင်ပိုင်းက မြို့ နယ် ၇ မြို့နယ်က အဖွဲ့အစည်းအသီးသီးတို့ရဲ့ ဆွေးနွေးပွဲကို တောင်ကုတ်မြို့မှာ ဒီကနေ့ ကျင်းပနေပါ တယ်။ တောင်ကုတ်မြို့ ဦးဥတ္တမလမ်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရုံးမှာ ရခိုင်ပြည်နယ်တောင် ပိုင်း မြို့နယ်တွေက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြ တာလို့ ALD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းက RFA ကို ပြောပါတယ်။

Thursday, January 10, 2019

ကိုဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ရဲ့ စွဲချက်ပြင်ဆင်မှု တရားရုံးပယ်ချ


ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးကို တွေ့ရစဉ် Photo: Min Thein Aung/RFA

စာရေးဆရာ ကိုဝေဟင်အောင်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ စွဲချက်တင်ခံ ထား ရတဲ့ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေကို ပယ်ဖျက်ပေးဖို့အတွက် ပြင်ဆင်မှု တင်သွင်းထားတာကို ရခိုင်ပြည်နယ်တရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။

အခုလိုပလပ်ခံရတဲ့အတွက် မူလတရားရုံးဖြစ်တဲ့ စစ်တွေခရိုင်တရားရုံးမှာ အဲဒီအမှုနှစ်ခုစလုံးနဲ့ ဆက်လက် အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒေါက်တာအေးမောင်တို့အား စွဲချက်အမိန့် ပယ် ဖျက် ပေးရန် လျှောက်လဲချက် ပြည်နယ် တရား လွှတ်တော်က ပယ်ချ

စစ်တွေ၊ ဇန်နဝါရီ ၁ဝ

ဒေါက်တာအေးမောင်နှင့်စာရေးဆရာဝေဟင်အောင်တို့ကိုစွဲချက်တင်ထားသည့်အမိန့်အားပယ်ဖျက်ပေးရန် လျှာက်လဲချက်ကို ရခိုင်ပြည်နယ်တရားလွှတ်တော်က ယနေ့ ပယ်ချလိုက်သည်။

Tuesday, January 8, 2019

စစ်တွေမြို့ရှိ ရိုဟင်ဂျာ IDP စခန်းများတွင် အာဏာ ပိုင်များက “ဘင်္ဂါလီ” လူမျိုး အမည်ဖြင့် အိမ်ထောင် စုစာရင်းများ ထုတ်ပေးနေ

(ဓါတ်ပုံ - Asanka Brendon Ratnayake - Anadolu Agency)
အောင်ဇံဝေ၊ Rohingya Today
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်းရှိ ရိုဟင်ဂျာများ နေထိုင်သည့် IDP စခန်းများသို့ အာဏာပိုင်များ သွားရောက်၍ အိမ်ထောင်စုစာရင်းမရှိသည့် မိသားစုများအား ရိက္ခာထုတ်လက်မှတ်များမှ အချက်အလက် များကို သုံး၍ “ဘင်္ဂါလီ” လူမျိုးအမည်ဖြင့် အိမ်ထောင်စုစာရင်း အသစ်များ ထုတ်ပေးပြီး၊ မိသားစုဓါတ်ပုံများ လည်း ရိုက်ယူလျက်ရှိသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */