ဗွီအိုအေ (မြန်မာပိုင်း)
17 နိုဝင်ဘာ၊ 2020
ကုတုပလောင်စခန်းမှ ရိုဟင်ဂျာ အမျိုးသမီးများ
မြို့တော် ဒါကာက Mirpur တပ်နယ် စစ်တပ် အရာရှိတွေ လေ့ကျင့်ပေးနေတဲ့ ကာကွယ်ရေး ဆိုင်ရာ ကောလိပ်မှာ ဂျပန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်ပေါင်း ၅၀ ချစ်ကြည်ရင်းနှီးမှု ခေါင်းစဉ်နဲ့ ဂျပန် သံအမတ်ကြီးက အွန်လိုင်းကနေ ဟောပြော ပို့ချမှု အတွင်း အမေးအဖြေကဏ္ဍမှာ အခုလို ပြောဆိုသွားတာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့် လက်နက်ကိုင် တပ်ဖွဲ့များရဲ့ သတင်းဌာန ISPR က နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အမေရိကန် ပြည်ထောင်စု၊ ဥရောပ နိုင်ငံတွေ၊ နောက် အရှေ့တောင် အာရှနိုင်ငံများ အသင်းဝင် နိုင်ငံတွေလို နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ နောက် တဆင့် အနေနဲ့ ယုံကြည်မှု တည်ဆောက် ရေး လုပ်ငန်းစဉ် စတင်ဖို့ အရေးကြီးတယ်လို့လည်း သံအမတ်ကြီးက ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့်ဘက် ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား သဘောတူ ဆောင်ရွက်နေပေမယ့်လည်း အစီအစဉ်က အထမမြောက်သေးပါဘူး။ မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်မခံပါဘူး။
No comments:
Post a Comment