" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 16, 2019

ကုလားတန်မြစ်တွင်း အစိုးရကုန်သင်္ဘော ပစ်ခတ်ခံရ

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်၊
16 မတ်၊ 2019

ကုန်တင်ဇက်သင်္ဘော တိုက်ခိုက်ခံရပုံ (ဓါတ်ပုံ-စစ်ရှောင်အကူညီပေးရေး အဖွဲ့ဝင်တဦး)

မြန်မာနိုင်ငံ အနောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွါးနေတဲ့ ဒေသတွေမှာ ဒီရက်ပိုင်းတွေအတွင်း ပစ် ခတ်မှုတွေ ဆက်ဖြစ်နေလို့ ဒေသခံတွေ အထူးကြောက်ရွံ့နေကြပါတယ်။ စနေနေ့မှာ ချင်းပြည်နယ် ပလက်ဝမြို့ နယ်အတွင်း တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး အစိုးရပိုင် ကုန်တင်ဇက်သင်္ဘောဟာလက် နက်ကိုင်အဖွဲ့တဖွဲ့ ပစ်ခတ်တိုက်ခိုက် တာခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ထဲကိုလည်း သောကြာ ညဘက်မှာ ပစ်ခတ်မှုတွေလုပ်ခဲ့လို့ မြို့ထဲ မှာ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ အဲဒီဒေသ အခြေအနေတွေကို VOA သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နယ် နှမဒါကျေးရွာအုပ်စု သဲမဝကျေးရွာမှာ ကုလားတန်မြစ်အတွင်းက ကျောက် တော် - ပလက်ဝကိုပြေးဆွဲနေတဲ့ အစိုးရပိုင် MV. ရတနာဝင်း ကုန်တင်ဇက် သင်္ဘောတစီးကို ဒီနေ့မနက်ပိုင်း မှာ လက်နက် ကိုင် အဖွဲ့တဖွဲ့ကနေ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ နှမဒါကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဇက်သင်္ဘောနဲ့ လာပို့တဲ့အချိန်မှာ ရခိုင့်တပ်မတော် AA က ဒီမနက် (၈) နာရီ (၄၅) လောက်ရှိမယ်။ အဲဒီမှာ ဝင်ပြီးတော့ဒီ ကုလားတန်မြစ်နား ကမ်းစပ်နားကနေ ပစ်တာ။ ဇက်လှေတော့ မီးလောင်သွားတယ်လို့ သိရ တယ်။ သဲမဝရွာအကြား မှာကို လက်နက်ကြီးတွေနဲ့ ပစ်ကြတာပေါ့။”

ဒီပစ်ခတ်မှုကြောင့် အနီးနားရွာ သဲမဝကျေးရွာဘက်ကိုလဲ လက်နက်ကြီး ကျည်ကျရောက်ခဲ့သလို ဖြစ်စဉ် အခြေအ နေ ကိုတော့ သဲမဝရွာသား ကိုမောင်ရွှေက အခုလိုပြောပြပါတယ်။

“သဘောၤမီးလောင်တာက သူတို့က လောင်ချာနဲ့ ကျည်ဆံနဲ့ တိုက်လိုက်တယ်။ ကုလားတန်မြစ် အနောက်ဘက်ကမ်းကဗျ။ ဟိုဘက်က ပလက်ဝတံတား အလုပ်ဆိုက်က ကုန်တင်သင်္ဘော။ သင်္ဘောကတော့ ပျက်စီး မှုကတော့ အခုထိ ဒီအတိုင်းဘဲ မီးလောင်နေတုန်းဘဲ။ မီးခိုး ထွက်နေတုန်းဘဲ။ အရပ်သားတွေက ထိခိုက်မှု တော့ မရှိဘူးဗျ။ လူတယောက်ဘဲ လောင်ချာရဲ့မိုင်း ထိတဲ့ဟာ ပုခုံးနားလေးမှာ နဲနဲလေးပွန်းရုံပဲ။ ရွာထဲမှာ လည်း လောင်ချာကျည် ၂ ခု လောက်ထိတယ်။ ရွာသားအားလုံးက အကုန်လုံး ကြောက်နေကြတယ်လေ။ ပြေးလွှားရင်းနဲ့ အိမ်ထဲမှာ ပုန်းနေကြတယ်။”

ဒီပစ်ခတ်မှုဟာ ရခိုင့်တပ်မတော် လက်ချက်လို့ ဒေသခံတွေက ယူဆနေကြသလို ရခိုင့်တပ်မတော်ဖက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေး တင်းမာနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ဦး မြို့အတွင်းမှာလည်း သောကြာနေ့ ညဘက် (၁၀) နာရီကနေ မိုးလင်းပေါက်အထိ ပစ်ခတ်မှု ဖြစ် ပွါးခဲ့တာပါ။

ပစ်ခတ်မှု အခြေအနေကိုတော့ မြောက်ဦးမြို့ ခံခိုင်မင်းသူက အခုလိုပြောပါတယ်။

“(၁၀) နာရီခွဲလောက်မှာပေါ့နော်။ မြောက်ဦး ရဲစခမ်းဘက်က စပြီးတော့ တိုက်တယ်ပေါ့။ လက်နက်ကြီး တွေပေါ့။ ပြီးတော့ ခမရ (၃၇၇) ရယ်၊ (၅၄၀) ရယ် နောက်ပြီးတော့ ခရိုင်ရဲတပ်ရင်းဌာနက အကုန်လုံး ပစ်ကြ တာပဲ။ ပစ်တယ်ဆိုတာလည်း ပြန်လည်ပစ်တာလည်း မဟုတ်ပါဘူး။ သူတို့ မြောက်ဦးမြို့ထဲကိုပဲ လက်နက် တွေ အကုန်လုံးကျတယ်။ အပျက်အစီးကျတော့ အိမ်တော်တော်များများ ရှိပါတယ်။ အိမ်တွေမှာ ပေါက်ပြဲ သွား တာတို့။ ကျည်တွေကျလို့ ပေါက်ပြဲသွားတာ နောက်ပြီးတော့ ဒဏ်ရာရတဲ့ သူလည်းရှိတယ်။ နောက်ပြီး မြောက်ဦးမြို့ ဘုရားစေတီတချို့ အနည်းအကျဉ်း ပျက်စီးသွားတာတွေ ရှိတယ်။ ညဉ့် ၁ နာရီ ၂ နာရီလောက် ကြတော့ ၁ ချက် ၂ ချက် သေနတ်သံတွေ ကြားရသေးတယ်။ ၄ နာရီ ၅ နာရီလောက်ကျတော့မှ သူတို့ မပစ် ကြ တော့ဘူး။”

ဒီပစ်ခတ်မှုဟာ တဖက်လက်နက်ကိုင်တပ်ဖွဲ့နဲ့ ၂ ဖက် အပြန်အလှန်ပစ်တဲ့ တိုက်ပွဲ ပုံစံမဟုတ်ဘဲနဲ့ ပစ်တာတွေ က လည်း မြို့ထဲကိုပဲ ကျနေတဲ့အတွက်ကြောင့် မြို့ထဲမှာရှိနေတဲ့ ဒေသခံတွေ အထူးကြာက်လန့်နေကြ တယ်လို့ ခိုင်မင်းသူက ဆက်ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ ပုံစံတော့မဟုတ်ဘူး။ တိုက်ပွဲဖြစ်ရင် အပြန်အလှန် ပစ်ကြမှာပေါ့။ တောတောင်ရှိတဲ့ နေရာတော့ မဟုတ်ဘဲ မြောက်ဦးထဲကိုဘဲ အကုန်လုံးပေါ့ လက်နက်တွေ အကုန်လုံး ပစ်ကြတယ်ဆိုတော့ တိုက် ပွဲဖြစ်တာ မဟုတ်ဘူး။ တပ်လှန့်တာထက် ပိုပါတယ်။ တပ်လှန့်တယ်ဆိုတာ အသံ ပေးရုံလောက်ပဲပေါ့နော်။ ဒေသခံတွေက အကုန်လုံးက ကြောက်ကြတယ်ပေါ့နော်။ ကျနော်တို့ ဒီဘက်မှာကျတော့ ကြားရတာ နည်း တာပေါ့နော်။”

ဒီလိုပစ်ခတ်မှု ဖြစ်စဉ်နဲ့ ပက်သက်လို့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် ကျောက်တော် ပုဏ္ဏားကျွန်း မြို့နယ်တွေဘက်မှာ ရခိုင့်တပ်မတော် AA နဲ့ မြန်မာ့ တပ်မတော်တို့အကြား စစ်ရေးပြင်းထန်စွာ ဖြစ်ပွါးနေသလို တိုက်လေယာဉ် သုံးပြီးတိုက်ခိုက်ရတဲ့ အထိ ဖြစ်ပွါးနေတာပါ။

ဒီလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲအကျိုးဆက်ကြောင့် ရခိုင်ပြည်နယ် (၅) မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့ နယ် ထဲမှာ စစ်ဘေး တိမ်းရှောင်နေတဲ့ ဦးရေ (၂၀၀၀၀) ခန့်ရှိနေပြီးလို့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တွေက ပြောပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */