စစ်တွင်းကာလနှင့်၁၉၄၂ခုနှစ်ရခိုင်ပြည်နယ်လူမျိုးရေးအရေးအခင်း ဖြစ်စဉ်အမှန်
ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေသော အချိန်ကာလသည်အရေးကြီးသော အချိန်အခါဖြစ်သည်။ ပြည်သူ များ၏ အသက်အိုးအိမ် ဆုံးရှုံးမှု ပမာဏသည်လည်း နှိုင်းမရလောက်အောင် ကြီးမားခဲ့ပေသည်။ ၁၉၄၁ မှ ၁၉၄၆ခုနှစ်များ အတွင်း ရခိုင်ဒေသတွင်အုပ်ချုပ်ရေး ၃၊၄ မျိုးပြောင်းလဲပေါ်ပေါက်ခဲ့သည်။ ပြည်သူ အားလုံး တစ်နည်းမဟုတ် တစ်နည်း တော်လှန်ရေး အခတ်အခဲ ၊ စစ်ဘေးဒဏ် ၊ လူမျိုးရေး အဓိက ရုဏ်း၏ အနိဠာရုံများအလူးအလဲခံခဲ့ရပေ သည်။ တန်ဖိုးရှိသော လူသား အရင်း အမြစ်များ စတေးခံ ဘဝသို့တနည်း နည်းဖြင့် ရောက်ခဲ့ရသည်။ အထူး သဖြင့် မူဆလင် - ရခိုင် အဓိကရုဏ်း ကြောင့် ဖြစ်ပျက်ခဲ့လေသမျှ နိုင်ငံရေး လူမျိုးရေး ဆက်နွယ်နေပါသဖြင့် ရေး သားတင်ပြသူများ ဘက်တွင် ချဲ့ ကား မှု များ ဘက်လိုက် မှုများရှိခဲ့ကြောင်း တွေ့ ရသည်။
ဒေသတွင်းနေ လူမျိုးစုများကြားအပြန်အလှန်ယုံကြည်လေးစားမှုများ ဖြစ်တည်လာရေးနှင့် ငြိမ်း ချမ်းရေး ကို ရှေ့ရှု၍အတိတ်က ဖြစ်ပျက်ခဲ့သောထိုအနိဠာရုံများအား တင်ပြရာတွင် ဘက်လိုက်မှု မရှိဘဲအတတ်နိုင်ဆုံးအမှန်ကန် ဆုံး အသင့်တော်ဆုံး ပုံစံဖြင့် တင်ပြရန် လိုအပ်ပေသည်။ ထိုသို့တင်ပြရာတွင်လည်း အာဃတကြီးထွားပြီ ပဋိပက္ခ များ ထက်မှန်ဖြစ်ပေါ်စေနိုင်သော သွေးထိုးမြောက်ပင့်ပေးခြင်းမျိုး သက်ရောက်နိုင်သော အရေးအသားမျိုးကိုအတတ် နိုင်ဆုံး ရှောင်ကျဉ်းရမည် ဖြစ်ပေသည်။ ဤအကြောင်းကို ရခိုင်ရိုဟင်ဂျာပြည်သူအများ လက်ခံနိုင်ရေးကို ဦးတည်ပြီ ရခိုင်အမျိုးနိုင်ငံရေးခေါင်းဆောင် ဘုံပေါက်သာကျော်၏ ရေးသားချက်များနှင့် အစ္စရေးနိုင်ငံ သား moshe yegar ၏ မှတ် တမ်းများကိုကိုးကား၍ တင် ပြလိုပါသည်။
၁၉၄၁ ခုနှစ်ဦးပိုင်းတွင် B.I.A နှင့်ဂျပန်တပ်များသည် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်မြို များသို့ ရောက် ရှိလာပြီး စတင်ဗုံးကြဲချိန်မှလွဲ၍ အိန္ဒိယလူမျိုးပေါင်းစုံ တို့သည်ရရာ လမ်းကြောင်းများဖြင့် ပြည် တော် ပြန်ခဲ့ကြသည်။
တောင်ကုတ်လမ်းကို ဖြတ်ကျော်ပြီး ရခိုင်ပြည်မှတဆင့် ကုန်ကြောင်း၊ရေကြောင်းဖြင့် ဘင်္ဂလာ နှင့် အိန္ဒိယသို့ထွက် ပြေးခဲ့ကြသည်။ဤအချိန်ကာလတွင် (စစ်ကြိုကာလတွင်)ရခိုင်ပြည်မြို့ကြီးများ၌ မင်းမဲ့စရိုက်လွှမ်းမိုးခဲ့သည်။ လု ယက်မှု တိုက်ခိုက်မှုများ လူသတ်မှုများ နေရာဒေသအနှံ့ ပြန့်နှံ့ သွားသည်။
ရခိုင်လူဦးရေးများသောဒေသများတွင် အယူသီးသော ရခိုင်လူငယ်များက ဦးဆောင် ဆောင်ရွက် ခြင်း ဖြစ်သည်။ဤအချိန်ကာလသည် အိန္ဒိယနိုင်ငံတွင်လည်း ဟိန္ဒူ – မူဆလင်လူမျိုးရေး မုန်းတီး မှုကြီး ထွားနေချိန် အပြန် အလှန် တိုက်ခိုက်နေချိန်လည်း ဖြစ်နေသည်။ ဒရိယသမဂ္ဂ၊ ဗြဟ်မူ သမဂ္ဂ တို့ ဦးစီး၍ မူဆလင်မုန်းတီးရေးစာအုပ် စာပေများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ဖြူး နေချိန်ဖြစ် ရာ၎င်းမှတဆင့် မြန်မာနိုင်ငံသို့လည်းလူမျိုးရေးပဋိပက္ခ ဂယက်ရိုက်ခတ်လာ ခြင်းမျိုးဖြစ်သည်။
ရခိုင်အမျိုးသားနိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဘုံပေါက်သာကျော်(မော်ကွန်းဝင်ပထမအဆင့်) ဆိုအရ ၁၉၄၂-ခုနှစ်ဦးတွင် ဗြိတိသျှအစိုးရ အိန္ဒိယသို့ ဆုတ်ခွါရာ ရခိုင်ပြည် အုပ်ချုပ်ရေးကို အရေးပိုင် ဦးကျော်ခိုင်(အိုင်စီးအက်စ်)အား စစ်ဥပဒေဖြင့်အုပ်ချုပ်ရန် အာဏာလွှဲအပ်ခဲ့သည်။
ဦးကျော်ခိုင် သည်မာရှယ်လောဖြင့်အုပ်ချုပ်ခဲ့သည်။ထိုအချိန်တွင်ပုံမှန်စစ်တပ်များလည်း ဆုတ်ခွါပြီး ရဲစခန်း ရဲတပ် ဖွဲ့ဝင် များတွင်သာ လက်နတ်ခဲ့ယမ်းများရှိသည်။ ရဲတပ်ဖွဲ့ဝင် အများစုမှာ ရခိုင်အမျိုး သားများဖြစ်ကြသည်။ အခြားတဖက်တွင်မြေပုံ၊မင်းပြား၊ မြောက်ဦး၊ ပေါက်တောမြို့နယ်များတွင် ရခိုင်အယူသီးများ ကဦးဆောင်၍စစ်အာ ဏာဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးများ ထူထောင်ခဲ့သည်။ ထို အစွန်းရောက်များအား ရခိုင်ဂုဏ်သရေရှိ သမာဓိလူကြီးများ၊ ပညာတတ်များဖြင့်ဖွဲ့စည်းထားသော ရခိုင်တိုင်း ရင်းသား ညီညွတ် ရေးအဖွဲ့က ထိန်းသိမ်း နိုင်စွမ်းမရှိခဲ့ချေ။
မြောက်ဦးမြို့နယ်ကိုဦးဂန္ဓာမာလည်းကောင်း၊မင်းပြားမြိုနယ်ကိုဦးသိန်းကျော်အောင်၊ဦးကျော်ယ၊ဦးပန်း အောင်တို့ကလည်းကောင်း၊ပေါက်တောမြို့နယ်ကိုဦးထွန်းလှအောင်ကလည်းကောင်း ငါ့မင်း ငါ့ချင်း စနစ်မာရှယ်လော စနစ်ဖြင့် အုပ်ချုပ်လျှက်ရှိသည်။
စစ်တွေ့၊ ဘူးသီးတောင်၊ မောင်းတောနယ်များမှအပရခိုင်ပြည်တစ်ပြည်လုံးတွင် ဗြိတိသျှ အုပ်ချုပ် ရေး ပျက်ပြားသွားသည်။ဗြိတိသျှ အုပ်ချုပ်ရေးကို ဆက်ခံသူ ဦးကျော်ခိုင်(အရေးပိုင်း) major က ထိန်းချုပ်ထား၍မရနိုင်တော့ချေ။အရေးပိုင်းဦးကျော်ခိုင်သည်အမြဲတမ်း အရက်မူးပြီး မာရှယ်လောဖြင့် ကြမ်းတမ်းစွာ အုပ်ချုပ်သူတစ်ဦးဖြစ် သည်။ ၁၉၄၂ ခုနှစ် မတ်လခန့်က မူဆလင်-ရခိုင် အဓိက ရုဏ်း မြေပုံမြိုနယ် ရက်ချောင်း၊ ပန်းခါး ၊ပိုင်း နှင့်မင်းပြားမြို့နယ် ပန်းမြောင်းကြီးမြိုတို့မှ စတင်ဖြစ် ပွားခဲ့ကြောင်းသိရသည်။
အစမထမတွင်နယ်ခံမူဆလင်များနှင့်ရခိုင်ခေါင်းဆောင်ပိုင်းအကြားအပြန်အလှန်တိုက်ခိုက်ခြင်းမပြုကြရန်ငြိမ် ချမ်း ရေး စာချုပ်တစ်ခု နိုင်ခဲ့သော်လည်း ၎င်းစာချုပ်သည် မကြာခင်ပျက်ပြားခဲ့သည်။
မြေပုံမင်းပြားနယ်များတွင်မူဆလင်(ရိုဟင်ဂျာ)ရွာများကိုမီးတင်ရှို့ခြင်း၊လူအများအပြားအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ဈေးဆိုင်များ လုယက်ခြင်း ပြုလာသဖြင့် ထိုနယ်များမှလူများသည် မြောက်ဘက် ကျောက်တော်မြို့သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။
ရခိုင်နိုင်ငံရေး ခေါင်းဆောင် ဘုံပေါက်သာကျော် အဆိုအရ ကျောက်တော်တွင် အဓိကရုဏ်းကို တား ဆီးရန် ဆရာကြီး ဦးသောကြာအောင်၊ဦးပညာသီဟနှင့်သူကိုယ်တိုင် ကြိုးစားခဲ့သော်လည်း မအောင် မြင်ခဲ့ချေ။စစ်သွေးကြွခေါင်းဆောင် သိန်းကျော်အောင်က ကုလား(၂၀၀)ကို သူတစ်သီးတည်းသတ်ဖြတ်ခဲ့ပြီး မောင်ကျော်ယက ကုလား ဦးရေ(၃၀၀)ကို တစ်ဦးတည်း သတ်ခဲ့သည် စသည်ဖြင့်ဂုဏ်တု ဂုဏ်ပြိုင် အသားယူနေခဲ့သည်ဟု ဆို၏။ မြေပုံ ၊မင်းပြားမှ စစ်ပြေး ရိုဟင်ဂျာများက ကျောက်တော် တွင် ခေါင်းတုတ်ရွာ အလယ်ကျွန်းကို အခြေခံ၍ ကန်ကတုတ်များပြုလုပ်ကာ ကျူးကျော်ရန်ကို ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း လက်နတ်ချင်းမမျှ၍ မအောင်မြင်ခဲ့ချေ။ ရိုဟင်ဂျာလူမျိုး အများ အပြား သတ်ဖြတ်ခံရပြီး ပုန်းအော င်ကျန်ရစ်နေသူ အချို့မှာ ဘူးသီးတောင် နယ်သို့ အသက်လု ထွက်ပြေးခဲ့ရသည်။
ဤနေရာတစ်ခုတည်းတွင် ရိုဟင်ဂျာလူမျိုး တစ်သောင်းခန့် သတ်ဖြတ်ခံခဲ့ရသည်ဟုဆို၏။ ရိုဟင်ဂျာ တို့တွင် တုတ်ဓါး နှင့် အရပ်လုပ်သေနတ်များသာရှိပြီး ရခိုင်တို့တွင် ရိုင်ဖယ်လ် သေနတ်များရှိ နေခြင်း ကြောင့် ဖြစ်သည်။
၎င်း ရိုင်ဖယ်လ် သေနတ်များကို အင်္ဂလိပ်အရေးပိုင်း ဦးကျော်ခိုင်သည် အစိုးရ ရဲခန်းရှိ ရဲတပ်ဖွဲ့ဝင်များမှ လည်းကောင်း၊ ဗြိတိသျှ ကရင်တပ်ဖွဲ့များ နေရပ်ပြန်ရာတွင် ရောင်းချခဲ့၍လည်း ရရှိခဲ့သည်ဟုဆိုကြသည်။ကရင်တပ်ဖွဲ့ဝင်များထံမှ ရိုင်ဖယ်လ်သေနတ်များနှင့် ခဲယမ်းမီးကျောက်များရရှိခဲ့ကြောင်းကို ဘုံပေါက်သာကျော်၏စာအုပ်တွင်အောက်ပါအတိုင်းဖေါ်ပြထားသည်ကိုတွေ့ရ သည်။
၁၉၄၂ ခုနှစ် မတ်လ (၂၃)ရက်နေ့ ဂျပန်တို့က စစ်တွေ့ကို ဗုံးကြဲရာတွင် ပလုတ်တောင် တန်လျားများမှခဲယမ်းမီးကျောက်များ ကျွန်တော်အလိုက်ယူခြင်း၊ကရင်သား စစ်တပ်များကိုဆွယ်ယူခြင်းစသည်တို့ကို ပြုပြီးစစ်တွေ ရွှေပြားတောင်ကို မောင်စိန်ထွန်းအိမ်မှ လောင်ချေချောင်းသို့ လေးပင်တပ်လှေဖြင့်စစ်ပြေးကရင်အမျိုးများနှင့် ကျည်ဆန်တို့ကို အခေါက်ခေါက်ပို့ပြီး။ ဤအချိန်ကာလသည် ဗြိတိသျှအစိုးရ ဆုတ်ခွါနေဆဲ ဂျပန်တပ်များ ဝင်လာနေစ အချိန်ဖြစ်သည်။ ဤလက်နတ်များဖြင့် ဆုတ်ခွါနေသူ ဗြိတိသျှတပ်ကို တိုက်ရန်မလိုအပ်ပေ။ လိုသည်ဟုဆိုလျှင်လည်း အင်အားရှိသော ဂျပန်တပ် နှင့် B.I.A တပ်များကသာ တိုက်ခိုက်မည်ဖြစ် သည်။ သို့ဖြင့်၍ ကရင်တပ်မှရ သော ဤလက်နတ်များ ကို မူဆလင် များအား တိုက်ခိုက် နှင်ထုတ်ရာတွင် အသုံး ပြု ခဲ့သည်ဟု သုံးသပ်မိပါသည်။
ဤအခြေအနေမျိုးကြောင့် ရခိုင်ပြည်အတွင်းဘက်မြို့များတွင် ရိုဟင်ဂျာမူဆလင် ဦးရေငါးသောင်း (၅၀၀၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော၊ ပေါက်တော ပုဏ္ဏား ကျွန်း မြို့နယ်များမှ ရိုဟင်ဂျာရွာပေါင်း နှစ်ရာ(၂၀၀)ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး လူပေါင်း နှစ်သိန်း(၂၀၀,၀၀၀)ကျော် မောင်းတော၊ ဘူးသီးတောင်နယ်များသို့ ၁၉၄၂ ခုနှစ် ဧပြီလနှင့် မေလ လောက်တွင် တောတောင်များကို ဖြတ်သန်းကျော်လွှာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဖြစ် သည်။
ထို့ကြောင့် လိုက်လံတိုက်ခိုက်နေသော ရခိုင်များသည် ရသေ့တောင်မြို့နှင့် ဘူးသီးတောင် အေ့ရှ ဘက်ခြမ်းမှ ကျော်လွန်၍ မထိုးဖေါက်နိုင်ခဲ့ချေ။ ဤအခါ ဘူးသီးတောင်မြို့နယ်တွင်ရခိုင်အချို့ သတ်ဖြတ်ခံရပြီး အများစုမှာ ရခိုင်ပြည်အတွင်းပိုင်းသို့ ထွက်ပြေးခဲ့ရသည်။ထိုသို့ထွက်ပြေး ရာတွင် ဘူးသီးတောင် ဆိပ်ကမ်း၌သင်္ဘောပေါ် အလုယက်တက်ရာ လူအဆမတန်များသွားပြီး သင်္ဘောနစ်မြုပ်သွားသဖြင့်လူ(၃၀၀)ကျော်ရေနစ်သေဆုံးခဲ့ရသည်။မောင်းတောမြို့နယ်တွင် အဓိကရုဏ်း အရှိန်ပြင်းထန်ခြင်း မရှိခဲ့ချေ။ မောင်းတောမြို့မှ ရခိုင်အမျိုးသားအများစု သည် တဖက်နိုင်ငံ အင်္ဂလိပ် အစိုးရ လက်အောက်သို့ ထွက်ပြေးခိုလှုံနေခဲ့သည်။ အင်္ဂလိပ်အစိုးရက ရခိုင်ဒုက္ခ သည်များကို ဘင်္ဂလာရှိ ဒိုင်နာစ်ဖူရ်စခန်းတွင်လည်းကောင်း ရခိုင်ပြည်နယ် အနယ်နယ်အရပ်ရပ်မှထွက်ပြေး ခိုလှုံလာသော ရိုဟင်ဂျာဒုက္ခသည်များကို ရောင်ဖူရ်စခန်းတွင်လည်းကောင်း နေရာချထားပေး၍ စောင့်ရှောက်ခဲ့ပေ သည်။
တချို့ကမူဆလင်ရခိုင်အဓိကရုဏ်းကို မူဆလင်များက ဗြိတိသျှရာရ်ပူတ်စစ်သားများထံမှ လက်နတ်ရ၍ စတင်ခဲ့သည်ဟုဆိုသည်။ ရာရ်ပူတ်များက မူဆလင်များအား လက်နတ်ပေးအပ်ခဲ့လျှင် မူ ဆလင်ဦးရေးများပြီး နယ်စပ်ကျသော မောင်းတော ဘူးသီးတောင်နယ်များမှသာ အဓိကရုဏ်း စတင်ရန်ရှိပါသည်။ ယခုမှာမူ ရခိုင်ဦးရေးများသော မြေပုံ၊ မင်းပြားမြိုနယ်များမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အဓိကရုဏ်စတင်ခဲ့သော၁၉၄၂ခုနှစ်ဦးပိုင်းတွင်ရာရ်ပူတ်စစ် သားများသည် စစ်တွေ့မြို့ပေးတွင်ရှိနေဆဲဖြစ်ကြောင်း ဘုံပေါက်သာကျော်က ၎င်း၏ တော်လှန်ရေး ခရီးဝယ်စာအုပ် တွင် ထင်ရှားစွာရေးသားထားသည်ကိုတွေ့ရသည်။
အဓိကရုဏ်းကာလ အိန္ဒိယဒုက္ခသည်စခန်းတွင် ရခိုင်တစ်သောင်း(၁၀,၀၀၀)ခန့်နှင့်ရိုဟင်ဂျာဒုက္ခသည် ခြောက်သောင်း(၆၀,၀၀၀)ကျော်ရှိခဲ့ပြီးစစ်ပြီးခေတ် မြန်မာနိုင်ငံအစိုးရ (ဗိုလ်ချုပ် အောင်ဆန်း အစိုးရ)ကစီစစ်၍ ဝင်ခွင့်လက်မှတ်များ ထုတ်ပေးကာ အဆိုပါ စစ်ပြေးဒုက္ခသည် ရခိုင်နှင့်ရိုဟင်ဂျာ များအားပြန်လည် လက်ခံခေါ်ယူပြီး ပြန်လည်နေရာ ချထားပေးခဲ့ပါသည်။ လွတ်လပ် ရေးရပြီးခေတ် ဝန်ကြီးချုပ်ဟောင်း ဦးနုအစိုးရလက်ထက်တွင်လည်း ခေးယူခဲ့ပါသေးသည်။ အချို့မှာမှု ဘင်္ဂလာဒေသတွင်ကျန်ရစ်ခဲ့ကြောင်းသိရသည်။ ဤအဓိကရုဏ်း ကာလအ တွင်း ရခိုင်ပြည်နယ် အတွင်းဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သူများ မိမိတို့၏မူလနေရပ်ပြန်ရန်အခွင့်အလမ်းမရခဲ့ဘဲ မောင်းတော၊ဘူးသီးတောင်နယ်များတွင်ထိုစဉ်မှစ၍ အခြေစိုက်နေထိုင်လာခဲ့ကြသည်။၎င်းတို့၏မူရွာများနှင့်လယ်များ၊ယာများနှင့်အိမ်များသည် ရခိုင်တို့၏လက်အောက်သို့ ရောက်ရှိခဲ့ရသည်။
No comments:
Post a Comment