" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စကစ. Show all posts
Showing posts with label စကစ. Show all posts

Saturday, August 27, 2022

မောင်တောမှာ စစ်ကောင်စီနဲ့ ‌အေအေတို့ တိုက်ပွဲပြင်းထန် နေ ‌ဒေသခံတွေ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘေးလွတ် ရာ ပြေးရ

B B C

ဘီဘီစီမြန်မာပိုင်း
2022.08.27  
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မင်းခမောင်းနဲ့ ခမောင်းဆိပ် တို့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ် တော် AA တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ‌ဒေသခံတွေ ဘေးလွတ်ရာဘက်တွေကို ‌တိမ်းရှောင်နေကြရပါ တယ်။

မနေ့က သြဂုတ်လ ၂၆ ရက်နေ့နေ့လယ်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ကို စတင် တိမ်းရှောင်နေရတာဖြစ်ပါတယ်။ ဒီနေ့ မနက် အစောပိုင်း ၂နာရီလောက်မှာလည်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေပြီး အရုဏ်မတက်ခင် ၅ နာရီ လောက်မှာမှ လက်နက်ကြီးသံတွေ ငြိမ်သွားတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ဖမ်းဆီးခံ ရိုဟင်ဂျာများ စားသောက်ရေး မြို့ခံ ဗလီများ တာ ဝန်ယူရ

မဇ္စျိမ
သတင်းနှင့် မီဒီယာ ကွန်ရက်
27 August 2022
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ ၅၁ ဦး စားသောက်ရေးအတွက် မြို့ခံဗလီများကို စစ်ကောင်စီက တာဝန်ယူခိုင်းထားသည်ဟု သိရ သည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ အမျိုးသမီး ၂၃ ဦး၊ ကလေးငယ် ၃ ဦး၊ အမျိုးသား ၂၅ ဦးအတွက် နံနက်၊ ညနေ အစားအသောက်အတွက် မြို့ခံဗလီများကို တာဝန်ယူခိုင်းထားခြင်း ဖြစ်သည်ဟု ဝါးခယ်မမြို့က မူဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

ရိုဟင်ဂျာတွေ ထွက်ပြေးရမှု ၅ နှစ်ပြည့်အတွက် နိုင်ငံတကာ ရဲ့ ထုတ်ပြန်ချက်တွေကို စစ်ကောင်စီရှုတ်ချ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.08.27

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ် Photo: MUNIR UZ ZAMAN / AFP


၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ နှစ်ပတ်လည်နေ့ အတွက် ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအပါအဝင် နိုင်ငံတချို့နဲ့ အဖွဲ့အစည်းတချို့က ထုတ်ပြန်တဲ့ ကြေ ညာချက်တွေအပေါ် ပြင်းထန်စွာ ရှုတ်ချငြင်းဆိုတယ်လို့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၂၅ ရက်နေ့စွဲနဲ့ထုတ်ပြန်ပါတယ်။

Monday, August 22, 2022

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ခရီးစဥ် မအောင်မြင် ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေ ဝေဖန်

RFA
2022.08.20
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်
photo: Myanmar Military

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာဟာ သြဂုတ်လ ၁၇ ရက်နဲ့ ၁၈ ရက် တွေမှာ မြန်မာနိုင်ငံကို လာရောက်ပြီး၊ အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး ရာပြည့်တို့နဲ့ တွေ့ဆုံခဲ့ပေမယ့် စစ်ကောင်စီကနေ ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။

Thursday, February 11, 2021

စစ်အာဏာသိမ်းအုပ်စုပေါ် ကန်အ ရေးယူတဲ့သက်ရောက်မှု ကြီးမားနိုင်ကြောင်း ခန့်မှန်းချက်တွေထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာဌာန)
မေခ
11 ဖေဖော်ဝါရီ၊ 2021
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့ စစ်တပ်အပေါ် အမေရိကန် ပြည်ထောင် စုက အရေးယူ ဒဏ်ခတ်ဖို့ ကြေညာလိုက်တာကြောင့် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ တက် ကြွလှုပ်ရှားသူတွေနဲ့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ဖိအားတွေ နောက်ထပ် တိုးလာနိုင်တဲ့အပေါ် အမြင်တွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက စုစည်း တင်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */