Showing posts with label လူမျိုးရေးအရေးအခင်း. Show all posts
Showing posts with label လူမျိုးရေးအရေးအခင်း. Show all posts

Wednesday, May 27, 2026

စစ်တွင်းကာလနှင့်၁၉၄၂ခုနှစ်ရခိုင်ပြည်နယ်လူမျိုးရေးအရေးအခင်း ဖြစ်စဉ်အမှန်

   စစ်တွင်းကာလနှင့်၁၉၄၂ခုနှစ်ရခိုင်ပြည်နယ်လူမျိုးရေးအရေးအခင်း ဖြစ်စဉ်အမှန်

ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေသော အချိန်ကာလသည်အရေးကြီးသော အချိန်အခါဖြစ်သည်။ ပြည်သူ များ၏ အသက်အိုးအိမ် ဆုံးရှုံးမှု ပမာဏသည်လည်း နှိုင်းမရလောက်အောင် ကြီးမားခဲ့ပေသည်။ ၁၉၄၁ မှ ၁၉၄၆ခုနှစ်များ အတွင်း ရခိုင်ဒေသတွင်အုပ်ချုပ်ရေး ၃၊၄ မျိုးပြောင်းလဲပေါ်ပေါက်ခဲ့သည်။ ပြည်သူ အားလုံး တစ်နည်းမဟုတ် တစ်နည်း တော်လှန်ရေး အခတ်အခဲ ၊ စစ်ဘေးဒဏ် ၊ လူမျိုးရေး အဓိက ရုဏ်း၏ အနိဠာရုံများအလူးအလဲခံခဲ့ရပေ သည်။ တန်ဖိုးရှိသော လူသား အရင်း အမြစ်များ စတေးခံ ဘဝသို့တနည်း နည်းဖြင့် ရောက်ခဲ့ရသည်။ အထူး သဖြင့် မူဆလင် - ရခိုင် အဓိကရုဏ်း ကြောင့် ဖြစ်ပျက်ခဲ့လေသမျှ နိုင်ငံရေး လူမျိုးရေး ဆက်နွယ်နေပါသဖြင့် ရေး သားတင်ပြသူများ ဘက်တွင် ချဲ့ ကား မှု များ ဘက်လိုက် မှုများရှိခဲ့ကြောင်း တွေ့ ရသည်။

ဒေသတွင်းနေ လူမျိုးစုများကြားအပြန်အလှန်ယုံကြည်လေးစားမှုများ ဖြစ်တည်လာရေးနှင့် ငြိမ်း ချမ်းရေး ကို ရှေ့ရှု၍အတိတ်က ဖြစ်ပျက်ခဲ့သောထိုအနိဠာရုံများအား တင်ပြရာတွင် ဘက်လိုက်မှု မရှိဘဲအတတ်နိုင်ဆုံးအမှန်ကန် ဆုံး အသင့်တော်ဆုံး ပုံစံဖြင့် တင်ပြရန် လိုအပ်ပေသည်။ ထိုသို့တင်ပြရာတွင်လည်း အာဃတကြီးထွားပြီ ပဋိပက္ခ များ ထက်မှန်ဖြစ်ပေါ်စေနိုင်သော သွေးထိုးမြောက်ပင့်ပေးခြင်းမျိုး သက်ရောက်နိုင်သော အရေးအသားမျိုးကိုအတတ် နိုင်ဆုံး ရှောင်ကျဉ်းရမည် ဖြစ်ပေသည်။ ဤအကြောင်းကို ရခိုင်ရိုဟင်ဂျာပြည်သူအများ လက်ခံနိုင်ရေးကို ဦးတည်ပြီ ရခိုင်အမျိုးနိုင်ငံရေးခေါင်းဆောင် ဘုံပေါက်သာကျော်၏ ရေးသားချက်များနှင့် အစ္စရေးနိုင်ငံ သား moshe yegar မှတ် တမ်းများကိုကိုးကား၍ တင် ပြလိုပါသည်။

၁၉၄၁ ခုနှစ်ဦးပိုင်းတွင် B.I.A နှင့်ဂျပန်တပ်များသည် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်မြို များသို့ ရောက် ရှိလာပြီး စတင်ဗုံးကြဲချိန်မှလွဲ၍ အိန္ဒိယလူမျိုးပေါင်းစုံ တို့သည်ရရာ လမ်းကြောင်းများဖြင့် ပြည် တော် ပြန်ခဲ့ကြသည်။

 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */